သင်ကွယ်လွန်ပြီးနောက် ဘာခြေရာလေးတွေ ထားခဲ့ချင်လဲ

blank

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာခန့်က လူတစ်ယောက်က မနက်ခင်းသတင်းစာ  ရောက်လာတဲ့အခါမှာ သူ့ရဲ့နာမည်ကို နာရေးကြော်ငြာမှာ သူ့နာမည်ကိုမှားပြီးကြော်ငြာမှာ ကြေငြာမိထားတာကို တွေ့လိုက်ရတယ်။ “သေမင်းနဲ့ ကုန်ကူးတဲ့ ဒိုင်းနမိုက်ဘုရင် ကွယ်လွန်ခြင်း”ဆိုတဲ့ နာရေးခေါင်းစီးဟာ သူ့ကိုတုန်လှုပ်ခြောက်ခြားစေတယ်။ အဲဒီအချိန်မှာ သူသေသွားရင် လူတွေကဘယ်လိုသတိရကြမလဲဆိုတာကို သူပထမဦးဆုံးအကြိမ်စဉ်းစားမိသွားတယ်။

“ငါသေပြီး နှစ်များစွာအထိ ငါဟာ မကောင်းတာတွေနဲ့ပဲ အမှတ်ရစေတော့မှာလား” လို့ တွေးမိတဲ့နောက်မှာ သူဟာ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ အတွေးတွေနဲ့ ဖိစီးနေခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲဒီနေ့ကစပြီးသူဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို စတင်အကောင်အထည်ဖော်ခဲ့တယ်။ သူရှာဖွေခဲ့တဲ့ငွေတွေကို ကမ္ဘာလောကကိုအလှဆင်တဲ့သူတွေကို ဆုငွေအဖြစ်ပေးအပ်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီသူဟာ အဲလ်ဖရတ် နိုဘယ် (Alfred Nobel) ပဲဖြစ်ပါတယ်။

အဲလ်ဖရတ် နိုဘယ်ဟာ သက်ဆိုင်ရာနယ်ပယ်တွေမှာအောင်မြင်တဲ့ သူတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ စွမ်းစွမ်းတမံဆောင်ရွက်တဲ့သူတွေကို ဆုချီုးမြင့်သွားဖို့ သေတမ်းစာတစ်စောင်ရေးခဲ့ပါတယ်။ သူ့ရဲ့ငွေတွေကို နိုဘယ်ဆုရှင်တွေအတွက် ဆုကြေးအဖြစ်သတ်မှတ်ပြီး နှစ်စဉ်ပေးအပ်ခဲ့တယ်။ အဲဖရတ် နိုဘယ်လိုပဲ ကျွန်မတို့လည်း ဘဝကိုတစ်ချက်လောက်သုံးသပ်ကြည့်လိုက်ရအောင်….

ကျွန်မတို့ရဲ့ မသေခင်မှာ ဆန္ဒက ဘာလဲ။

ကျွန်မတို့သေလွန်ပြီးတဲ့နောက်မှာ ကျွန်မတို့ကို ဘယ်လိုအမှတ်ရနေစေချင်လဲ။

ကျွန်မတို့ရဲ့ ကောင်းသတင်းတွေပဲ ကျန်ခဲ့မလား။ နာမည်ဆိုးတွေ ထင်ခဲ့မလား။

ကျွန်မတို့ကို လူတွေ လွမ်းဆွတ်တသကြမလား။

ကျွန်မတို့ကို လေးစားသမှုနဲ့ သတိရကြမလား။ ရွံရှာမုန်းတီးပြီး ကျွန်မတို့အကြောင်းပြောကြမလား။

ကဲ… သင်သေလွန်ပြီးတဲ့နောက်မှာ လူတွေကို သင့်အကြောင်း ဘာတွေပြောကျန်ချင်လဲဆိုတာ သင်အသက်ရှင်စဉ်က လုပ်ခဲ့တဲ့အလုပ်တွေအပေါ်မူတည်ပါတယ်။ အခုအချိန်ကစပြီး ချစ်ခင်မေတ္တာနဲ့ လွမ်းဆွတ်ခံရတဲ့သူတွေဖြစ်ဖို့ ကောင်းမွန်တဲ့ ခြေရာလေးတွေကိုထားခဲ့လိုက်ကြရအောင်နော်။

သဘောကျနှစ်ခြိုက်ခဲ့ရင် SHARE ပေးလိုက်ပါဦး။