ခေတ်မှီသူတိုင်းအတွက် ဒဿန (၅) ခု

blank

၁။ သင်မှန်တယ်ဆိုရင် ဒေါသမထွက်ပါနဲ့။ မှားတယ်ဆိုရင်လည်း ဒေါသထွက်နေတာက အပိုပါပဲ။

၂။ အတိတ်အကြောင်း မတွေးပါနဲ့။ ဝမ်းနည်းမှုတွေပဲ ရရှိလိမ့်မယ်။ အနာဂတ်အကြောင်း မတွေးပါနဲ့။ ပူပန်မှုတွေပဲ ရရှိလိမ့်မယ်။ လက်ရှိအချိန်ကိုပဲ အာရုံစိုက်ပါ။ ပေါ့ပါးပျော်ရွှင်မှုကို ရရှိပါလိမ့်မယ်။

၃။ မိသားစုအပေါ် မေတ္တာထားပါ။ သူစိမ်းတွေကို လေးစားပါ။ မိမိကိုယ်ကို ယုံကြည်ချက်ထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဘဝရဲ့ စမ်းသပ်မှုတွေက သင့်ကို ပိုကောင်းစေလိမ့်မယ်။ ဒါမှမဟုတ် လဲပြိုစေလိမ့်မယ်။ ပြဿနာတွေဆိုတာ သင့်ကို သန်မာစေဖို့ ဒါမှမဟုတ် ရိုက်ချိုးဖို့ရောက်လာတဲ့အရာတွေပဲဖြစ်ပါတယ်။ အောင်နိုင်သူအဖြစ်ခံမလား။ ကျရှုံးသူပဲ အဖြစ်ခံမလားဆိုတာကတော့ သင့်ရဲ့ ရွေးချယ်မှုပါပဲ။

၅။ လှပတဲ့မျက်နှာတစ်ခုကို မချစ်ပါနဲ့။ လှပတဲ့နှလုံးသားတစ်ခုကို မြတ်နိုးပါ။ လှပတဲ့အရာတိုင်းက မကောင်းမွန်နိုင်ပေမဲ့ ကောင်းမွန်တဲ့အရာတိုင်းကတော့ လှပနိုင်ပါတယ်။