အသက် ၃၅မပြည့်ခင် ငွေတကယ်စုမိစေမယ့် နည်းဗျူဟာများ

တစ်နှစ်ကုန်သွားပြန်ပြီနော်။ တစ်နှစ်တာလုံး ကုန်ကျစရာတွေကများ၊ ငွေကအလျဉ်မမီဘဲ ငွေစုဖို့စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေသလား။ မပူပါနဲ့။ သင့်ကို ငွေတကယ်စုမိစေမယ့် အကောင်းဆုံး ငွေစုနည်းလေးတွေကို ဂန္ထဝင်က မျှဝေလိုက်ပါတယ်နော်။

၁။ သုံးစွဲပြီး ငွေပိုလျှံမှမစုပါနဲ့။ စုပြီး ပိုတဲ့ငွေကိုသာ သုံးစွဲတာက ပိုစုဆောင်းမိစေပါတယ်။

၂။ ဝင်ငွေရဲ့ ၁၅၊ ဒါမှမဟုတ် ၂ဝ % ကို စတင်စုဆောင်းသွားပါ။ ဒါမှသာ ဝင်ငွေမြင့်မားလာတာနဲ့အမျှ စုဆောင်းငွေလည်း တိုးလာမှာဖြစ်ပါတယ်။

၃။ အိမ်ခြံမြေဝယ်ယူစုဆောင်းခြင်းနည်းလမ်းက ငွေကြေးသက်သက်ထက် ပိုခိုင်မာသလို အိမ်ခြံမြေကို အလကားမထားဘဲ ငှားရမ်းခြင်းအားဖြင့်လည်း ဝင်ငွေတိုးလာစေပါတယ်။

၎။ ၃လမှ ၆ လအတွင်းလက်ရှိတစ်လစာဝင်ငွေ ဖြစ်လာစေမယ့် ရာခိုင်နှုန်းကို ဖဲ့စုပါ။ ဒါမှသာ သတ် မှတ်ကာလပြည့်တဲ့အခါ တစ်လစာဝင်ငွေကို အလိုလိုစုဆောင်းမိမှာဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၅။ ငွေကို တစ်နေရာတည်းမှာမထားဘဲ အကျိုးအမြတ်ရနိုင်တဲ့နေရာတွေမှာ ခွဲဝေထားခြင်းဖြင့် ပိုမို စိတ်ချရသလို အမြတ်တွေလည်း တိုးလာနိုင်ပါတယ်။

၆။ ဝင်ငွေထွက်ငွေကို သေချာစာရင်းပြုစုထားပြီး ဝင်ငွေနဲ့ဟန်ချက်ညီတဲ့ ပမာဏကိုပဲ သတ်မှတ်သုံး ခြင်းကလည်း ငွေပိုစုဆောင်းမိစေပါတယ်။

ကဲ… သင်ကြိုက်တဲ့ငွေစုနည်းလေးကို ရွေးချယ်လို့ရပါပြီနော်။ သင့်လိုပဲ ငွေစုဆောင်းရတာ ဝါ သနာပါတဲ့ မိတ်ဆွေသူငယ်ချင်းတွေရှိရင်လည်း mention ခေါ်လိုက်ပါဦး။

SOURCEbusinessinhttp
SHARE