၂ဝ၁၉ အတွက် သင့်ကိုယ်သင် မဖြစ်မနေပြန်မေးရမယ့် မေးခွန်း (၁၈)ခု

blank

           နှစ်သစ်ဆိုတာ ပြက္ခဒိန်တစ်ခုဟောင်းသွားပြီး ပြက္ခဒိန်အသစ်တစ်ခုပြောင်းချိတ်ရုံပဲလို့ ထင်နေတာလား။ ဒါဆိုရင် မှားသွားပြီနော်။ နှစ်သစ်ဆိုတာ လူတစ်ယောက်ရဲ့စိတ်ဓာတ်နဲ့ အကျင့်တွေကို ပိုမိုကောင်းမွန်ပြီး စိတ်သစ်လူသစ်နဲ့ကြိုးစားနိုင်အောင် စိတ်ခွန်အားပေးတဲ့အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်။

ဒီတော့ နှစ်သစ်မှာ ပိုကောင်းအောင်ကြိုးစားမယ်လို့ သင်တွေးထားပါသလား။

ဒီလိုတွေးထားတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့မေးခွန်းလေးတွေကို အရင်ဆုံးဖြေကြည့်လိုက်ပါ။

၁။ သင်က ဘယ်သူလဲ။

၂။ သင်ဘာအတွက်ကြောင့် ဒီလောကကြီးမှာ ရှင်သန်နေတာလဲ။     

၃။ သင်နာကျင်မောပန်းစွာ ကြိုးစားရယူနေတဲ့အရာက သင့်နာကျင်မှုနဲ့ ထိုက်တန်လို့လား။

၎။ သင်လုံးဝလက်မလျှော့ဘဲ အရယူမယ့်အရာက ဘာလဲ။

၅။ သင် အမြဲလိုလို ကြိုးစားရှောင်ကြဉ်နေတဲ့အရာက ဘာလဲ။

၆။ သင်နေ့တိုင်း အပိုင်တွက်ထားမိတဲ့အရာက ဘာလဲ။

၇။ သင်အခု ဘယ်အရာကို အလိုအပ်ဆုံးဖြစ်နေလဲ။

၈။ ပတ်ဝန်းကျင်ဆိုတာကြီးသာမရှိရင် အခုအချိန်မှာ သင်ဘာကို ချက်ချင်းလုပ်ဖြစ်မှာလဲ။

၉။ သင့်ဆီကနေ ဘယ်သူကမှ လုမယူ၊ ခိုးမယူနိုင်တာ ဘာလဲ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁ဝ။ အခုအချိန်မှာ တစ်ယောက်ယောက်ကို ခွင့်လွှတ်ပါဆိုရင် ဘယ်သူ့ကို ခွင့်လွှတ်မှာလဲ။

၁၁။ အခုအချိန်မှာ သင့်ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်မယ့်အရာက ဘာလဲ။

၁၂။ သင်ချစ်တဲ့သူတွေရဲ့ စိတ်ထဲမှာ သင်နဲ့ပတ်သက်ပြီး ဘယ်လိုအတွေးမျိုးချန်ထားခဲ့ချင်လဲ။

၁၃။ တိုတောင်းလွန်းတဲ့ ဘဝမှာ သင်စိတ်ရှည်သည်းခံစွာ မစောင့်စားနိုင်တဲ့အရာက ဘာလဲ။

၁၄။ သင့်ကိုအမြဲကြောက်လန့်စေတဲ့အရာက ဘာလဲ။

၁၅။ တစ်သက်လုံး မမေ့မပျောက် အမှတ်ရသွားချင်တဲ့အရာက ဘာလဲ။

၁၆။ သင်အမြဲတမ်း မျှော်လင့်နေရတဲ့အရာက ဘာလဲ။

၁၇။ အချိန်ကုန်တာ မြန်လွန်းတယ်ဆိုတာအကြောင်း သင့်ကို ဘယ်အရာက သတိပေးခဲ့တာလဲ။

၁၈။ လူတိုင်းလူတိုင်း မသေဆုံးခင် ပြောသင့်တဲ့စကားက ဘယ်စကားလို့ထင်ပါသလဲ။

ဒီမေးခွန်းလေးတွေကို လူတွေသိအောင်ဖြေပြစရာမလိုပါဘူး။ သင်တစ်ယောက်တည်း၊ သင့်စိတ်က၊ သင့်နှလုံးသားကသိဖို့ ဖြေပေးလိုက်။ ဒီမေးခွန်းလေးတွေကို နက်နက်နဲနဲစဉ်းစားပြီး ဖြေလေလေ၊ ၂ဝ၁၉ နှစ်သစ်အတွက် သင့်စိတ်တွေ ပိုမိုကြိုးစားချင်စိတ်ဖြစ်ပြီး ပြုပြင်သင့်တဲ့အကျင့်တွေ၊ မွေးမြူသင့်တဲ့အကျင့်တွေကို ပိုသိလာလေဖြစ်လာမှာပါ။

ဒီမေးခွန်းလေးတွေကြောင့် သင်စိတ်ခွန်အားတက်ရတယ်ဆိုရင် like and share လုပ်သွားလိုက်ပါ။