လူအများစုလက်ခံကျင့်သုံးနေကြတဲ့ ငွေကြေးဆိုင်ရာ အယူအဆအမှားများ

blank
၁။ “လက်ထပ်ပြီးသွားရင် အိမ်ထောင်ဖက်နဲ့ ငွေတွေအကုန်လုံးကို ပေါင်းစပ်ပြီးသုံးရမယ်” ဆိုတာ မှားပါတယ်။

လေ့လာမှုတွေအရ  အိမ်ထောင်ရှင်အမျိုးသမီး ၅၁% ဟာ လက်ထပ်ပြီးနောက်ပိုင်း မိမိရဲ့ ဝင်ငွေတွေကို စုဆောင်းတာမျိုး မလုပ်ကြတော့ဘူးလို့ သိရပါတယ်။ တကယ်တော့ နှစ်ကိုယ်တူဘဝကို တည်ထောင်ပြီးတဲ့နောက်မှာ ခင်ပွန်းဖြစ်သူရဲ့ ဝင်ငွေတွေ အကုန်လုံးကို ဇနီးသည်ဆီမှာ အပ်ရတာမျိုးမလုပ်သင့်သလို ဇနီးရဲ့ဝင်ငွေတွေအကုန်လုံးကိုလည်း အိမ်အတွက်သုံးစွဲတာမျိုး မဖြစ်သင့်ပါဘူး။ လက်ထပ်ပြီးတဲ့နောက်မှာ အိမ်အတွက်လိုအပ်ချက်တွေကို အချိုးကျထည့်ဝင်ပြီး ဇနီးမောင်နှံနှစ်ယောက်လုံး ငွေကြေးဆိုင်ရာလွတ်လပ်မှုရှိမယ်ဆိုရင် ငွေကြေးကြောင့် အိမ်ထောင်ရေးကတောက်ကဆဖြစ်တာမျိုးတွေ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

၂။ “လျှော့ဈေးပေးတဲ့ ပစ္စည်းတွေကို ဝယ်ယူတာက ငွေချွေတာနိုင်စေတယ်” ဆိုတာ မှားပါတယ်။

လူအများစုဟာ “10% discount, 20% off” အစရှိတဲ့ စာလုံးတွေကြောင့် ငွေကိုပိုပြီး ချွေတာနိုင်စေတယ်လို့ ထင်တတ်ကြပါတယ်။  အဲဒီလိုစာလုံးတွေကို မြင်ပြီး မလိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်မိတတ်တာကြောင့် ငွေတွေကို ပိုသုံးတတ်ကြပါတယ်။ တချို့ဆိုင်တွေဆိုရင် သာမန်ထက်ဈေးတင်ထားပြီး discount ပြန်ချထားတဲ့အတွက် အခြားဆိုင်တွေနဲ့ ဈေးတူနေတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒါကြောင့် လျှော့ဈေးပေးတဲ့ဆိုင်တွေမှာ မလိုအပ်တဲ့ ပစ္စည်းတွေဝယ်တာမျိုးထက် ဈေးမှန်ပြီး ပစ္စည်းစိတ်ချရတဲ့ ဆိုင်မှာ လိုအပ်သလောက်သာ ဝယ်ခြင်းက ငွေတွေကို ပိုပြီးချွေတာနိုင်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ “ချမ်းသာလာဖို့ ငွေများများစုရမယ်” ဆိုတာ မှားပါတယ်။

အနာဂတ်မှာ ချမ်းသာတဲ့သူတစ်ယောက်ဖြစ်ဖို့ ငွေများများစုရမယ်ဆိုတာ မှန်သင့်သလောက် မှန်ပေမဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်လောက်အောင် ခြစ်ခြုတ်ပြီး စုဆောင်းနေရတယ်ဆိုတာကတော့ သင့်ကိုအမှန်တကယ်ချမ်းသာလာစေမှာ မဟုတ်ပါဘူး။ တကယ်တော့ ငွေစုဖို့ စဉ်းစားသလို ဝင်ငွေရနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားတာက သင့်ကိုချမ်းသာလာစေမှာဖြစ်ပါတယ်။ ဒါကြောင့်ရှိရင်းစွဲအလုပ်အပြင် ဒုတိယဝင်ငွေရနိုင်တဲ့အလုပ်တစ်ခုကို လုပ်ကိုင်သွားဖို့လည်း အရေးကြီးပါတယ်။

၎။ “Credit Card နဲ့ ငွေပေးချေတာက ငွေကြေးအသုံးပြုမှုကို ပိုပြီးကျစ်လျစ်စေတယ်” ဆိုတာ မှားပါတယ်။

ပစ္စည်းတစ်ခုခုဝယ်တဲ့အခါ ငွေသားနဲ့ ပေးချေတာဟာ ငွေအလုံးအရင်းမြင်ရစေတဲ့အတွက် ငွေကို မလိုအပ်ဘဲ မသုံးမိအောင် ထိန်းချုပ်နိုင်စေပါတယ်။ Credit card အသုံးပြုတဲ့အခါ ငွေပေးချေမှုတွေ လွယ်ကူလွန်းတဲ့အတွက် ငွေကို အသုံးလွယ်စေပါတယ်။ ဒါကြောင့် Credit card ကို အမှန်တကယ် လိုအပ်တဲ့နေရာမှာသာအသုံးပြုလိုက်ခြင်းက ပိုကောင်းပါတယ်နော်။

သဘောကျနှစ်ခြိုက်ရင် SHARE ပေးလိုက်ပါဦးနော်။