ကိုယ့်ကိုယ်ကို ချစ်ခြင်းဟာ တစ်ကိုယ်ကောင်းဆန်ခြင်းလား။

blank

သူငယ်ချင်းရေ…

လောကကြီးမှာရှိတဲ့ လူအများစုကလေ ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုတာ တစ်ကိုယ်ကောင်းဆန်တယ်လို့ထင်ကြတယ်။ ကိုယ့်ကိုယ်ကို ဦးစားပေးတဲ့သူဆိုရင်လည်း တစ်ကိုယ်ကောင်းသမားတွေအဖြစ် သတ်မှတ်ချင်ကြတယ်။ အဲဒါကြောင့်ပဲ ငါတို့တွေဟာ သူများတွေဘယ်လိုထင်မလဲဆိုတဲ့ အတွေးနဲ့ ငါတို့ရဲ့ ဆန္ဒတွေကို နောက်ဆုတ်နေတတ်ကြတယ်။ အများကိုချစ်ရင်း ကိုယ့်ကိုယ်ကိုချစ်ဖို့မေ့လာတတ်ကြတယ်။ ချစ်တဲ့သူတွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရင်း ငါတို့ကိုယ်တိုင်ရဲ့ ဆန္ဒတွေကို ချောင်ထဲမှာထိုးသိပ်ထားတတ်ကြတယ်။

တကယ်တော့ အရေးကြီးဆုံးကလေ ကိုယ့်ကိုယ်ကိုချစ်ဖို့ပဲ သိလား။ နင်တို့စဉ်းစားကြည့်လေ ကိုယ်တိုင်က အသက်ရှင်နေမျ သူများတွေကို လိုက်ကယ်တင်လို့ရမှာလို့ပြောကြတာပဲ မဟုတ်လား။ ကမ္ဘာပေါ်မှ ဖြစ်ပျက်နေတဲ့အရာတွေမှာ ငါတို့ထိန်းချူပ်လို့ရတာဆိုလို့ ငါတို့ကိုယ်ငါတို့ပဲရှိတယ်လေ သူငယ်ချင်းတို့ရေ ဒါကြောင့် လောကကြီးကို အလှဆင်ဖို့ ငါတို့ကိုယ်တိုင်က အလှဆုံးပန်းလေးတွေဖြစ်နေဖို့လိုတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ငါတို့ဘေးနားမှာ ငါတို့ကိုချစ်တဲ့သူတွေဝိုင်းဝိုင်းလည်နေတယ်။ သူတို့ကို ဂရုစိုက်ဖို့ ငါတို့ကိုယ်အရင်ဂရုစိုက်ရမယ်လေ။ ငါတို့ကိုယ်တိုင်က စိတ်ကြည်လင်နေမှ သူတို့နဲ့အတူ ခိုင်မြဲပျော်ရွှင်တဲ့ ဆက်ဆံရေးတွေကိုတည်ဆောက်နိုင်မှာလေ။ ပြီးတော့ ကိုယ့်ကိုယ်ကိုချစ်မှပဲ အခြားလူတွေချစ်ထိုက်တဲ့ သူတစ်ယောက်ဖြစ်လာမှာလေ။ ငါတို့ကိုယ်တိုင်က ပေါက်ကွဲထိရှလွယ်နေမယ်၊ အမုန်းတွေနဲ့ဝိုင်းနေမယ်ဆိုရင် ငါတို့ဘေးနားက လူတွေကို အေးချမ်းတဲ့ချစ်ခြင်းမေတ္တာတွေပေးနိုင်ပါ့မလား သူငယ်ချင်းတို့ရေ…..။

အသင်းတစ်သင်းပြိုင်ပွဲမှာအနိုင်ရဖို့ဆိုရင် တစ်သင်းလုံးမှာရှိတဲ့ သူတွေဘယ်လောက်ပဲ တော်တော် ကိုယ်ကိုတိုင်ကလည်း တော်နေမှ အသင်းကို အောင်မြင်အောင်ကူညီပံ့ပိုးနိုင်မှာ မဟုတ်လားသူငယ်ချင်း။ ဒါကြောင့် ကိုယ့်ကိုယ်ကို အသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်အောင် ကြိုးစားတာက တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူးနော်။ ကိုယ်ကိုယ်တိုင်က ဖိစီးနေပြီး မောပန်းနေမယ်ဆိုရင် အသင်းအတွက် အောင်မြင်မှုကို နင်ဆွတ်ခူးပေးနိုင်မှာ မဟုတ်ဘူးနော်။

နောက်တစ်ခုကလေ.. ဘဝမှာငါတို့ကို ဘယ်သူကမှ အောင်မြင်မှုလမ်းကြောင်းပေါ်ကို စွေ့ကနဲရောက်အောင် တွန်းပို့ပေးမှာမဟုတ်ဘူး။ ငါတို့ကိုယ်တိုင်က ကိုယ့်နေရာကို ကိုယ်ရအောင် ယူနိုင်မှ၊ ကိုယ်နဲ့ ထိုက်တန်တဲ့အရာတွေကို ကိုယ်တိုင်ဆွတ်ခူးနိုင်မှ အောင်မြင်မှုကို ရမှာမဟုတ်လား။ ဒါကြောင့်ကိုယ်လိုချင်တဲ့အရာကို ရဖို့ရှေ့တိုးတဲ့ခြေထောက်တွေကို ဘာအကြောင်းကြောင့်မှ ရပ်တန့်မထားပါနဲ့သူငယ်ချင်း။

သူငယ်ချင်းရေ.. အပြောင်းအလဲတွေဆိုတာ ကိုယ်ကိုယ်တိုင်က စတင်ရတဲ့အရာတဲ့။ တကယ်တော့ ရိုးရိုးရှင်းရှင်းလေးပါ အခြားလူတွေကို ပြောင်းလဲချင်တယ်ဆိုရင် ငါတို့ကိုယ်တိုင်က ပြောင်းလဲရမှာမဟုတ်လား။ ဒါကြောင့် အပြောင်းအလဲတွေအတွက် ကိုယ့်ကိုယ်ကိုဂရုတစိုက်ပြောင်းလဲတာက တစ်ကိုယ်ကောင်းဆန်တယ်လို့မဆိုသာပါ။

သူငယ်ချင်းရေ… တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် အခြားလူတွေကို မကူညီနိုင်တဲ့အခိုက်အတန့် တွေရှိကောင်းရှိလိမ့်မယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကို သူတစ်ပါးကို ထိခိုက်စေတာမျိုးမဟုတ်ရင် ကိုယ့်ကိုယ်ကိုဦးစားပေးဖို့ လုံးဝမတွန့်ဆုတ်ပါနဲ့နော်။

သူငယ်ချင်းရေ…ငါ့စာကိုဖတ်ပြီး လောကပန်းခင်းကို အလှဆင်ဖို့ နင်တို့ကိုယ်တိုင်က လှပတဲ့ပန်းလေးတွေဖြစ်ဖို့ အရေးကြီးတယ်ဆိုတာကို လက်ခံသွားပြီမဟုတ်လား။ သူတစ်ပါးတွေကို ချစ်ခြင်းတွေပေးဖို့ ငါတို့နှလုံးသားကို ချစ်ခြင်းတွေအပြည့်ထည့်ထားဖို့လိုတယ်။ အဲဒီချစ်ခြင်းတွေကို အပြည့်ဖြည့်ဖို့ ကိုယ့်ကိုယ်ကို ချစ်လိုက်ဖို့ ငါတိုက်တွန်းလိုက်ပါတယ်နော်။