ဆောင်းရာသီမှာနေ့တိုင်းရေမချိုးပေမယ်…..

blank

စာချစ်သူတို့ရေ…

ချမ်းချမ်းစီးစီးနဲ့ နေ့တိုင်းရေချိုးဖြစ်ရဲ့လား။ ချမ်းလွန်းလို့ရေမချိုးနိုင်ပေမယ့် ရေမချိုးနိုင်ပေမဲ့ ကိုယ်နံ့တွေနံမှာလည်း စိုးရိမ်နေလား။ တစ်နေ့ထက်တစ်နေ့အချမ်းကဲလာတဲ့ဆောင်းရာသီမှာ စာချစ်သူတွေအတွက် ရေမချိုးပေမယ့် သန့်ရှင်းစွာနေနိုင်မယ့်နည်းလမ်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

  • ညအိပ်တဲ့အခါ မျက်နှာသစ်အိပ်ချင်းဟာ ချွေးပေါက်တွေကို ပွင့်စေတာကြောင့် နောက်တစ်နေ့ထလာတဲ့အခါ လန်းဆန်းနေစေပါတယ်။
  • အတွင်းခံအဝတ်အစားတွေကို နေ့စဉ်လဲလှယ်ဝတ်ဆင်ပါ။
  • ပေါင်ခြံနဲ့ ချိုင်းကြားတွေကို အဝတ်စိုနဲ့ သန့်ရှင်းပေးပါ။
  • အနံ့မပြင်းတဲ့အပြင် အစွန်းအထင်းမစွဲစေတဲ့ ချွေးနံ့ပျောက်ဆေးတွေ အသုံးပြုပါ။
  • ချိုင်းမွှေးတွေကို ပုံမှန်ရိတ်သင်ပေးပါ။
  • အခြောက်လျှော်တဲ့ ခေါင်းလျှော်ရည်တွေကို အသုံးပြုပါ။
  • ဆံပင်တွေကို ပုံသွင်းပါ။
  • Moisturizer အလွန်အကျွံမလိမ်းပါနဲ့။

သဘောကျနှစ်ခြိုက်ရင် SHARE ပေးလိုက်ပါဦးနော်။