အော်ပြောတိုင်းကြားရမှာလား

blank

          သူတော်စင်တစ်ပါးဟာ သူရဲ့ကပ္ပိယကြီးနဲ့အတူ မြစ်မှာရေချိုးဖို့ ထွက်လာခဲ့တယ်တဲ့။ အဲဒီအချိန်မှာ မြစ်နားမှာ ရန်ဖြစ်အော်ဟစ်နေတဲ့ မိသားစုတစ်စုကို တွေ့သတဲ့။ သူတော်စင်ကြီး က ကပ္ပိယကြီးကို “သူတို့တွေဘာကြောင့် အော်ဟစ်နေရလဲ… သိလား”လို့ မေးလိုက်သတဲ့။

ကပ္ပိယကြီးက “သူတို့တွေဒေါသဖြစ်နေလို့ ဖြစ်ပါလိမ့်မယ်” ဘုရားလို့ ဖြေလိုက်သတဲ့။ သူတော်စင်ကြီးက “ဒါပေမဲ့ ဘာကြောင့်ကိုယ့်အနီးဆုံးမှာရှိတဲ့ လူကို ဒီလောက် အော်နေရတာလဲ။ တကယ်တော့ လေသံအေးအေးနဲ့လည်းပြောလို့မရဘူးလား” လို့ သူတော်စင်ကြီးက မေးသတဲ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူတော်စင်ကြီးက “တကယ်တော့လေ ဒေါသထွက်နေတဲ့ လူနှစ်ယောက် ရန်ဖြစ်ကြတဲ့အခါ သူတို့ရဲ့ နှလုံးသားတွေ အဝေးကြီးကို ရောက်နေကြလို့ အော်ပြောနေရတာပေါ့။ သူတို့ရဲ့နှလုံးသား အကွာအဝေးဟာ များလွန်းတော့ ရိုးရိုးလေသံနဲ့ မကြားရတော့တဲ့အတွက် အကျယ်ကြီးအော်ပြောနေရတာပေါ့။ မယုံရင် သမီးရည်းစားတွေ စကားပြောတာကြည့်ပါလား။ လေသံတိုးတိုးလေးပြောကြပေမယ့် နှစ်ယောက်လုံးကောင်းကောင်းကြားရတယ်။ နှလုံးသားချင်းနီးစပ်နေတော့ တစ်ယောက်ပြောတာကိုတစ်ယောက်ကောင်းကောင်းနားလည်ကြတယ်။ တကယ်တော့ လေသံအတိုးအကျယ်ဆိုတာ နှလုံးသားအကွာအဝေးနဲ့ တိုက်ရိုက်အချိုးကျနေတဲ့အရာတစ်ခုပါ။ နှလုံးသားချင်း နားလည်မှုချင်းဝေးကွာလေလေ လူတွေအော်အော်ပြီး စကားပြောကြလေလေပဲ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်အော်နေမယ့်အစား နားလည်မှုရှိသွားအောင် အရင်ဆုံးညှိသင့်တယ်” လို့ ရှင်းပြသတဲ့။ ကပ္ပိယကြီးကတော့ သူတော်စင်ကြီးရဲ့ ရှင်းပြချက်ကို သဘောကျပြီး ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေတော့တယ်။