ဖေ့ဘုတ်သုံးစွဲသူအမျိုးအစား (၅) မျိုးရှိကြောင်း လေ့လာတွေ့ရှိရ

blank
၁။ လူမှုဆက်ဆံရေးတည်ဆောက်သူများ

ဒီလို အသုံးပြုသူတွေအတွက်ကတော့ facebook သုံးတဲ့အချိန်တွေဟာ လူမှုဆက်ဆံရေးအတွက် အသုံးပြုတဲ့ အချိန်တွေပါပဲ။ သူငယ်ချင်းတွေနဲ့ ပုံတွေတင်တယ်၊ မိတ်ဆွေတွေနဲ့ messenger ကနေ စကားပြောတယ်၊ လူမှုဆက်ဆံရေးကောင်းစေဖို့ like တွေ comment တွေ အများကြီး ပေးကြတယ်။ Facebook ကို အကျိုးရှိရှိအသုံးချတယ်။ စီးပွားရေးလုပ်ငန်းအတွက်ဈေးကွက်တွေ၊ events တွေ၊ အခွင့်အလမ်းတွေကို facebook ပေါ်ကနေ ရှာဖွေကြတယ်။ ပြီးတော့ ဝေးကွာနေတဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ facebook ပေါ်မှာ ဆက်သွယ်မျှဝေကြတယ်။

၂။ အတွေးအမြင်၊ ခံစားချက်တွေ တင်တတ်သူများ

ဒီလိုလူတွေအတွက်က facebook ဆိုတာ ဆက်သွယ်ရမယ့် နေရာတစ်ခုမဟုတ်ပါဘူး။ ခံစားချက်တွေ ဖွင့်ဟဖို့၊ အတွေးအမြင်တွေကို ဝေမျှဖို့၊ သဘောထားတွေကို ထုတ်ဖော်ဖို့အတွက် သုံးကြပါတယ်။ အမြင်ချင်းတူသူတွေနဲ့ ဆက်သွယ်တယ်။ လူမှုကွန်ရက်ကနေ လူတွေရဲ့ စိတ်ဝင်စားမှုကို လိုချင်ကြတယ်။ စိတ်ထဲမှာ မှန်တယ်ထင်ရင် ရေးတင်တတ်တယ်။ ဒါပေမဲ့သူတို့ရဲ့ facebook ဘဝမှာ လူသိများပြီး မိတ်ဆွေများသလောက် လက်တွေ့ဘဝမှာတော့ မိတ်ဆွေသူငယ်ချင်း ရှားပါးတတ်ကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ပုံတွေ မကြာမကြာတင်တတ်သူများ

ဘယ်သွားသွား၊ ဘယ်ရောက်ရောက်၊ ဘာလုပ်လုပ် အမြဲတမ်းကို ဓာတ်ပုံလှလှလေးရိုက်ပြီး facebook မှာ ခဏခဏ တင်တတ်သူတွေပေါ့။ ပုံအောက်က comment ကောင်းလေးတွေ၊ like အရေအတွက်တွေ များနေရင်ကို ပျော်နေတတ်တယ်။ ကိုယ့်ပုံတင်ရုံတင်မကပါဘူး။ တခြား ဖေ့ဘုတ်ဆယ်လီတွေရဲ့ timeline တွေထဲကိုဝင်ကြည့်ပြီး ဘယ်လို ဓာတ်ပုံလေးတွေရိုက်ရမယ်၊ ဘယ်လိုလေးရိုက်ရင် ပိုလှတယ်ဆိုတာတွေကိုပါ အမြဲမပြတ် ကြည့်ရှုနေတတ်ကြပါတယ်။ ဒီလိုမျိုးလူတွေက Facebook user တွေထဲမှာ အများဆုံးပါ။

၎။ စူးစမ်းစပ်စုကြသူများ

ဒီလို facebook user တွေက facebook ကို စူးစမ်းလိုစိတ်၊ စပ်စုချင်စိတ်သက်သက်နဲ့ပဲ သုံးကြပါတယ်။ ကိုယ်တိုင်က ဘာမှမတင်ပေမဲ့ သူများတွေဘာတွေတင်လဲ၊ ဘာတွေဖြစ်နေပြီလဲ၊ ဘယ်တွေသွားလဲဆိုတာကို တကူးတကဝင်ကြည့်ဖို့ facebook သုံးတဲ့သူတွေပါ။ Facebook ပေါ်မှာလည်း like တွေ၊ comment တွေ သိပ်မပေးတတ်ကြဘူး။ Facebook သုံးလို့သုံးနေမှန်းတောင် မသိသာပေမဲ့ သူတို့တွေက facebook ပေါ်ကနေ တိတ်တိတ်လေး စုံထောက်လုပ်နေတတ်ကြပါတယ်။

၅။ စာဖတ်ကြသူများ

သူတို့အတွက်ကတော့ facebook ဆိုတာ စာအုပ်တစ်အုပ်၊ သတင်းစာတစ်စောင်ပဲပေါ့။ နောက်ဆုံးရသတင်းတွေ၊ စိတ်ဝင်စားစရာအကြောင်းအရာကို သိဖို့ facebook ပုံမှန်သုံးကြတယ်။ ပြီးတော့ စာရေးကောင်းသူတွေနဲ့ အွန်လိုင်းမဂ္ဂဇင်းတွေက တင်တဲ့အကြောင်းအရာတွေကို ပုံမှန်ဖတ်ပြီး ဗဟုသုတရှာဖွေကြတယ်။

သင်ရော ဘယ်လို facebook user မျိုးလဲ။ Comment မှာ ဖြေသွားခဲ့ဦးနော်။