ဂန္ထဝင်သို့ အိတ်ဖွင့်ပေးစာ – (၂)

blank

မင်္ဂလာပါ ဂန္ထဝင် Admin ရှင့်…

ကျွန်မက တက္ကသိုလ်တက်နေဆဲ ကျောင်းသူတစ်ယောက်ပါ။ ကျွန်မက စာဖတ်အရမ်းပျင်းပါတယ်။ ဒါပေမယ့် ဂန္ထဝင်က စိတ်ဓာတ်ခွန်းအားစာစောင်တွေကိုတော့ ကြိုက်ပါတယ်။ စာအုပ်ဖတ်ဖို့ပျင်းတဲ့ ကျွန်မအတွက်စာတပုဒ်ဖတ်ရတာ အရမ်းကြာပါတယ်။ လိုင်းပေါ်မှာ သူငယ်ချင်းတွေ ရှယ်လို့ ဂန္ထဝင်ကို စဖတ်ဖူးပြီး အခုဆို လိုင်းသုံးတိုင်းဖတ်ပါတယ်။ လိုရင်းတိုရှင်းနဲ့ ရှင်းလင်းတဲ့စာတွေက ကျွန်မလို စာစဖတ်တဲ့သူအတွက် သိပ်အသုံးဝင်ပါတယ်။ အခုဆို ဂန္ထဝင်မဂ္ဂဇင်းကိုလည်း ဝယ်ဖတ်နေပါတယ်။ ကျွန်မစာရေးတော့ သိပ်မတတ်ပါဘူး။

ကဏ္ဍအစုံအလင်နဲ့ ဗဟုသုတရအောင် ရေးနေတဲ့ Admin ကို ကျေးဇူးတင်ပါတယ်။ လူငယ်တွေအတွက် စာကောင်းပေကောင်းတွေရေးသားတင်ဆက်ပေးနေတဲ့ ဂန္ထဝင် ဒီထက်မက အောင်မြင်ပါစေ။ ပျင်းလို့ဖတ်ရာကနေ တကယ်နှစ်သက်လာခဲ့တဲ့ ဂန္ထဝင်ကို အမြဲအားပေးနေမယ်နော်။

ဆက်လက်ပြီးတော့လည်း လူငယ်လေးတွေအတွက် စာပေကောင်းတာတွေ ရေးပေးပါဦးနော်။