သင်မသိသေးတဲ့ စတော်ဘယ်ရီသီးရဲ့မှတ်သားစရာအချက်လေးတွေဆိုတာ…

blank

၁။ စတော်ဘယ်ရီသီးဟာ အစေ့ကိုအပြင်ဘက်ထုတ်ထားတဲ့ တစ်ခုတည်းသော အသီးဖြစ်ပါတယ်။

၂။ စတော်ဘယ်ရီတစ်လုံးမှာ ပျမ်းမျှအားဖြင့် အစေ့ပေါင်း ၂ဝဝ ပါဝင်ပါတယ်။

၃။ စတော်ဘယ်ရီဟာ ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ စပျစ်သီးတွေနဲ့တူတယ်ဆိုတာ မှားပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ စတော်ဘယ်ရီသီးတွေဟာ နှင်းဆီမျိုးနွယ်ဝင်ဖြစ်ပါတယ်။

၅။ စတော်ဘယ်ရီဟာ အခုစိုက်၊ အခုပေါက်တဲ့အပင်မဟုတ်ပေမဲ့ တစ်ကြိမ်စိုက်ပြီးရင် ငါးနှစ် လောက်အထိ အချိန်မှန်မှန်သီးပါတယ်။

၆။ စတော်ဘယ်ရီသီးတွေဟာ ကင်ဆာနဲ့နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျှော့ချရာမှာ ကူညီပေး ပါတယ်။

၇။ စတော်ဘယ်ရီမှာ နိုက်ထရိတ် (nitrate) ဓာတ်မြင့်မားစွာပါဝင်တဲ့အတွက် သွေးနဲ့အောက်ဆီ ဂျင်တွေ ကြွက်သားထဲစီးဆင်းမှုတိုးမြင့်စေပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် စတော်ဘယ်ရီစားပေး ရင် ခံနိုင်ရည်ပိုရှိပြီး ကယ်လိုရီတွေပိုလောင်ကျွမ်းစေတယ်လို့လည်း ကျွမ်းကျင်သူတွေက အကြံပြု ထားကြပါတယ်။

၈။ စတော်ဘယ်ရီသီးကို လတ်ဆတ်စွာသိုလှောင်ထားချင်ရင် ဆေးကြောပါ။ ပင်စည်တွေကိုဖြတ် ပါ။ ရက်အနည်းငယ်ကြာတဲ့အထိ ရေခဲသေတ္တာထဲထည့်သိမ်းထားဖို့ စိတ်ကူးရင်တော့ မစားခင်အ ထိ မဆေးကြောပါနဲ့။ ဆေးကြောလိုက်ခြင်းက စတော်ဘယ်ရီသီးတွေကို မြန်မြန်ပုပ်စေပါတယ်။

ကဲ… စတော်ဘယ်ရီကြိုက်တဲ့သင့်သူငယ်ချင်းတွေအတွက် ဒီစာစောင်လေးကို SHARE ပေး လိုက်ပါဦးနော်။