စစ်မှန်တဲ့ချစ်ခြင်းတရားတို့ရဲ့ စွမ်းပကားဆိုတာ… (၅)

blank
Beautiful young hipster laying down on the meadows field smiley

ကျွန်တော်က ကလေးသူငယ်ပြုစုပျိုးထောင်ရေးအတွက် အတိုင်ပင်ခံအလုပ်ကိုလုပ်ပါတယ်။ တစ်ခါ တော့ အမြဲဒေါသထွက်ပြီး ဝမ်းနည်းနေတတ်တဲ့ကလေးတစ်ယောက်နဲ့  ကြုံတွေ့ခဲ့ရတယ်။ ကျွန်တော် သူ့ကို စူပါမင်းပုံတစ်ပုံဆွဲပြတယ်။ ပြီးတော့ သူရဲကောင်းတွေဆိုတာ ဘဝမှာ ဘယ်တော့မှအရှုံးမပေးဘဲ အနိုင်ယူခြင်းနဲ့ အဆုံးသတ်တတ်တယ်ဆိုတဲ့စာလေးကိုပါ ရေးပေးခဲ့တယ်။ အဲ့ဒီကောင်လေးက အခု တော့ လူတွေရဲ့အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပေးရတဲ့  မီးသတ်သမားတစ်ယောက် ဖြစ် နေပါပြီ။ ကျွန်တော်တို့ဟာ နာရီဝက်ခန့်ကြာအောင် စကားပြောဖြစ်ခဲ့ကြတယ်။ အဲ့ဒီနောက် ကျွန်တော် တို့မခွဲခွာခင်အချိန်လေးမှာ သူက သူ့ပိုက်ဆံအိတ်ကိုဖွင့်ပြီး ပန်းချီ ပုံလေးတစ်ပုံကို ပြတယ်။ အဲ့ဒီပန်းချီ ပုံလေးကတော့ နှစ်ပေါင်းများစွာ သူ သေချာသိမ်းဆည်းလာခဲ့တဲ့ စူပါမင်းပုံလေးပါပဲ။