ခဲတံလေးတစ်ချောင်းကပေးတဲ့ ဘဝသင်ခန်းစာ

blank

ခဲတံလုပ်သူဟာ သူအသစ်လုပ်လိုက်တဲ့ ခဲတံတစ်ချောင်းကို ဘူးထဲထည့်ပြီး ရောင်းချဖို့ မထုပ်ပိုးခင်မှာ အမှာစကားတချို့ကို ပြောကြားလိုက်တယ်။

“ခဲတံလေးရေ…. မင်းကို ကမ္ဘာလောကကြီးထဲ တာဝန်ထမ်းဆောင်ဖို့ မလွှတ်ခင်မှာ မှာချင်တဲ့စကားလေးတွေရှိတယ်။ မင်းကိုကိုယ်မှာလိုက်မယ့် စကားကြီး၅ ခွန်းကို သေချာလိုက်နာမယ်ဆိုရင် မင်းဟာကမ္ဘာပေါ်မှာ အကောင်းဆုံးခဲတံတစ်ချောင်းဖြစ်လာလိမ့်မယ်” လို့ ပြောလိုက်သတဲ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပထမအချက်- မင်းဟာကိုယ့်ကိုယ်ကို အခြားတစ်ယောက်ရဲ့ လက်ထဲကို ရောက်ခွင့်ပြုမှ အကောင်းဆုံးအရာတွေကို ဖန်တီးနိုင်လိမ့်မယ်။

ဒုတိယအချက် မင်းကိုယ်မင်းနာကျင်ခံပြီး မချွန်သေးသရွေ့ အသုံးဝင်တဲ့ ခဲတံတစ်ချောင်းဖြစ်လာမှာ မဟုတ်ဘူး။

တတိယအချက် မင်းလုပ်တာမှားရင်တော့ ပြင်လို့ရတယ်။ မှားမှာကြောက်နေရင်တော့ ဘာမှရေးမိတော့မှာ မဟုတ်ဘူး။

စတုတ္ထအချက် မင်းရဲ့ အကောင်းဆုံးအရည်အချင်းတွေက မင်းရဲ့ စိတ်တွင်းမှာပဲ ရှိနေတယ်။

ပဉ္စမအချက် မင်းရဲ့မျက်နှာပြင်ထိတွေ့သွားတဲ့ နေရာတိုင်းမှာ အမှတ်အသားတွေချန်ခဲ့လိမ့်မယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ မင်းအရှေ့ကိုဆက်ပြီး ရေးတာကို ရပ်မပစ်ဘဲ ရေးနေရလိမ့်မယ်။

ခဲတံလေးက “နားလည်ပါပြီ သခင်” လို့ပြောလိုက်တဲ့အချိန်မှာ ခဲတံလုပ်သူဟာ ခဲတံလေးကို ဘူးထဲကို သေသေချာချာထည့်ပြီး ရောင်းချတဲ့နေရာကို လွှတ်ပေးလိုက်တော့သတဲ့။

စာချစ်သူတို့လည်း… ကိုယ့်ကိုယ်ကို ခဲတံလေးနေရာမှာ ကိုယ့်ကိုယ်ကို အစားထိုးကြည့်ပါ။ ဘဝကဗျာလေးကို လှပစွာရေးဖွဲ့လိုက်ပါ။