ကန္တာရအလယ်မှာ ပွင့်လာခဲ့တဲ့ပန်းကလေး ( သို့မဟုတ် ) အင်ဂျလီနာဂျိုလီ

ဒီနေ့ ကမ္ဘာတစ်ဝှမ်းက ရုပ်ရှင်ချစ်သူတွေကြားမှာ မသိသူမရှိ လျှမ်းလျှမ်းတောက် ကျော်ကြား နေတဲ့ဟောလိဝုဒ်မင်းသမီးချောလေး အင်ဂျလီနာဂျိုလီ ( Angelina Jolie)  မှာ သိပ်ကို ခက်ခဲကြမ်း တမ်းခဲ့တဲ့ငယ်ဘဝပုံရိပ်တွေ ပိုင်ဆိုင်ခဲ့ရဖူးတယ်လို့ဆိုရင် အံ့သြကြလေမလား။ ဒါပေမဲ့ ဒါက အဖြစ်မှန် တွေပါပဲ။ အဲ့ဒီအခက်အခဲတွေကြားက ထိုးဖောက်ထွက်နိုင်ခဲ့တဲ့အင်ဂျလီနာဂျိုလီရဲ့ စိတ်ဝင်စားစရာ ဘဝတစ်စိတ်တစ်ပိုင်းကို ဖတ်ကြည့်လိုက်ကြပါဦးနော်။

ဂျိုလီဟာ ကလေးဘဝမှာ အခန်းထဲမှာ လှောင်ပိတ်ခံခဲ့ရဖူးတယ်။ ၁၁ နှစ်အရွယ်မှာလည်း အနိုင်ကျင့်စော်ကားခံခဲ့ရဖူးတယ်။ ၁၄ နှစ်သမီးအရွယ်မှာလည်း အမြဲရန်လိုနေတာကြောင့် ကျောင်း ထုတ်ခံခဲ့ရဖူးတယ်။ စိတ်ဒဏ်ရာရစရာတွေ များပြားလှတာမို့ သူမကိုယ်သူမနာကျင်အောင် လက် ကောက်ဝတ်ကို ဓားနဲ့လှီးဖြတ်တာတွေ လုပ်ခဲ့တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ရတဲ့ခံစားမှုက ကျွန်မအတွက် ကျေနပ်စရာပဲ ”

လို့ သူမကပြောခဲ့ပါတယ်။ မော်ဒယ်လ်အလုပ်ရဖို့လည်း ကြိုးစားခဲ့သေးပေမဲ့ ခန္ဓာကိုယ်ပိန်လွန်းပြီး မှေး မှိန်တာကြောင့် ငြင်းပယ်ခံခဲ့ရတယ်။ အသက် ၁၈ နှစ်သမီးအရွယ်မှာ ပထမဆုံးခေါင်းဆောင်နေရာက သရုပ်ဆောင်လုပ်ခွင့်ရခဲ့ပြီး ခွက်ခွက်လန်အောင် ရှုံးခဲ့တာကြောင့် နောက်ထပ်သရုပ် မဆောင်တော့ဖို့ ဆုံး ဖြတ်ခဲ့တယ်။ အသက် ၁၉ နှစ်မှာ စိတ်ကျရောဂါကြောင့် မူးယစ်ဆေးဝါးစွဲခဲ့ပြီး သူမကိုယ်သူမ သတ်သေဖို့ နှစ်ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။ ဒီလိုတွေဖြစ်နေခဲ့ပေမဲ့ သူမဟာ ဘဝရဲ့ ရည်ရွယ်ချက် တွေကို အမြဲတမ်းလိုချင်ခဲ့တယ်။ သူမကိုယ်သူမ အမြဲရှာဖွေနေခဲ့တယ်။ မကြာခင်မှာဘဲ သူမကို “ Girl, Interrupted ” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတယ်။ အဲ့ဒီဇာတ်ကားဟာ အကြီး အကျယ်အောင်မြင်ခဲ့ပြီး သူမလည်း အော်စကာဆု( အကောင်းဆုံး ဇာတ်ပို့ဆု)ကို ဆွတ်ခူးရရှိခဲ့ပါ တယ်။ မကြာခင်မှာဘဲ ကလေးငယ်တစ်ယောက်ကို မွေးစားခဲ့ပြီး ဘဝရဲ့တည်ငြိမ်မှုကို ရှာဖွေတွေ့ရှိ ခဲ့တယ်။ “ ကျွန်မမှာ သားရှိလာခဲ့ပြီဆိုတော့ ကျွန်မကိုယ်ကျွန်မ နာကျင်ပျက်စီးအောင် ဘယ်တော့မှ မလုပ်တော့ဘူးလို့ ကျွန်မသားကို ကျွန်မကတိပေးခဲ့တယ် ” လို့ သူမက ပြောတယ်။ ဒီနေ့မှာတော့ အင် ဂျလီနာဂျိုလီဟာ ဟောလိဝုဒ်ရဲ့အကျော်ကြားဆုံးသရုပ်ဆောင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။

သူမရဲ့မှတ်သားစရာစကားလေးတစ်ခွန်းကတော့ “ သင့်ရဲ့အိပ်မက်တွေနောက်ကို လိုက်ပါ။ အောင်မြင်မှုက သင့်နောက်ကိုလိုက်လာပါလိမ့်မယ်” တဲ့။

ကဲ… ဂန္ထဝင်စာချစ်သူတို့လည်း ဘဝခရီးမှာ မိမိတို့ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ပျောက်ပျက် မခံဘဲ ကြိုးစားရင်း အောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ စာစောင်လေးကို နှစ် သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။