ကိုယ့်စိတ်ကိုယ်လှည့်စားပြီး ငွေစုနိုင်မယ့်နည်းလမ်း(၃) ခု

စာသူတို့ရေ…

လူအများစုအတွက် ငွေဆိုတာ ရှာရတာခက်သလောက်၊ အသုံးလွယ်ပြီး စုဖို့မဖြစ်နိုင်ဖြစ်နေတဲ့အရာတစ်ခုဖြစ်နေပါတယ်။ နောင်ရေးအတွက်ငွေစုချင်ဖြစ်နေမယ့် မစုဆောင်းနိုင်ဖြစ်နေတဲ့ စာချစ်သူတို့အနေနဲ့ ကိုယ့်စိတ်ကိုယ်လှည့်စားပြီး ငွေစုနိုင်မယ့်နည်းလမ်း (၃) ခုကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

နည်းလမ်း(၁) ငွေတွေကို တိကျတဲ့ ခေါင်းစဉ်တစ်ခုခုထားပြီး ငွေစုစာအုပ်မှာ သပ်သပ်အပ်နှံထားပါ။  သတ်မှတ်ကာလပါ ထည့်ထားတဲ့အခါ အဲဒီကာလမတိုင်မီ ငွေကို ထုတ်မိခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာ- ဇွန်လမှာ နိုင်ငံခြားခရီးထွက်ဖို့။ နောင်ရေးအတွက်ငွေ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နည်းလမ်း (၂) ငွေအကြွေတစ်ခုခုကို စုမယ်လို့ သတ်မှတ်ထားပြီး အဲဒီငွေကို အမြဲတမ်းမသုံးဘဲ ဖယ်ထားပါ။ ဥပမာ- ၂ဝဝ တန်ဆိုရင် မသုံးဘူးလို့ သတ်မှတ်ထားတယ်ဆိုရင် မိမိဆီမှာ ၂ဝဝ တန်ရလာတိုင်း သပ်သပ်ဖယ်ထားပြီး စုထားပါ။ အချိန်ကြာလာတဲ့အခါ မိမိသတိမထားမိလိုက်ဘဲ ငွေပမာဏတစ်ခုကို စုမိသွားတာကို သတိထားမိပါလိမ့်မယ်။

နည်းလမ်း(၃) မိမိလက်လှမ်းမီဖို့ ခက်ခဲတဲ့နေရာတွေမှာ ငွေစုထားပါ။ ATM ကတ်ထဲမှာ ငွေထည့်ထားက အရေးပေါ်ငွေလိုတဲ့အခါ အလွယ်တကူထွက်နိုင်စေပါတယ်။ ဒါပေမဲ့ ထုတ်ရလွယ်တဲ့အခါ ငွေတွေကို အလွယ်ထုတ်ရင်း ငွေမစုမိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် စုဖို့ရည်ရွယ်ထားတဲ့ငွေတွေကို မိမိနဲ့အနည်းငယ်အလှမ်းဝေးတဲ့ ဘဏ်တစ်ခုခုမှာ အပ်နှံထားပါ။

ငွေရှာသလောက် သုံးမလောက်ဖြစ်နေပြီး ငွေမစုမိလို့ ညည်းတွားနေတဲ့ သူငယ်ချင်းကို mention ခေါ်လိုက်ပါဦး။

SOURCEyoutube
SHARE