နှလုံးသားလှတဲ့ မိန်းကလေးတစ်ယောက်ဆိုတာ

blank

၁။ လူတစ်ယောက်ရဲ့ တန်ဖိုးကို ငွေကြေးအဆင့်အတန်းတွေနဲ့ မသတ်မှတ်ဘဲ ကိုယ်ကျင့်တရားနဲ့ပဲ တိုင်းတာအကဲဖြတ်တတ်ကြတယ်။

၂။ စာနာနားလည်တတ်ပြီး အမှားတွေကို ခွင့်လွှတ်ပေးတတ်ကြတယ်။

၃။ ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အာဃာတတွေနဲ့ မကုန်တတ်ကြဘူး။

၎။ မေတ္တာတရားတွေကို တန်ဖိုးထားတတ်ပြီး လူတွေအားလုံးကို လေးလေးစားစားဆက်ဆံတတ်တယ်။

၅။ မိမိအပေါ်မှာ မကောင်းတဲ့သူတွေကိုတောင် အရေးကြုံလာတဲ့အခါ စိတ်အားထက်သန်စွာ ကူညီပေးလေ့ရှိတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ မိမိကိုယ်ကိုအပေါ်မှာကော သူတစ်ပါးတွေကိုပါ ရိုးသားကြတယ်။ လက်စားချေတာ၊ ခွန့်တုံ့ပြန်ရန်လိုတာတွေကို ရှောင်ကြဉ်တတ်ကြတယ်။

၇။ နာကျင်စရာတွေကို မျက်ရည်နဲ့ဖြေသိမ့်တတ်ကြပေမယ့် ပြန်လည်ရန်မူဖို့ ဝန်လေးတတ်ကြတယ်။

၈။ စိတ်သဘောထားနူးညံ့သိမ်မွေ့ပေမယ့် စိတ်ဓာတ်မာကြောကြတယ်။

၉။ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ ဘဝကို အကောင်းမြင်စိတ်နဲ့ ကျော်ဖြတ်တတ်ကြတယ်။

၁ဝ။ အခြေအနေတိုင်းမှာ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားတတ်တယ်။

စာချစ်သူရေ..

ဒီအချက်လေးတွေရှိတယ်ဆိုရင် သင်ဟာ နှလုံးသားလှသူတစ်ယောက်ဆိုတာ သေချာပါပြီနော်။ လောကဓံရဲ့ ဝဲဂယက်တွေကြားမှာ အကောင်းဆုံးတည်ဆောက်ထားနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ဒီစာစောင်လေးနဲ့ ဂုဏ်ပြုလိုက်ပါ။