“ဉာဏ်ကောင်းတဲ့သူတွေက အရာအားလုံးကို သိပေမဲ့ ဘယ်အရာက ကိုယ့်အတွက်ကောင်းလဲဆိုတာ မသိဘူး။ ပျော်တတ်တဲ့သူတွေက အရာအားလုံးကို မသိပေမဲ့ ဘယ်အရာက ကိုယ့်အတွက်ကောင်းလဲဆိုတာ သေသေချာချာသိကြပါတယ်” တဲ့။
ဒီစကားလေးအတိုင်းပဲ ဉာဏ်ကောင်းတဲ့လူတွေဟာ ကိုယ့်ထက်ဉာဏ်ရည်နိမ့်သူတွေလောက် ပျော်ရွှင်မှုကို မခံစားနိုင်ဘူး၊ တစ်နည်းအားဖြင့် ဉာဏ်ကောင်းတဲ့သူတော်တော်များများမှာ ပျော်ရွှင်မှုမရှိတတ်ကြပါဘူး။ ဘာလို့ဒီလိုဖြစ်ရတာလဲ၊ အကြောင်းရင်းကို ဖတ်ကြည့်ရအောင်။
၁။ သူတို့တွေဟာ ပျော်ပျော်နေဖို့ထက် အဆင့်အတန်းမြင့်မြင့်နေဖို့ ပိုဆန္ဒရှိကြလို့
၂။ သူတို့တွေဟာ မျှော်လင့်ချက်တွေမထားဘဲ ဖြစ်နိုင်တာတွေကိုပဲ ထည့်စဉ်းစားကြလို့ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
၃။ သူတို့တွေဟာ လက်ရှိဘဝမှာ မရောင့်ရဲနိုင်ပဲ ပိုကောင်းအောင်ကြိုးစားလိုစိတ်တွေ ရှိနေကြလို့
၎။ သူတို့တွေဟာ ဘဝကို ပုံသေသတ်မှတ်အခြေချဖို့ ငြင်းဆိုကြလို့
၅။ သူတို့တွေဟာ အရာရာတိုင်းမှာ ဦးနှောက်သုံးပြီး စဉ်းစားလွန်းကြလို့
၆။ သူတို့တွေဟာ ကံလေးနည်းနည်းမကောင်းလိုက်တာနဲ့ စိတ်ဓာတ်ကျလွယ်ကြလို့
၇။ သူတို့တွေဟာ ကိုယ့်ကိုယ်ကို လုံးဝအမှားမခံလိုတဲ့စိတ်ကြောင့် အမှားလုပ်မိမှာကို အမြဲတမ်းစိုးရိမ်ပူပန်နေကြရလို့
၈။ သူတို့တွေဟာ ပိုပြီးမြင့်မားတဲ့ ပတ်ဝန်းကျင်တွေကို အမြဲရှာဖွေနေတတ်ကြလို့
၉။ သူတို့တွေကို နားလည်ပေးနိုင်တဲ့သူတွေ နည်းလို့
၁ဝ။ ဉာဏ်ရည်မြင့်လွန်းခြင်းက တစ်ခါတလေမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေကို ဖြစ်စေလို့
၁၁။ နေ့စဉ်ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းဖို့က သူတို့အတွက်ခက်ခဲနေလို့
၁၂။ သူတို့တွေဟာ လူမှုဆက်ဆံရေးမကောင်းတဲ့အပြင် အညှိုးတွေ၊ အမုန်းတွေကို ဆုပ်ကိုင်ထားတတ်ကြလို့
၁၃။ သူတို့ရဲ့ ဉာဏ်စွမ်းတွေကို ဆုံးရှုံးမှာကို အမြဲတမ်းကြောက်နေရလို့ ဖြစ်ပါတယ်။
သင်ရော… ဘယ်လိုထင်လဲ။ သင့်ထင်မြင်ချက်လေးကို comment box မှာ ဝေမျှသွားခဲ့ပါဦးနော်။