အချစ်ဆိုတာ အခြေအနေအပေါ်မူတည်ပြီး ပြောင်းလဲသွားစေတတ်သလား။

blank

တစ်ခါတုန်းက ကိုယ့်ကိုယ်ကို မုန်းတီးနေတဲ့ မျက်မမြင်မိန်းကလေးတစ်ဦးရှိပါတယ်။ သူမဟာ မျက်စိကွယ်နေတဲ့သူမကိုယ်သူမလည်း မုန်းသလို လူတိုင်းကိုလည်း မုန်းပါတယ်။ သူမမှာ သူမကိုသိပ် ချစ်တဲ့ချစ်သူတစ်ယောက်လည်း ရှိတယ်။ သူက သူမအတွက်ဆို ဘာမဆိုလုပ်ပေးဖို့ အဆင်သင့်ရှိသူ ပါ။

သူမက သူ့ကို “ဟော့ဒီကမ္ဘာကြီးကို ကျွန်မမြင်တွေ့ခွင့်ရတဲ့နေ့ကျရင် ရှင့်ကိုလက်ထပ်ပါမယ်” လို့ ပြောလေ့ရှိတယ်။ တစ်ရက်မှာတော့ သူမရဲ့ဆုတောင်းတွေပြည့်ဝလာခဲ့တယ်။ တစ်စုံတစ်ယောက် က သူမအတွက် မျက်ကြည်လွှာတစ်စုံကို လှူဒါန်းပေးခဲ့တယ်လေ။

မျက်စိခွဲစိတ်ပြီးချိန်မှာတော့ သူမဟာ သူမရဲ့ချစ်သူအပါအဝင် အရာရာကို မြင်တွေ့ခွင့်ရသွား တော့တယ်။ သူမရဲ့ချစ်သူက သူမကို “ ကဲ… အခုမင်းရဲ့မျက်လုံးတွေ ပြန်မြင်လာပြီဆိုတော့ ကိုယ့်ကို လက်ထပ်နိုင်မလား”လို့ တောင်းဆိုလိုက်တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မိန်းကလေးဟာ သူမရဲ့ချစ်သူမျက်လုံးတွေကို ကြည့်လိုက်တော့ အတော်လေး ထိတ်လန့်သွား တယ်။ သူမရဲ့ချစ်သူဟာ အမြင်အာရုံကွယ်နေတဲ့ယောက်ျားတစ်ယောက်ဖြစ်နေတယ်လေ။ အဲ့ဒီလို ဖြစ်နေလိမ့်မယ်လို့ သူမလုံးဝမျှော်လင့်မထားခဲ့ဘူး။ မျက်စိမမြင်တဲ့လူတစ်ယောက်ကိုလည်း သူမ လက်မထပ်နိုင်ပါဘူး။ ဒါကြောင့် သူမက လက်ထပ်ဖို့ကို ငြင်းဆန်လိုက်တော့တယ်။

သူမရဲ့ချစ်သူဟာ မျက်ရည်တွေကျလာပြီး သူမကို ကျောခိုင်းထွက်ခွာသွားတော့တယ်။ ရက် အနည်းငယ်အကြာမှာတော့ လိပ်စာမပါတဲ့စာလေးတစ်စောင်ဟာ မိန်းကလေးဆီကို ရောက်လာခဲ့ တယ်။  စာထဲမှာ အောက်ပါအတိုင်း ရေးထားပါတယ်။

“ ကောင်မလေးရေ… နေကောင်းရဲ့လား။ ကျေးဇူးပြုပြီး မင်းရဲ့မျက်လုံးလေးတွေကို ကောင်း ကောင်းဂရုစိုက်ပေးပါနော်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီမျက်လုံးလေးတွေကို မင်းမပိုင်ဆိုင်ခင်က ကိုယ် ပိုင်ဆိုင်ခဲ့တာမို့ပါ ”

စာအဆုံးမှာ မိန်းကလေးဟာ နာကျင်နောင်တစိတ်တွေနဲ့ မျက်ရည်တွေ စီးကျလာခဲ့တော့ တယ်။

စာချစ်သူတို့ရေ… လူအတော်များများဟာ မိမိတို့ရဲ့ဘဝပေးအခြေအနေအပေါ် မူတည်ပြီး စိတ် ခံစားချက်တွေ၊ အချစ်တွေပါ လိုက်ပါပြောင်းလဲသွားလေ့ရှိကြပါတယ်။ ဘဝအနိမ့်အမြင့်အတက်အကျ တိုင်းမှာ စိတ်ကိုတစ်သမတ်တည်းထားနိုင်တဲ့သူဟာ တကယ်လေးစားထိုက်တဲ့သူပါပဲ။ ဒီလိုမှမဟုတ် ရင်တော့ ဇာတ်လမ်းထဲက မိန်းကလေးလိုပဲ တစ်သက်လုံးနာကျင်နောင်တတွေနဲ့ ကျန်ခဲ့မှာ သေချာပါ တယ်နော်။

ခံစားမှုရသလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။