အချိန်မလွန်ခင် သိထားနားလည်သင့်တဲ့ ငွေကြေးဆိုင်ရာ အမှန်တရားများ

blank

၁။ သွားလာစရိတ် (transportation costs) တွေက လုံးဝမသိသာဘဲ ဝင်ငွေတွေကို ကုန်စေတဲ့စရိတ်တစ်ခုပါ။ Taxi ခတွေ၊ ကားဆီဖိုးတွေ၊ ဆိုင်ကယ်ဆီဖိုးတွေဆိုတာ သုံးနေရင်းမသိသာပေမဲ့ တစ်လစာလုံးအတွက်ပေါင်းလိုက်ရင် တစ်လဝင်ငွေရဲ့ ၉% ကနေ ၂၅% အထိရှိနေတာကိုတွေ့ရပါတယ်။ ဒီတော့ ငွေပိုငွေလျှံရအောင် စုဆောင်းချင်တယ်ဆိုရင် သွားလာစရိတ်တွေကို သက်သာစေမယ့်နည်းလမ်းကနေ အရင်စပြီး စဉ်းစားသင့်ပါတယ်။

၂။ အကြွေးဝယ်ကတ် (credit card) နဲ့ အသုံးပြုပြီး ပစ္စည်းဝယ်မယ်ဆိုရင် အရမ်းကြီးဈေးကြီးလွန်းတဲ့၊ ဝင်ငွေထွက်ငွေမမျှမတဖြစ်စေမယ့် ပစ္စည်းတွေကို မဝယ်တာအကောင်းဆုံးပါ။ ဒါမှ Credit card အတွက် ဘဏ်ကိုငွေသွင်းခါနီး ငွေရေးကြေးရေးခက်ခဲတာမျိုးတွေကို ရှောင်ကြဉ်နိုင်မှာပါ။

၃။ အလုပ်တစ်ခုတည်းလုပ်ပြီး ဝင်ငွေတစ်ခုတည်းရှိနေခြင်းက တစ်လအသုံးစရိတ်ကို ကောင်းကောင်းမလုံလောက်စေနိုင်တာကို သိထားပါ။ အကြွေးကင်းပြီး ကောင်းကောင်းစား၊ ကောင်းကောင်းသုံးချင်တယ်ဆိုရင်တော့ တစ်နေ့လုံးလုပ်ရတဲ့ full-time job အပြင် အခြား part-time job လေးတွေ၊ freelance အလုပ်လေးတွေ၊ အိမ်မှာနေရင်း အပိုဝင်ငွေရနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းလေးတွေကို ရှာကြည့်ပါ။ အခြားအလုပ်တွေမလုပ်ချင်ဘူးဆိုရင်လည်း ဝင်ငွေထွက်ငွေကို မျှတအောင် စီမံနိုင်ဖို့ကြိုးစားကြည့်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ စီးပွားရေးလုပ်ငန်းတစ်ခုခုမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ငွေကြေးချမ်းသာမှမဟုတ်ပါဘူး။ လစဉ်ရနေတဲ့ဝင်ငွေတွေကို ပိုလျှံအောင်စုဆောင်းပြီး ဝင်ငွေနှစ်ခုရအောင် ရင်းနှီးမြှုပ်နှံထားနိုင်ပါတယ်။

၅။ ရင်းနှီးမြှုပ်နှံတယ်ဆိုတာ သူများတွေထင်သလို စတော့ခ်ရှယ်ယာတွေ ဝယ်တာကို ဆိုလိုတာမဟုတ်ပါဘူး။ ရှယ်ယာတွေမဝယ်ဘဲနဲ့လည်း ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ အဓိကက ဘယ်လိုရင်းနှီးမြှုပ်နှံမှုပဲလုပ်လုပ် သေချာခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ဆီမှာပဲ ရင်းနှီးမြှုပ်နှံပါ။

၆။ အတိုးနှုန်းတွေက အချိန်ကြာလာတဲ့အခါမှာ ပိုမိုခက်ခဲလာစေပါတယ်။ အကြွေးဆိုတာ ကြာကြာမထားတာအကောင်းဆုံးပါ။ အချိန်ကြာလာတာနဲ့အမျှ အတိုးတွေပေးရင်းပေးရင်း မူလငွေရင်းထက်ကျော်သွားတာမျိုးတွေဖြစ်တတ်ပြီး ငွေကြေးအခက်အခဲတွေဖြစ်နိုင်ပါတယ်။ မတတ်သာလို့ ငွေချေးမယ်ဆိုရင်တောင် အတိုးများများမယူတဲ့ ငွေချေးလုပ်ငန်းတွေကနေ ချေးပါ။

၇။ ကိုယ့်မှာရှိတဲ့ငွေကြေးပမာဏက ကံတရားနဲ့ မဆိုင်ပါဘူး။ ကိုယ့်ကြိုးစားမှု၊ ကိုယ့်ရဲ့ ငွေကြေးစီမံခန့်ခွဲနိုင်မှုနဲ့ပဲဆိုင်တာပါ။ ဒါကြောင့် ကံကိုယုံပြီး ပုံရတဲ့ လောင်းကစားကိစ္စတွေကို လုံးဝစိတ်မဝင်စားဘဲ သမာအာဇီဝကျတဲ့ အလုပ်တွေလုပ်ပြီးတော့ပဲ ဝင်ငွေရှာပါ။

ဒီအချက်လေးတွေက စာဖတ်ပရိသတ်ကြီးရဲ့ ငွေကြေးစီမံမှုတွေကို အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

မှတ်သားစရာတစ်ခုခုရလိုက်တယ်ဆိုရင် SHARE ဖို့ မမေ့ပါနဲ့နော်။