ဝိတ်ချနေသူများအတွက် စိတ်ဓာတ်ခွန်အားပေးစာစုများ

blank

၁။ ပထမဆုံးပြောချင်တာက ဝတ်ချချင်တာဟာ ကိုယ်ကာယပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ပါ။ ကိုယ့်စိတ်ကိုယ်နိုင်တယ်ဆိုမှ စပြီး ဝိတ်ချပါ။

၂။ သင့်ရဲ့စိတ်ဟာ သင့်ခန္ဓာကိုယ်မှာ အသန်မာဆုံးကြွက်သားဖြစ်သလို သင့်ရဲ့ အဆိုးဆုံးရန်သူလည်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို မလေ့ကျင့်ခင် စိတ်ကိုအရင် ပုံသွင်းပါ။

၃။ ကျန်းမာကျစ်လျစ်ဖို့ လေ့ကျင့်ခန်းလုပ်ပါ။ ပိန်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ အာဟာရပြည့်ဝအောင် စားပါ။

၎။ သင့်ကို မုန်းသူတွေ၊ မယုံကြည်သူတွေ၊ အထင်သေးသူတွေ၊ ပြီးတော့ မကောင်းတဲ့ဥပမာတွေကို လျစ်လျူရှုလိုက်ပါ။

၅။ ဝိတ်ချဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာမဟုတ်ပါဘူး။ ဝိတ်ကျဖို့က ခက်ခဲတာမှန်ပါတယ်။ ဒါပေမဲ့ “ခက်ခဲတယ်” ဆိုတာနဲ့ “မဖြစ်နိုင်ဘူး” ဆိုတာ မတူပါဘူး။

၆။ ကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်မယ်ဆိုတာ သင်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။

၇။ ထိုင်နေရုံနဲ့တော့ သင်လိုချင်တဲ့ ခါးသေးသေးလေးတွေ၊ လုံးဝန်းတဲ့တင်ပါးလှလှလေးတွေ၊ သွယ်လျတဲ့ ပေါင်တံလေးတွေ ရမလာနိုင်ဘူးဆိုတာ သိထားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ ဒီခန္ဓာကိုယ်ဖြစ်လာဖို့ နှစ်ပေါင်းများစွာစားလာခဲ့သလိုပဲ ဒီခန္ဓာကိုယ်ကို ပြန်ပြီးသွယ်လျစေဖို့ ကြိုးစားမှုနဲ့ အချိန်ကာလ လိုအပ်ပါတယ်။

၉။ အတိတ်က သင့်နေထိုင်စားသောက်မှုနဲ့ ခန္ဓာကိုယ်ကို မပြောင်းလဲနိုင်ပေမဲ့ ဒီနေ့ သင့်နေထိုင်စားသောက်မှုနဲ့ ခန္ဓာကိုယ်ကို သင်ပြောင်းလဲနိုင်ပါတယ်။

၁ဝ။ တစ်သက်လုံး ကျစ်လျစ်သွယ်လျဖို့ကတော့ တစ်သက်လုံးအတွက် စားသောက်နေထိုင်မှုပုံစံကို ပြောင်းပစ်လိုက်မှ ရမှာပါ။

၁၁။ ဝိတ်ချရင်း လက်လျှော့ဖို့ တွေးမိနေပြီဆိုရင် “ငါဘာလို့ ဒီလို ဝိတ်ချချင်ရတာလဲ” လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

၁၂။ သင့်ကိုယ်သင် အစားအသောက်နဲ့ ဆုမချပါနဲ့။ သင့်ကိုယ်သင် ဆုချချင်တယ်ဆိုရင် သင့်ထက် size ပိုသေးတဲ့ အင်္ကျီလှလှလေးတစ်ထည် ဝယ်လိုက်ပါ။

၁၃။ ယုံပါ။ သင်ဟာ သင့်ကိုယ်သင်ထင်ထားတာထက်ပိုပြီး စိတ်ဓာတ်ခိုင်မာပြီး စွမ်းဆောင်နိုင်ပါတယ်။

၁၄။ ပင်ပန်းမှုဒဏ်ကို မခံနိုင်ရင် နောင်တတရားရဲ့ ဒဏ်ကို ခံရလိမ့်မယ်။

၁၅။ လေ့ကျင့်ခန်းလုပ်တာတောင် ဝိတ်မကျလို့ တစ်ခုခုကို သံသယဝင်မယ်ဆိုရင် သင်စားနေတဲ့ အစားအစာတွေကို အရင်ဆုံး သံသယဝင်ပါ။

၁၆။ အချိုလျှော့စားပါ။ သင့်နှုတ်ခမ်းလေးတွေက ချိုပြီးသားပါ။

၁၇။ ဆက်ပြီး မကြိုးစားချင်လောက်အောင် ပင်ပန်းနေပြီလား။ အလွယ်တကူလက်လျှော့ချင်စိတ်ကို ဝေးဝေးမောင်းထုတ်လိုက်ပါ။

၁၈။ အဆီအဆိမ့်တွေကို တစ်ခဏတာမက်မောမိရင် လှပတဲ့ခန္ဓာကိုယ်ကို တစ်ဘဝစာ တောင့်တနေရလိမ့်မယ်။

၁၉။ သင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ သင့်ခန္ဓာကိုယ်ကို ပြောင်းလဲမပေးနိုင်ပါဘူး။

၂ဝ။ “စိတ်ဓာတ်ခွန်အား” ဆိုတာ စတင်ကြိုးစားစေတဲ့အရာပါ။ “အမူအကျင့်” ဆိုတာကတော့ ဆက်ပြီးကြိုးစားစေတဲ့အရာပါ။

၂၁။ အောင်နိုင်သူဆိုတာ မကျရှုံးဖူးတဲ့သူကို ဆိုလိုတာမဟုတ်ပါဘူး။ ဘယ်တော့မှ လက်မလျှော့တဲ့သူကို ဆိုလိုတာပါ။

၂၂။ “စတေးတယ်” ဆိုတာ ပိုကောင်းတဲ့အရာအတွက် ကောင်းတဲ့အရာတွေကို စွန့်လွှတ်ခြင်းပါပဲ။

၂၃။ သင်လိုချင်တာကို ရမှာ မဟုတ်ဘူး။ သင်ကြိုးစားရယူတဲ့အရာကိုပဲ သင်ရနိုင်မှာပါ။

၂၄။ သင်ကိုယ်တိုင်က ပြောင်းလဲမှုတွေမလုပ်နိုင်သေးရင် သင့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ဘာစောဒကမှ မတက်ပါနဲ့။

၂၅။ ရယူဖို့ အစီအစဉ်မရှိတဲ့ပန်းတိုင်ဆိုတာ “ဆန္ဒ” သက်သက်ပါပဲ။

ဝိတ်ချနေတဲ့သူတွေကို mention ခေါ်လိုက်ပါဦး။ သင်ကိုယ်တိုင် ဝိတ်ချမယ်ဆိုရင်တော့ SHARE လိုက်ပါဦးနော်။