ကျွန်တော်သည် ဖုန်းတစ်လုံးဖြစ်ချင်ပါသည်

blank

တစ်ခုသော ညနေခင်းမှာပေါ့။ မူလတန်းကျောင်းဆရာမတစ်ဦးက ကျောင်းသားလေးတွေရဲ့ အိမ်စာစာအုပ်တွေကို စစ်ဆေးနေပြီး ဆရာမရဲ့ ခင်ပွန်းဖြစ်သူကတော့ ဖုန်းတစ်လုံးနဲ့ COC ဂိမ်းဆော့နေလေရဲ့။ အဲဒီအချိန်မှာ နောက်ဆုံးကျန်နေတဲ့အိမ်စာစာအုပ်လေးကို စာစစ်ရင်း ဆရာမဖြစ်သူခမျာ မျက်ရည်တွေ ကျလာခဲ့ပါတယ်။

ဆရာမရဲ့ မျက်ရည်တွေကို ခင်ပွန်းဖြစ်သူမြင်သွားတဲ့အခါမှာ ပျာပျာသလဲနဲ့-

“ဘာလို့ ငိုနေတာလဲ မိန်းမ။ ဘာဖြစ်တာလဲ” လို့မေးခဲ့ပါတယ်။

“မနေ့က ကျွန်မရဲ့ ကျောင်းသားလေးတွေကို “ကျွန်ုပ်ရဲ့ ဆုတောင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံးလေးတွေရေးခဲ့ဖို့ အိမ်စာပေးခဲ့တယ်၊ အခု နောက်ဆုံးစာစီစာကုံးလေးကိုဖတ်ပြီး ကျွန်မ ငိုချင်လာလို့ပါ” လို့ ဆရာမက ပြန်ဖြေခဲ့တယ်။

ခင်ပွန်းဖြစ်သူက စိတ်ဝင်စားသွားပြီး

“ဘာတွေများရေးထားလို့ ငိုရတဲ့အထိဖြစ်တာလဲကွာ။ ကိုယ့်ကိုပြောပြပါဦး” လို့ မေးခဲ့တယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

” ကျွန်မ ဖတ်ပြမယ်။ နားထောင်… အဲဒီသားလေး ရေးထားတာက “ကျွန်တော်သည် ဖုန်းတစ်လုံးဖြစ်ချင်ပါသည်။ ကျွန်တော်၏မိဘတွေသည် သူတို့၏ဖုန်းတွေကို အရမ်းချစ်ကြပါသည်။ အမြဲတမ်း သူတို့၏ဖုန်းတွေကိုပဲ ဂရုစိုက်နေပြီး ကျွန်တော့်ကိုဂရုစိုက်ရန် မေ့နေကြသည်။ ဖေဖေသည် အလုပ်မှ မောပန်းပြီးပြန်လာသောအခါ ဖုန်းအတွက် အချိန်ပေးနိုင်သော်လည်း ကျွန်တော့်အတွက် အချိန်မပေးနိုင်ပါ။ ဖေဖေနှင့်မေမေသည် အလုပ်ရှုပ်နေသောအခါ ဖုန်းသံကြားတာနှင့် ချက်ချင်းပြန်ဖြေတတ်ကြသော်လည်း ကျွန်တော်ငိုနေရင်တောင် ကျွန်တော်၏ငိုသံကို ဂရုမစိုက်တတ်ကြပါ။ ဖေဖေနှင့်မေမေသည် ဖုန်းများနှင့် ဆော့နေတတ်ကြသော်လည်း ကျွန်တော်နှင့်ဆော့ဖို့ မေ့နေတတ်ကြပါသည်။ ဖေဖေနှင့်မေမေသည် ဖုန်းထဲကလူပြောသည့်စကားကို အချိန်အကြာကြီး နားထောင်တတ်ကြသော်လည်း ကျွန်တော်ပြောချင်သောစကားတွေကို နားထောင်မပေးတတ်ကြပါ။ ထို့ကြောင့် ကျွန်တော်သည် ဖုန်းတစ်လုံးဖြစ်ချင်ပါသည်” တဲ့။ ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲရှင်”

ဒီစာလေးကို နားထောင်လိုက်ရတဲ့အချိန်မှာ ခင်ပွန်းဖြစ်သူလည်း တော်တော်လေး စိတ်မကောင်း ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့်

“သူ့မိဘတွေကလည်း ကလေးကို အဲဒီလောက်ထိ ပစ်ထားရလားကွာ။ နေပါဦး။ အဲဒီစာကိုရေးတဲ့ကလေးက ဘယ်သူလဲ” လို့ မေးခဲ့ပါတယ်။

အဲဒီလိုမေးလိုက်တဲ့အခါမှာ ဆရာမက ခင်ပွန်းဖြစ်သူကို ကြည့်ပြီး ပြန်ဖြေလိုက်တာက-

“အဲဒါ ကျွန်မတို့ သားလေးလေ”တဲ့။

ဂန္ထဝင်ပရိသတ်ကြီးရေ။ ပစ္စည်းဥစ္စာတွေ၊ ဖုန်းတွေ၊ နည်းပညာတိုးတက်မှုတွေဟာ လူသားတွေရဲ့ ဘဝကို အဆင်ပြေစေဖို့ပါ။ လူသားတွေရဲ့ ဘဝကို ထိခိုက်စေဖို့ မဟုတ်ပါဘူး။ အဲဒီအရာတွေကြောင့် မိသားစုဆက်ဆံရေးတွေ၊ ချစ်ခြင်းမေတ္တာတွေကို ယိုယွင်းမသွားစေသင့်ပါဘူး။ ဒါကြောင့် သင့်ဖုန်းလေးကို ဘေးမှာ ခဏချပြီး သင့်သားသားမီးမီးလေးတွေ၊ သင့်အိမ်ထောင်ဖက်၊ သင့်သူငယ်ချင်းတွေ၊ သင့်မိဘတွေနဲ့ စကားပြောပါ။ သင်ချစ်ရသူတွေကို ချစ်ခြင်းမေတ္တာတွေ ပေးကမ်းလိုက်ပါ။ ပြီးတော့ သူတို့ဆီက ရလာမယ့်ချစ်ခြင်းမေတ္တာတွေကို ခံစားလိုက်ပါ။

သင့်လက်ထဲကဖုန်းက သင့်ကို ချစ်ခြင်းမေတ္တာတွေ ပေးစွမ်းနိုင်လို့လား။

သင်ချစ်ရသူတွေဆီကို ဒီစာစောင်လေး မျှဝေပေးပြီး အသိပေးလိုက်ပါ။