လူချစ်လူခင်များအောင် စကားဘယ်လိုပြောမလဲ။

blank

          စကားတစ်ခွန်းဟာ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲသွားစေနိုင်သလို အဲဒီလူအပေါ်ထားတဲ့ အများရဲ့အမြင်တွေကိုလည်း ပြောင်းသွားစေနိုင်ပါတယ်။ လူချစ်လူခင်ပေါအောင် စကားနဲ့ ဆွဲဆောင်နိုင်သလို၊ လူမုန်းခံရအောင်လည်း စကားနဲ့ စွမ်းဆောင်နိုင်ပါတယ်။ ဒီတော့ ကိုယ့်စကားနဲ့ကိုယ် လူမုန်းခံရတာမျိုးမဖြစ်အောင် အောက်ပါအကြောင်းအရာတွေကို ထုတ်ဖော်ပြောကြားတာမျိုးမလုပ်ဖို့ သတိပေးတင်ဆက်လိုက်ပါတယ်ရှင်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁။ ဘဝရည်မှန်းချက်အတွက် ချမှတ်ရေးဆွဲထားတဲ့ အစီအစဉ်တွေအကြောင်း ထုတ်ဖော်မပြောပါနဲ့။

၂။ ပရဟိတလုပ်ငန်းတွေ၊ သာသနာရေးကိစ္စတွေအတွက် ငွေဘယ်လောက် လှူခဲ့တယ်ဆိုတဲ့အကြောင်း ကြွားဝါမပြောပါနဲ့။

၃။ ဘဝနေထိုင်မှုပုံစံထဲက လျှို့ဝှက်ချက်တွေအကြောင်း ထုတ်ဖော်မပြောပါနဲ့။

၎။ သင့်သတ္တိနဲ့ ရဲရင့်မှုတွေကို ထုတ်ဖော်ပြသခဲ့ရတဲ့ ဖြစ်ရပ်တွေအကြောင်းကို ဂုဏ်ဖော်သလို မပြောပါနဲ့။

၅။ စကြဝဠာအကြောင်းနဲ့ တမလွန်ဘဝအကြောင်း၊ ပရလောကသားအကြောင်းတွေကို တကယ်သိထားသလိုပုံစံနဲ့ အခိုင်အမာမပြောဆိုပါနဲ့။

၆။ မိသားစုအတွင်းရေးတွေ၊ ပြဿနာတွေ၊ ပဋိပက္ခတွေအကြောင်းကို မိသားစုဝင်မဟုတ်တဲ့ အပြင်လူတွေကို ထုတ်ဖော်မပြောပါနဲ့။

၇။ ကြုံတွေ့ရသမျှ၊ ကြားရသမျှ လူတွေရဲ့ မကောင်းကြောင်းတွေကို တခြားလူကို တဆင့်ပြန်မပြောပါနဲ့။

မှတ်သားစရာရလိုက်တယ်ဆိုရင် SHARE လိုက်ပါနော်။