စိတ်ဖိစီးမှုတွေကို ၃ဆပိုမိုမြန်ဆန်စွာ ဖယ်ရှားပေးနိုင်တဲ့ အရောင်က ဘာအရောင်လဲသိလား

blank

အရောင်တွေမှာလည်း လူ့စိတ်ကို လူတွေရဲ့စိတ်ကို ပိုပြီး အပန်းပြေစေနိုင်တယ်တဲ့။

ရိုးရိုးအဖြူရောင်မီးချောင်းနဲ့ ယှဉ်လိုက်ရင် မီးလုံးပြာပြာလေးအောက်မှာ ထိုင်နေခြင်းက စိတ်ဖိစီးမှုတွေ၊ စိတ်အမောတွေကို ၃ ဆပိုမို ပြေပျောက်စေတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

သူငယ်ချင်းမိတ်ဆွေတွေ၊ ချစ်သူတွေနဲ့ ပဋိပက္ခဖြစ်တဲ့အချိန်၊ ပြောင်းလဲပေးနိုင်တဲ့ အစွမ်းတွေရှိနေပါတယ်။ အခုပဲကြည့်လေ။ “အပြာရောင်မီး”က

ပြီးတော့ လုပ်စရာရှိတာတွေကို အချိန်မီမပြီးမှာစိုးလို့ အလောတကြီးလုပ်ရချိန်တွေမှာ စိတ်သက်သာရာရစေဖို့ အပြာရောင်မီးကို သုံးသင့်တယ်လို့လည်း သိရပါတယ်။ ဘာလို့လည်းဆိုတော့ အပြာရောင်မီးတွေက ပင်ပန်းနေတဲ့စိတ်ကို ပိုပြီးမြန်မြန်ဆန်ဆန် ပြေလျော့ပေါ့ပါးစေလို့ပါပဲ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်ထပ် လေ့လာချက်တစ်ခုမှာလည်း အရောင်ဖျော့ဖျော့သုတ်ထားတဲ့ နံရံတွေက အရောင်ရင့်ရင့်သုတ်ထားတဲ့ နံရံတွေထက်ပိုပြီး ကြည့်ရတာ မျက်စိရော၊ စိတ်ရော အေးချမ်းစေတယ်လို့ ဖော်ပြထားပါတယ်။ ပြီးတော့ အရောင်ဖျော့တွေက နှလုံးခုန်နှုန်းကို လျော့ကျစေတယ်လို့ သိရပါတယ်။

ဒါတင်မကသေးပါဘူး။ စိတ်ပညာရှင်တွေ၊ စိတ်ရာဂါကုဆရာဝန်တွေကလည်း စိတ်မူမမှန်တဲ့သူ၊ စိတ်ဓာတ်ကျနေသူတွေကို အရောင်တွေသုံးပြီး ကုသကြတာကို တွေ့ရပါတယ်။

သင်ရော… ဘာအရောင်ကို အကြိုက်ဆုံးလဲ။ စိတ်တွေ အရမ်းဖိစီးလာရင် အခန်းထဲမှာ အပြာရောင်မီးလေးထွန်းထားဖို့ မမေ့နဲ့နော်။

မကြာခဏ စိတ်ညစ်နေတတ်တဲ့သူငယ်ချင်းအတွက် SHARE ပေးလိုက်ပါနော်။