နေ့သစ်တစ်ခုကို တက်ကြွစွာအစပြုနိုင်ဖို့ နည်းလမ်းကောင်းလေးများ

blank
၁။ ညမအိပ်ခင်ကတည်းက နောက်တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ပါ။

မနက်ခင်းတွေမှာ တက်ကြွရွှင်လန်းစွာနိုးထလာဖို့အတွက် အရေးကြီးဆုံးက ညဘက်တွေမှာ မှန်ကန်စွာအိပ်ရာဝင်ဖို့ပါ။ ညမအိပ်ခင်မှာ နောက်တစ်နေ့အရေးကြီးလုပ်ရမယ့် အလုပ် (၃)ခုကို ချရေးပြီး အချိန်ဇယားဆွဲပါ။ ဒါဆိုရင် နောက်တစ်နေ့မနက်နိုးထလာတဲ့အချိန်မှာ လုပ်စရာတွေနဲ့ စိတ်ဓာတ်ခွန်အားတက်ကြွပြီး လန်းဆန်းနေမှာဖြစ်ပါတယ်။

၂။ တကယ်ထနိုင်တဲ့အချိန်ကိုပဲ နှိုးစက်သံပတ်ပေးထားပါ။

သင်က (၆) နာရီမှ ထနိုင်မယ်ဆိုရင် (၅)နာရီနှိုးစက်မပေးပါနဲ့။ နှိုးစက်ပိတ်ပြီး ပြန်အိပ်တာက တစ်နေ့တာလုံး စိတ်ကို လေးလံထိုင်းမှိုင်းစေပါတယ်။ တကယ်ထနိုင်လို့ နှိုးစက်ပေးထားတယ်ဆိုရင်လည်း နှိုးစက်မြည်တာနဲ့ ချက်ချင်းထပြီး ပြတင်းတံခါးတွေကို ဖွင့်လိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အိပ်ရာနိုးနိုးချင်း ဖုန်းဖွင့်မကြည့်ပါနဲ့။

ယနေ့ခေတ်မှာ လူတိုင်းနီးပါး ဖုန်းနဲ့ပဲ နှိုးစက်ပေးကြပါတယ်။ မနက်နိုးတဲ့အခါ ဖုန်းနှိုးစက်ပိတ်ရင်း ဖုန်းထဲမှာ ဝင်နေတဲ့ notification တွေ၊ email တွေ၊ facebook တွေကို ကြည့်ရင်း အိပ်ရာကမထချင်တာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ဒီနေ့အတွက် လုပ်ရမယ့်အလုပ်တွေအပေါ်မှာလည်း စိတ်ဝင်စားမှုနည်းသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၎။ ကာယလေ့ကျင့်ခန်းလုပ်ပါ။

မနက်ခင်းတွေမှာ အလုပ်များလွန်းလို့ အားကစားလုပ်ဖို့အချိန်မရှိတဲ့သူတွေလည်း ရှိတတ်ကြပါတယ်။ တကယ်တော့ မနက်ခင်းတွေမှာ အားကစားလုပ်ခြင်းက တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစဖို့ ကောင်းကျိုးတွေအများကြီးရှိပါတယ်။ မနက်ခင်းတွေမှာ အားကစားလုပ်ခြင်းက metabolism နှုန်းကို မြန်စေတဲ့အပြင် စိတ်ဓာတ်ခွန်အားကိုပါတက်ကြွစေပါတယ်။

ဘဝပန်းတိုင်ဘယ်လောက်ဝေးဝေး ပထမခြေလှမ်းကနေ စတင်ရမှာပါ။ အဲဒီလိုပဲ ဘယ်လောက်ခက်ခဲတဲ့နေ့တစ်နေ့ဖြစ်ပါစေ၊ မနက်ခင်းတစ်ခုကနေအစပြုရမှာပါ။ အထက်ပါနည်းလမ်းလေးတွေကို လိုက်နာပြီး မနက်ခင်းတွေကို တက်ကြွလန်းဆန်းစတင်ရင်း အောင်မြင်မှုပန်းတိုင်ဆီကို တစ်ဆင့်ချင်းလှမ်းချီလိုက်ကြပါစို့။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။