လူတွေ မသိကြသေးတဲ့ တော်ဝင်မင်းသမီး ဒိုင်ယာနာ (Princess Diana) ရဲ့ လျှို့ဝှက်ချက်များ

blank

၁။ မင်းသားကြီး ချားလ်နဲ့ မင်းသမီးဒိုင်ယာနာတို့ဟာ မောင်နှမ ၁၆ ဝမ်းကွဲတော်စပ်ပါတယ်။ သူတို့ဟာ ဘုရင် ဟင်နရီ VII (King Henry VII) ရဲ့ မျိုးဆက်တွေဖြစ်ပါတယ်။

၂။ တကယ်တော့ မင်းသားကြီးချားလ် (Prince Charles) ဟာ ဒိုင်ယာနာနဲ့မတွေ့ခင် ဒိုင်ယာနာရဲ့ အစ်မဖြစ်သူနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။

၃။ မင်းသားကြီး ချားလ်နဲ့ မင်းသမီးဒိုင်ယာနာတို့ဟာ အပြင်မှာ ၁၂ကြိမ်ပဲ တွေ့ပြီး လက်ထပ်လိုက်ကြတာပါ။

၎။ သူမတို့ရဲ့ လက်ထပ်ပွဲအခမ်းအနားမှာ ဒိုင်ယာနာဟာ ချားလ်ကို အမှတ်တမဲ့ နာမည်မှားပြီး ခေါ်မိခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သူမတို့လက်မထပ်ခင် တစ်နှစ်လောက်အလိုကတည်းက မင်းသားချားလ်ဟာ အခုကြင်ယာတော်ဖြစ်နေတဲ့ ကမ်မီလာ (Camilla) နဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။

၆။ ဒါပေမဲ့ ဒိုင်ယာနာကတော့ ကမ်မီလာကို သူမတို့အိမ်ထောင်ရေးရဲ့ တတိယလူ (အငယ်အနှောင်း) လို့ ညွှန်းဆိုခဲ့ပါတယ်။

၇။ မင်းသားချားလ်က ကမ်မီလာကို “အမြဲတမ်းချစ်နေမယ်” လို့ ပြောခဲ့တယ်လို့ အထင်လွဲခဲ့ပါတယ်။

၈။ လက်ထပ်ပွဲမှာ သစ္စာဆိုတဲ့အခါ ဒိုင်ယာနာက “မင်းသားချားလ်စ်ရဲ့ အမိန့်တွေကို နာခံပါ့မယ်” ဆိုတဲ့ စကားကိုပြောဖို့ ငြင်းဆိုခဲ့ပါတယ်။ နောက်နှစ်ပေါင်းများစွာကြာတဲ့အခါ ဒိုင်ယာနာရဲ့ ချွေးမဖြစ်သူ ကိတ် မစ်ဒယ်လ်တန် (Kate Middleton) ကလည်း မင်္ဂလာပွဲမှာ ဒီစကားကိုပြောဖို့ ငြင်းပယ်ခဲ့ပါတယ်။

၉။ သူမတို့ရဲ့ ဟန်းနီးမွန်း ခရီးစဉ်တစ်လျှောက်လုံးမှာ ဒိုင်ယာနာ အိပ်ပျော်နေတဲ့အချိန်က များပါတယ်။ ဒိုင်ယာနာက သူ့ရဲ့ အတွင်းရေးမှူးကို ရေးတဲ့စာထဲမှာ ဟန်းနီးမွန်းခရီးက သူမအတွက် အိပ်လို့အကောင်းဆုံးအချိန်ဖြစ်ကြောင်း ထည့်ရေးခဲ့ပါတယ်။

၁ဝ။ သူမဟာ တစ်နေ့တာရဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို တိပ်ခွေတွေနဲ့ အသံဖမ်းထားလေ့ရှိပါတယ်။ သူမရဲ့ အိမ်ထောင်ရေးမှာ မီးပွားလေးတွေ စတင်လာတဲ့အချိန်ကစပြီး သူမရဲ့ အတွေးတွေ၊ ရင်တွင်းစကားတွေကို တိပ်ခွေနဲ့ အသံသွင်းထားခဲ့ပါတယ်။ ပြီးတော့ ဂျာနယ်လစ်တစ်ဦးကို ဒီတိပ်ခွေကို နားထောင်စေပြီး သူမရဲ့ အမြင်တွေ၊ ခံစားချက်တွေကို မျှဝေခဲ့ပါတယ်။

မင်းသမီး ဒိုင်ယာနာကို ချစ်တယ်ဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။