တောင်းတဲ့ဆုတိုင်း ပြည့်ပါစေ။

blank

လိုအပ်နေသူကို အကူအညီပေးနိုင်တဲ့သူ တစ်ယောက်ဖြစ်အောင် ဆုတောင်းပါ။

သူတစ်ပါးရဲ့ သေခြင်းတရားကို ဖြစ်ပျက်ရှုပြီး အနိစ္စသဘောကို မကြောက်တဲ့သူဖြစ်အောင် ဆုတောင်းပါ။

ချစ်သူမုန်းသူတွေ အားလုံးအပေါ်မှာ မျှတစွာ မေတ္တာထားနိုင်တဲ့သူဖြစ်အောင် ဆုတောင်းပါ။

ရရှိတဲ့ မေတ္တာထက် ပိုသာတဲ့မေတ္တာထားနိုင်သူဖြစ်အောင် ဆုတောင်းပါ။

လူတိုင်းက စိတ်ရင်းအမှန်တဲ့ ချစ်ခင်ရတဲ့သူဖြစ်အောင် ဆုတောင်းပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လူတိုင်းကို ခွင့်လွှတ်နားလည်ပေးနိုင်တဲ့သူဖြစ်အောင် ဆုတောင်းပါ။

ဘာလုပ်လုပ် စည်းမျဉ်းဘောင်တွေထဲကနေ အကောင်းဆုံးလုပ်ဆောင်နိုင်သူဖြစ်အောင် ဆုတောင်းပါ။

အချစ်ရှိတဲ့ ဘဝကို ပိုင်ဆိုင်ထားပေမဲ့ အချစ်ကို မကိုးကွယ်တတ်သူဖြစ်အောင် ဆုတောင်းပါ။

ကိုယ်ကိုယ်တိုင်ရော လူသားအားလုံးပါ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေကြောင်း ဆုတောင်းပါ။

လိုချင်တဲ့ ဆုတစ်ခုကို comment မှာ ရေးပြီး ဆုတောင်းခဲ့ပါ။ ဆုတောင်းတွေ တိုက်ဆိုင်နေသလား ကြည့်ရအောင်။