မာ့ခ်ဇူကာဘဂ်(Mark Zuckerberg)ပြောတဲ့ အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဆိုတာ…

blank

          ယနေ့ခေတ်ကြီးမှာ ဖေ့ဘွတ်ခ်(facebook) ဆိုတာ လူတိုင်းစိတ်ချယုံကြည်စွာ သုံးစွဲနေကြတဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်နေပါပြီ။ အဲ့ဒီလူမှုကွန်ရက်ကို စတင်တည်ထောင်ခဲ့တဲ့ မာ့ခ်ဇူကာ ဘက်(Mark Zuckerberg) ဆိုရင်လည်း မသိသူမရှိတဲ့ကမ္ဘာကျော်အောင်မြင်သူပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေခဲ့ပါပြီ။

မာ့ခ်ရဲ့အောင်မြင်မှုဆိုင်ရာလျှို့ဝှက်ချက်ကတော့ အမှားတွေပြုလုပ်ခြင်းပါတဲ့။

“ အမှားတွေပြုလုပ်တာက ကောင်းပါတယ်။ အောင်မြင်တဲ့လူတွေဆိုတာ သူတို့ဘဝမှာ အမှား တွေအများကြီးပြုလုပ်ခဲ့ကြပြီး အဲ့ဒီအမှားတွေဆီကနေ သင်ခန်းစာကောင်းတွေ ရယူခဲ့ကြတဲ့သူတွေကို ပြောတာပါ” လို့ မာ့ခ်က ဆိုပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါ့အပြင် “ သင်အောင်မြင်တယ်ဆိုရင် သင်အမှားတွေလည်းပြုလုပ်ခဲ့ဖူးမှာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ အမှားတွေရဲ့အဆုံးမှာမှ အမှန်တရားရှိနေလို့ပါ” လို့ မာ့ခ်က ပြောပါတယ်။

“ ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင် အမှားတွေပြုလုပ်မိမှာကို မစိုးရိမ်ပါနဲ့။ ကမ္ဘာကြီးပေါ်က ကောင်းမွန်လှပတဲ့အပြောင်းအလဲတွေတိုင်းရဲ့နောက်ကွယ်မှာ သင်ခန်းစာယူစရာအမှားတွေ ရှိနေ ကြလို့ပါ ” လို့လည်း မာ့ခ်က အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ကို ဖော်ညွှန်းသွားပါတယ်။

သိမှတ်ဖွယ်ရာလေးတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။