ရာသီခွင်အလိုက် အသည်းကွဲတတ်တဲ့အကြောင်းရင်းလေးတွေ…

blank
၁။ မိဿရာသီဖွား (Aries ) မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ပုံမှန်အားဖြင့် ကြင်နာတတ်သူဖြစ်ပေမဲ့ သွေးအေးလွန်းတဲ့အကျင့်ကြောင့် သင့်ချစ်သူက သူ့အ ပေါ် သင်တကယ်မချစ်ဘူးလို့ အမြဲသံသယဝင်နေရတတ်ပါတယ်။ သင်ကလည်း ဖြေရှင်းဖို့ မကြိုးစား တတ်တာကြောင့် လမ်းခွဲရတဲ့အထိ ပြဿနာတွေကြီးလာတာဖြစ်ပါတယ်။

၂။ ပြိဿရာသီဖွား (Taurus ) ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

သစ္စာတရားကြီးမားခြင်းက ပြိဿရာသီဖွားတွေရဲ့ပြယုဂ်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ခေါင်းမာ တယ်။ မှန်တယ်ထင်ရင် တစ်လောကလုံးနဲ့ရင်ဆိုင်ရလည်း မကြောက်တတ်တဲ့အတွက် ချစ်သူနဲ့ ထိပ် တိုက်ငြင်းခုံရတာခဏခဏပါပဲ။ ကြာလာတဲ့အခါမှာ နှစ်ဦးသားကြား အက်ကြောင်းတွေများလာပြီး အ ချစ်ရေးလည်း ပြိုကွဲပျက်စီးရပါတယ်။

၃။ မေထုန်ရာသီဖွား (Gemini) မေလ(၂၂)မှ ဇွန်လ (၂၁)ရက်အတွင်း မွေးဖွားသူများ

မေထုန်ရာသီဖွားတွေဟာ စိတ်လွတ်လပ်မှုကို အလွန်တန်ဖိုးထားမြတ်နိုးသူတွေပါ။ သင်ဟာ ကိုယ့်ရဲ့ကိုယ်ပိုင်ခံစားမှုကို အလေးထားတတ်လွန်းတာကြောင့် တစ်ခါတရံမှာ ချစ်သူကို ဂရုမစိုက်မိ သလို ဖြစ်နေပါတယ်။ ဦးစားပေးမခံရတာကြာလာတဲ့အခါ ချစ်သူနဲ့အဆင်မပြေတော့ပါဘူး။

၎။ ကရကဋ်ရာသီဖွား (Cancer) ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

စိတ်ရင်းကောင်းပြီး ကြင်နာတတ်တာက ကရကဋ်ရာသီဖွားတွေပါပဲ။ ဒါပေမဲ့လည်း သင်က ကပ်စေးနှဲပြီး ချွေတာစီစစ်လွန်းတဲ့အတွက် လူတိုင်းနဲ့အံဝင်ခွင်ကျအဆင်ပြေဖို့ မလွယ်ကူပါဘူး။ သင့် ချစ်သူနဲ့လည်း ဒါကြောင့်ပဲ လမ်းခွဲရတာဖြစ်ပါတယ်။

၅။ သိဟ်ရာသီဖွား (Leo)  ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

သစ္စာရှိသလောက် မာနကြီးတာက သိဟ်ရာသီဖွားတွေပါပဲ။ ဘယ်တော့မှ မလိမ်ညာတတ်သ လို အမှန်တရားကိုရဖို့ဆိုရင်လည်း ခေါင်းမာမာနဲ့ တောင်းဆိုတတ်ပါတယ်။ ဒါကြောင့် တော်ရုံချစ်သူ တွေက သင့်ဒဏ်ကိုမခံနိုင်ဘဲ လမ်းခွဲသွားကြတာဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကန်ရာသီဖွား (Virgo ) သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်းမွေးဖွားသူများ

နေရာတကာမှာ သိချင်စိတ်နဲ့ စေ့စေ့စပ်စပ်စူးစမ်းတတ်တာ ကန်ရာသီဖွားတွေရဲ့လက္ခဏာပါ ပဲ။ သင့်ချစ်သူအပေါ်မှာလည်း သဝန်တိုစိတ်နဲ့အမြဲမျက်စိဒေါက်ထောက်ကြည့်နေတတ်ပါတယ်။ ကြာ လာတဲ့အခါ ချစ်သူက မွန်းကြပ်လာပြီး သင့်အပေါ် စိတ်ပျက်စွန့်ခွာသွားတာပါ။

၇။ တူရာသီဖွား (Libra) စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

လူတိုင်းကို တော်တော်နဲ့စိတ်တိုင်းမကျတတ်တာ တူရာသီဖွားတွေရဲ့စရိုက်ပါပဲ။ သင်က ရှေ့ရေးကို တွေးပူတတ်တယ်။ အရာရာကို ကြိုတင်ပြင်ဆင်လိုစိတ်နဲ့ ချစ်သူကိုပါ တွန်းအားပေးမိ တယ်။ ဒါဟာ သင့်ချစ်သူကို ဝေးဝေးထွက်ပြေးသွားစေတဲ့အချက်ပါပဲ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio) အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

ချစ်ခင်ကြင်နာစိတ်အားကြီးတာက ဗြိစ္ဆာရာသီဖွားတွေရဲ့စိတ်နေစိတ်ထားပါပဲ။ ဒါပေမဲ့လည်း ချစ်တဲ့သူနဲ့ပတ်သက်လာရင် သဝန်တိုစိတ်လည်း ကြီးမားတယ်။ သင့်ရဲ့သဝန်တိုစိတ်က အချစ်ရေး အတွက်တော့ မကြာခဏပြဿနာတက်စရာအကြောင်းရင်းပါပဲ။

၉။ ဓနုရာသီဖွား (Sagittarius)နိဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ    

သဘာဝတရားကို နှစ်သက်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ရာသီဖွားတွေကတော့ ဓနုရာသီ ဖွားတွေပါ။ ဓနုရာသီဖွားတစ်ဦးဖြစ်တဲ့သင်ဟာ ပျော်ပျော်နေတတ်ပြီး အစအနောက်လည်း သန်ပါ တယ်။ “ကျီစားသန်ကရန်များ၏” ဆိုတဲ့အတိုင်း စနောက်ကျီစယ်တတ်တဲ့သင့်အကျင့်ကပဲ သင့်အချစ် ရေးကို ထိခိုက်စေတာပါ။

၁ဝ။ မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ (၂၂) မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

လူတွေကို လွယ်လွယ်နဲ့မယုံကြည်တတ်တာက မကာရရာသီဖွားတွေရဲ့စရိုက်ပါပဲ။ ချစ်သူအ ပေါ်လည်း အပြည့်အဝ မယုံကြည်တတ်တဲ့အတွက် နှစ်ယောက်သားကြားမှာ သံသယတွေနဲ့ က တောက်ကဆဖြစ်ရပါတယ်။ အဲ့ဒီအကျင့်ကြောင့်ပဲ ချစ်သူနဲ့လမ်းခွဲရတာပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius) ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်းမွေးဖွားသူများ

“ပျော်ပျော်နေသေခဲ” ဆိုတဲ့ထုံးကို နှလုံးမူထားတာကတော့ ကုမ်ရာသီဖွားတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတရံ ဇီဇာကြောင်လာရင်လည်း သင့်ကို ဘယ်သူမှမမီပါဘူး။ အကြောင်းမရှိအကြောင်း ရှာရစ်တတ်တဲ့အတွက် သင့်ချစ်သူစိတ်ညစ်ရပါတယ်။ အဲ့ဒီပြဿနာကြောင့် လမ်းခွဲရတာပါ။

၁၂။ မိန်ရာသီဖွား (Pisces) ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

လူတိုင်းအပေါ် တော်ရုံနဲ့စိတ်တိုင်းမကျတတ်ဘဲ ကိုယ့်အားကိုယ်ကိုးတတ်တာ မိန်ရာသီဖွား တွေပါ။ ချစ်သူကို အကောင်းဆုံးဖြစ်စေချင်စိတ်နဲ့ တိုက်တွန်းပေးတတ်တဲ့သင့်ကို ချစ်သူက စိတ် ပျက်ရပါတယ်။ အဲ့ဒီအကျင့်နဲ့ အချစ်ရေးအဆင်မပြေဖြစ်ရတာပါ။

တိုက်ဆိုင်မှုလေးတွေပါနေရင် SHARE လိုက်ပါဦးနော်။