ဓမ္မတာစက်ဝန်းနဲ့ လွဲမှားနေတဲ့အယူအဆများ – (၂)

blank
ရာသီလာနေစဉ်မှာ ရေကူးသင့်လား။

        ကြိုက်တဲ့သူကို သွားမေးကြည့်ပါ။ မကူးသင့်ဘူးလို့ပဲ ဖြေကြမှာပါ။ တကယ်တော့ ရာသီလာနေစဉ်မှာ စိတ်တိုင်းကျ ရေကူးနိုင်ပါတယ်။ ဒါပေမဲ့ ရာသီလာနေချိန်ရေကူးမယ်ဆိုရင်တော့ pad ကို အသုံးပြုလို့မရပါဘူး။ Tampon နဲ့ menstruation cup တွေကိုပဲ သုံးသင့်ပါတယ်။

ဒါမှ မိန်းမကိုယ်ထဲပိုးဝင်တာတွေ၊ ရေကူးကန်ထဲကို အညစ်အကြေးတွေရောက်သွားတာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

တစ်ခါတလေ ကြော်ငြာတွေ၊ ဇာတ်လမ်းတွေမှာ တွေ့ရတတ်ပါတယ်။ ရာသီလာနေတုန်း ပင်လယ်ထဲ ရေဆင်းကူးမိလို့ ငါးမန်းကိုက်ခံရတယ်ဆိုတာလေ။ တကယ်တော့ ဒါတွေဟာ တကယ်မရှိတဲ့ ဇာတ်လမ်းသက်သက်ပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဖြစ်ရပ်ကို သက်သေပြစရာမရှိပါဘူး။

ရာသီလာနေစဉ် ရေကူးမယ်ဆိုရင် လိုက်နာရမယ့်အချက်လေးတွေရှိပါတယ်။

၁။ Tampon ဒါမှမဟုတ် menstruation cup ကို သုံးပြီးမှ ရေထဲဆင်းပါ။

၂။ ရေကူးပြီးတိုင်း ပိုးသတ်ဆေးပါတဲ့ feminine wash ကို သုံးပါ။

၃။ ရေကူးပြီးရင် ဆံပင်ကို ခြောက်သွေ့အောင်သုတ်ပါ။

၎။ ရေကူးပြီးရင် နွေးနွေးထွေးထွေးနေပါ။

ဒါဆိုရင် ရာသီလာနေလည်း ရေကူးနိုင်ပါပြီ။

မှတ်သားစရာစာစောင်လေးမို့ သူငယ်ချင်းတွေအတွက်ပါမျှဝေတဲ့အနေနဲ့ SHARE လိုက်ပါဦးနော်။