မိန်းမတစ်ယောက်ဘဝမှာ ခင်ပွန်းထက် ပိုအရေးကြီးတဲ့လိုအပ်ချက်များ

blank
 ၁။ မိတ်ဆွေသူငယ်ချင်းကောင်းများ ရှိခြင်း။

အရေအတွက် အနည်းအများက အရေးမကြီးပါဘူး။ တကယ်အားကိုးရတဲ့ သူငယ်ချင်းကောင်း တွေဖြစ်ဖို့ ပိုအရေးကြီးပါတယ်။ ဘဝရဲ့အကောင်းအဆိုးအချိန်တိုင်းမှာ အတူမျှဝေခံစားပေးဖော်၊ ကူညီ ဖေးမဖော်သူငယ်ချင်းကောင်းတွေရှိနေရင် ဘဝမှာ လက်မထပ်ဘဲ တစ်ယောက်တည်းလျှောက်လှမ်းရ လည်း ပူစရာမလိုတော့ပါဘူး။

၂။ ဝင်ငွေသင့်တင့်ပြီး နှစ်သက်တဲ့အလုပ်အကိုင်ရှိခြင်း။

ပျော်ရွှင်စေတဲ့ အလုပ်အကိုင်နဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်ထားနိုင်ခြင်းက အလုပ်မှာ ဖိအား တွေနည်းပြီး ပျော်ရွှင်စေပါတယ်။ တစ်နေ့တာလုံးကိုလည်း စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်တာမို့ ပျော် ရွှင်အောင်ပြုလုပ်ပေးနိုင်မယ့် ခင်ပွန်းသည်တစ်ယောက်လည်း မလိုအပ်တော့ပါဘူး။

၃။ ဝါသနာပါတဲ့အရာလေးတွေရှိခြင်း။

အလုပ်ထဲအစစအရာရာအဆင်ပြေနေရင်တောင်မှ အလုပ်ချိန်ပြင်ပမှာ ဝါသနာပါရာ အလုပ် လေးတွေကိုလည်း ကြိုးစားကြည့်သင့်ပါတယ်။ လူတိုင်းမှာ အနားယူချိန်ဆိုတာ လိုအပ်ပါတယ်။ အဲ့ဒီ အချိန်မှာ အားကစားတစ်ခုခုလုပ်တာ၊ စာရေးစာဖတ်တာ၊ ပန်းချီဆွဲတာ စတဲ့ဝါသနာပါရာ အလုပ်လေး တွေပြုလုပ်ပေးခြင်းက စိတ်ကောလူပါ အပန်းပြေပျော်ရွှင်စေပါတယ်။ ဦးနှောက်ရဲ့ ဖန်တီးနိုင်စွမ်းကို လည်း ရင့်သန်စေပါတယ်။

၎။ ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်ရှိခြင်း။

ဘေးကနေအဆင်သင့်အားကိုးစရာရှိနေသူတစ်ယောက်ရဲ့ဘဝက ချောမွေ့လွယ်ကူတာ မှန် ပါတယ်။ ဒါပေမဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်ကိုတော့ မတည်ဆောက်နိုင်ပါဘူး။ အဲ့ဒီစိတ်က အ ခါခါလဲကျ၊ ကိုယ်ထူကိုယ်ထရင်းနဲ့မှ သင်ယူလာရတဲ့ ဘဝအတွက် အသေချာဆုံးစွမ်းရည်ဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်အပြည့်ရှိပြီး ကိုယ့်ခြေထောက်ပေါ်လည်း ကိုယ်ရပ်တည်နိုင်တယ်ဆို ရင် အိမ်ထောင်မပြုလည်း ဘဝမှာ ပူပန်စရာမလိုပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ အမှီအခိုကင်းတဲ့ စီးပွားရေးရှိခြင်း။

ဘယ်လောက်ချမ်းသာတယ်ဆိုတာက အရေးမကြီးပါဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ပိုင်ပိုင် နိုင်နိုင်ရှာဖွေသုံးစွဲနိုင်တဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ တခြားသူကို တည်မှီနေစရာမလိုတဲ့ စွမ်းဆောင်ရည်ရှိနေတဲ့အမျိုးသမီးတစ်ယောက်အတွက် တစ်ယောက်တည်းနေလည်း ဘဝမှာ အား ငယ်ပူပန်စရာမရှိပါဘူး။

၆။ ကိုယ်ပိုင်တန်ဖိုးကို အခိုင်အမာသိခြင်း။

လူတိုင်းရဲ့ဘဝမှာ ဖြစ်ချင်တာ၊ လုပ်ချင်တာတွေ ရှိကြပါတယ်။ ကိုယ်ပိုင်တန်ဖိုးကို အခိုင်အမာ သိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ဘဝကိုယ်ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာကို တိတိကျ ကျသိပါတယ်။ ဒီလိုအမျိုးသမီးတစ်ယောက်အတွက် ကူညီဖေးမပေးမယ့် ခင်ပွန်းသည်တစ်ယောက်မ ရှိလည်း ဘဝကယိမ်းယိုင်သွားမှာမဟုတ်ပါဘူး။ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်လျှောက်လှမ်းသွားနိုင် ပါတယ်။

၇။ အမြဲတက်ကြွနေစေတဲ့ တွန်းအားကောင်းလေးတွေရှိခြင်း။

ဘဝကို အကောင်းဆုံးရှင်သန်နေထိုင်သွားဖို့ဆိုရင် ကိုယ့်ကိုတက်တက်ကြွကြွနဲ့ ကြိုးစား အောင် အမြဲတွန်းအားပေးနေမယ့်အရာလေးတွေရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒီအရာက ရည်ရွယ်ချက်တစ် ခုခု၊ ဒါမှမဟုတ် မိသားစု၊ အလုပ်စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကြိုးစားမှုတွေနဲ့ ဘဝကို တက်တက် ကြွကြွဖြတ်သန်းနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ တစ်ယောက်တည်းနေလည်း ဘဝကိုအထီးမကျန် ဘဲ ပျော်ရွှင်စွာနေနိုင်ပါတယ်။

၈။ ကိုယ့်ကိုယ်ကို စောင့်ရှောက်စီမံနိုင်မှုစွမ်းရည်ရှိခြင်း။

ဘယ်လိုနေထိုင်စားသောက်မှုတွေက ကိုယ့်ကိုကျန်းမာစေတယ်။ ဘယ်လိုအရာတွေက ဘဝ ကို ပျော်ရွှင်မှုပေးနိုင်တယ်ဆိုတာသိတဲ့ အမျိုးသမီးတစ်ယောက်အတွက် တစ်ယောက်တည်း နေရ လည်း ပူပန်စရာမရှိပါဘူး။ ကိုယ့်ကိုယ်ကို ကျန်းမာပျော်ရွှင်အောင်စောင့်ရှောက်နိုင်တဲ့အတွက် လက်မ ထပ်လည်းပဲ ဘဝကို သက်တောင့်သက်သာဖြတ်သန်းနိုင်ပါတယ်။

၉။ ဘဝပျော်ရွှင်မှုက “ အချစ်” အပေါ်တည်မှီမနေခြင်း။

အချစ်ဆိုတာ လူတော်တော်များများနဲ့ မကင်းနိုင်ကြတဲ့အရာမို့ တချို့တွေအတွက် အချစ်က ဘဝမှာ ရာခိုင်နှုန်းအပြည့်အရေးပါပါတယ်။ တချို့တွေအတွက်တော့ တစ်စိတ်တစ်ပိုင်းပဲ အရေးပါပါ တယ်။ ဘဝရဲ့ပျော်ရွှင်မှုကို “ အချစ်ရေး” အဆင်ပြေခြင်း၊ မပြေခြင်းအပေါ် အလုံးစုံတည်မှီမထားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်ထောင်မပြုလည်း ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါတယ်။

၁ဝ။ ကိုယ့်ဘဝကိုယ် နေပျော်ကျေနပ်မှုရှိခြင်း။

တချို့မိန်းမသားတွေ အိမ်ထောင်ပြုကြတာဟာ အချစ်၊ မှီခိုအားကိုးလိုမှုနဲ့ နွေးထွေးတဲ့မိသား စုဘဝလေးကို ပိုင်ဆိုင်ချင်ကြလို့ ဖြစ်ပါတယ်။ ကိုယ့်ဘဝရဲ့ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းတွေကို အရှိအ တိုင်းလက်ခံကျေနပ်နေပျော်နေတဲ့ အမျိုးသမီးတွေအတွက်တော့ အိမ်ထောင်မပြုလည်း ဘဝကို ပျော် ရွှင်ကျေနပ်စွာ ဖြတ်သန်းသွားနိုင်ပါတယ်။

အထက်ပါအချက်လေးတွေကတော့ ပျော်ရွှင်စွာနဲ့တစ်ကိုယ်တည်းဘဝကို ဖြတ်သန်းနိုင်တဲ့ မိန်းမသားတွေမှာရှိကြတဲ့ အချက်တွေပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒီလိုအားသာချက်လေးတွေ ပိုင် ဆိုင်ထားလို့ ကြင်ဖော်မရှာဘဲ တစ်ကိုယ်တည်းရပ်တည်နေနိုင်တာလည်းဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ်… ကိုယ်ပိုင်မိသားစုဘဝလေးရှိတာက နွေးထွေးသလို၊ တစ်ကိုယ်တော်ဘဝကလည်း နေတတ် ရင်ကျေနပ်စရာပဲမို့ ကိုယ်တကယ်နှစ်သက်ယုံကြည်တဲ့ဘဝကို ရွေးချယ်တာကတော့ အကောင်းဆုံး ဖြစ်မှာပါနော်။

သင့်သူငယ်ချင်းတွေထဲမှာ တစ်ကိုယ်တည်းဘဝကို ကျေနပ်စွာဖြတ်သန်းနေတဲ့သူတွေရှိရင် လည်း mention ခေါ်လိုက်ပါဦးနော်။