အိပ်ရာဝင်နောက်ကျခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းက အသည်းကင်ဆာဖြစ်ပွားစေနိုင်

blank

          ညနေခင်းတစ်ခုမှာပေါ့။ အသက် ၂၃ နှစ်အရွယ်လူနာမိန်းကလေးတစ်ယောက် ဆေးရုံကို အပြေးအလွှားရောက်လာတယ်။ သူ့ရဲ့ ဗိုက်က ဖောင်းကားနေလိုက်တာများ မသိရင် ကိုယ်ဝန်ရှိနေတဲ့အတိုင်းပဲ။ ဆေးရုံက ဆရာဝန်တွေဝိုင်းဝန်းကုသကြပေမဲ့ အချိန်မမီတော့ပါဘူး။ နောက်ဆုံးထွက်သက်အထိ “ဗိုက်နာတယ်” လို့ညည်းရင်း သေဆုံးသွားခဲ့ပါတယ်။

သူမကို အသက်ဆုံးတဲ့အထိ ဖြစ်စေခဲ့တာဟာ “ကြောက်စရာအသံတိတ်လူသတ်သမား”လို့ တင်စားရတဲ့ “အသည်းကင်ဆာ” ပါပဲ။ သူမ မသေဆုံးခင် ၃ လခန့်ကမှ ဆေးရုံကိုရောက်လာပြီး ဆေးစစ်မှုခံယူခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမရဲ့ အသည်းကင်ဆာဟာ အဆင့် (၄) ထိ ရောက်နေခဲ့ပါပြီ။ တကယ်လို့ သူမရဲ့ရောဂါကို စောစောကြိုသိပြီး ကုသမှုခံယူခဲ့မယ်ဆိုရင် ဒီလိုအသက်အန္တရာယ်စိုးရိမ်စရာ မရှိပါဘူး။

အသည်းကင်ဆာဆိုတာ လူကြီး၊ လူငယ်၊ ကျားမ မရွေး ဖြစ်တတ်တဲ့ ကြောက်စရာရောဂါကြီးပါ။ အသည်းထဲကစိမ့်ထွက်လာတဲ့ရေတွေဟာ ဝမ်းဗိုက်ခေါင်းထဲမှာ ပြည့်နေပြီး ရေဖျဉ်းဆွဲသလိုဖြစ်နေတတ်တယ်၊ ဝမ်းဗိုက်ထဲကနေ မခံမရပ်နိုင်အောင် နာကျင်တတ်တယ်၊ မကြာခဏ ဖျားနာတယ်ဆိုတာတွေဟာ အသည်းကင်ဆာရဲ့ ယေဘုယျလက္ခဏာရပ်တွေပေါ့။

ဒီလိုကြောက်စရာကောင်းတဲ့ရောဂါဟာ အရက်သောက်မှ၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားမှ ဖြစ်တာမဟုတ်ပါဘူး။ ကျွန်မတို့သတိမထားမိဘဲ နေ့စဉ်ပြုမူနေတဲ့ အကျင့်ဆိုးတွေကနေ ကာလကြာလာတဲ့အခါ ဘေးထွက်ဆိုးကျိုးဖြစ်ရတာပါ။

အသည်းကင်ဆာ ဖြစ်စေတဲ့ အဓိကအကြောင်းရင်းကြီး (၂) ရပ်ရှိပါတယ်။
၁။ အိပ်ရာဝင်နောက်ကျခြင်း။

ညဘက်နောက်ကျမှအိပ်တာတွေက ခန္ဓာကိုယ်ရဲ့ သဘာဝနာရီကို ထိခိုက်စေပြီး ဟော်မုန်းဖြစ်ပွားမှုကို ဆိုးကျိုးဖြစ်စေပါတယ်။ ဒါတင်မကသေးဘူး… အသည်းရဲ့ ညဘက်ပြန်လည်ကုစားမှုကိုလည်း ထိခိုက်စေပါတယ်။

တစ်နေ့တာလုံး စားသောက်သမျှရဲ့ အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေကို လက်ခံထားရတဲ့ အသည်းဟာ အိပ်စက်နေချိန်မှာ ကိုယ့်ကိုယ်ကိုပြန်လည်ကုစားပါတယ်။

တကယ်လို့ ကျွန်မတို့ အိပ်ရာဝင်နောက်ကျလိုက်တဲ့အခါမှာ အသည်းက အဆိပ်အတောက်တွေ ဖယ်တာ၊ ဆဲလ်အသစ်ပြန်ဖြစ်တာတွေကို ပြည့်ပြည့်ဝဝ မလုပ်ဆောင်နိုင်တော့ဘဲ ခန္ဓာကိုယ်အတွင်းမှာ အဆိပ်တွေစုပုံလာစေပါတယ်။

ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါမှာ အသည်းရဲ့ ဆဲလ်တွေက ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းသွားပြီး တခြားကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေပါတော့တယ်။     ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများခြင်းနဲ့ စိတ်ဓာတ်ကျခြင်း။

အချိန်ကြာမြင့်စွာ စိတ်ဓာတ်ကျတာ၊ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေများလွန်းတာကလည်း အသည်းကို ထိခိုက်ပျက်စီးစေပါတယ်။ ပြီးတော့ သွေးလည်ပတ်မှုကို ပုံမမှန်ဖြစ်စေပြီး တခြားကျန်းမာရေးပြဿနာတွေ ပိုဖြစ်စေပါတယ်။

ဒါကြောင့် ဆရာဝန်တွေ၊ ကျန်းမာရေးပညာရှင်တွေက

  • အိပ်ရေးဝဝအိပ်ဖို့
  • ကျန်းမာရေးနဲ့ ညီညွတ်စွာစားဖို့
  • ရေများများသောက်ဖို့
  • စိတ်ကို ကြည်လင်ပေါ့ပါးအောင်နေဖို့
  • ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့

အမြဲတမ်း သတိပေးမှာကြားနေတာပေါ့။

ရောဂါတစ်ခုဖြစ်လာရင် တကယ်မလွယ်ပါဘူး။ အချိန်ကုန်၊ ငွေကုန်၊ လူပန်းရတဲ့အပြင် စိတ်လည်းဆင်းရဲရပါတယ်။ ဖြစ်ပြီးမှ ပျောက်အောင်ကုတာနဲ့ မဖြစ်အောင် ကြိုတင်ကာကွယ်တာ ဘယ်ဟာကပိုကောင်းလဲဆိုတာ စာဖတ်ပရိသတ်ကြီးတို့ သိမှာပါ။ ဒီတော့ ဒီလိုကြောက်စရာကောင်းတဲ့ အသည်းကင်ဆာအပြင် အခြားရောဂါတွေမဖြစ်အောင် ကျန်းမာရေးနဲ့ညီညွတ်စွာနေပြီး ကြိုတင်ကာကွယ်လိုက်ရအောင်လားရှင်။

ညဘက်နောက်ကျမှအိပ်တတ်သူတွေအတွက် မှတ်သားစရာ ကျန်းမာရေးစာစောင်လေးကို SHARE ပေးလိုက်ပါဦးနော်။