မိမိမှာ ရှိတာ ကံဆိုးမှုလား…. ကံကောင်းခြင်းလား….. သေချာခွဲခြား

blank

တစ်ခါက မြို့ငယ်လေးတစ်ခုမှာ ဆင်းရဲနွမ်းပါးတဲ့ကောင်လေးတစ်ယောက်ရှိသတဲ့။ သူတို့မိသားစုဟာ အရမ်းချို့တဲ့တာကြောင့် ကောင်ကလေးမှာ နောက်မြီးတွေလည်းတိုနေပြီး ပါးချပ်နေတဲ့ ဖိနပ်လေးတစ်ရံသာရှိတယ်တဲ့။ ဖိနပ်ကိုငုံ့ကြည့်မိတိုင်း သူ့ဘဝကိုသူ အကြီးအကျယ် စိတ်ပျက်အားငယ်နေတော့တာပေါ့။

တစ်နေ့မှာတော့ ပန်းခြံထဲမှာ သန့်ရှင်းရေးသွားလုပ်ရတဲ့ သူ့အမေနဲ့အတူ အဖော်အဖြစ်လိုက်ပါလာခဲ့တယ်။ သူ့အမေအလုပ်လုပ်နေစဉ်မှာ ပန်းခြံကို ပတ်ကြည့်နေရင်း ပန်းခြံထဲက သူနဲ့ရွယ်တူ ကလေးတွေရဲ့ ပြည့်စုံမှုတွေကိုတွေ့ပြီး သိမ်ငယ်စိတ်တွေဝင်လာမိခဲ့တယ်။  အဝတ်အစားတောက်တောက်ပြောင်ပြောင်၊ ဖိနပ်ကောင်းကောင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သွားလာနေကြတဲ့ ကလေးတွေကိုမြင်ပြီး အားငယ်လာတာကြောင့်  ခုံတန်းလျားလေးတစ်ခုနားကို စိတ်ပျက်လက်ပျက်နဲ့ လျှောက်လာခဲ့တော့တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲဒီခုံလေးမှာတော့ သူနဲ့ရွယ်တူကောင်လေးတစ်ယောက်ထိုင်နေတာကို တွေ့လိုက်တယ်။ သူကလှည့်ပြန်သွားဖို့ စဉ်းစားလိုက်ပေမဲ့ ခုံပေါ်ကထိုင်နေတဲ့ကောင်လေးက သူ့ကိုလှမ်းပြီး ပြုံးပြပေမဲ့ ကောင်လေးကတော့  ဖိနပ်အကောင်းစားကို ကြည့်ပြီး မနာလိုဖြစ်သွားတော့တယ်။ ခုံပေါ်ကကောင်လေးက သူ့ကိုပြုံးပြပြီး “သူငယ်ချင်းလာထိုင်လေကွာ” လို့ ဖိတ်ခေါ်တာကိုလည်း သူ့ကိုသနားတဲ့အကြည့်နဲ့ ကြည့်တယ်လို့ခံစားသွားရပြီး လူမရှိတဲ့ သစ်ပင်တစ်ပင်အောက်ကိုသွားပြီး ထိုင်နေမိတော့တယ်။ သူ့ရဲ့ဖိနပ်စုတ်လေးကို ကိုင်ကြည့်ပြီး

“ဟိုကောင်လေးလို ဖိနပ်အကောင်းစား စီးချင်တယ်။ ဟိုကောင်လေးလို ဖိနပ်အကောင်းစား စီးချင်တယ် ” လို့ အော်နေမိတော့တယ်။ အဲဒီအချိန်မှာပဲ တန်ခိုးတစ်ခုခုက သူ့ကိုဖမ်းစားလိုက်တော့သလို ဗြုန်းခနဲ ဆိုပဲ ခုံပေါ်မှာထိုင်နေတဲ့ ကောင်လေးရဲ့ နေရာကိုရောက်သွားတော့သတဲ့။ အဝတ်အစားတောက်တောက်ပြောင်ပြောင် ၊ ရှူးဖိနပ်အကောင်းစားကို ဝတ်ထားတဲ့သူ့ကိုယ်သူ ကျေနပ်အားရသွားတော့တာပေါ့။

ကောင်လေးက ခုံပေါ်မှာထိုင်နေတဲ့ကောင်လေး သူ့နေရာကိုရောက်သွားလောက်ပြီ ဆိုပြီး သစ်ပင်အောက်ကို လှမ်းကြည့်လိုက်တုန်းမှာ ဝမ်းသာအားရနဲ့ ပန်းခြံထဲမှာ ပတ်ပြေးလိုက်၊ ဒန်းတွေကို လွှဲစီးလိုက်၊ သစ်ပင်တွေပေါ်တက်ကြည့်လိုက်လုပ်နေတဲ့ ကောင်လေးကိုတွေ့သတဲ့။ အဲဒီကောင်လေးကလည်း ဒီလောက်ဆင်းရဲသွားတာပါလိမ့်လို့ တွေးနေတုန်းမှာပဲ သူ့အနားကို ဝီးချဲလ်တစ်စီးနဲ့ မိန်းမကြီးတစ်ယောက်ရောက်လာပြီး

“ သခင်လေး အိမ်ပြန်ရအောင်” လို့လာခေါ်တယ်တဲ့။ သူ့ကို ဘာကြောင့် ဝီးလ်ချဲနဲ့လာခေါ်တာပါလိမ့်လို့ အံ့သြပြီး ခြေထောက်တွေကိုလှုပ်ကြည့်တော့ လှုပ်ရှားလို့မရတာကို သတိထားမိသွားတော့တယ်။ သူဟာ ခုံပေါ်မှာထိုင်နေတဲ့ကောင်လေးကို နေရာပြန်လဲဖို့ ပြန်ကြည့်လိုက်ပေမဲ့ ဝမ်းသာအားရဖြစ်နေတဲ့ ကောင်လေးဟာ အစအနတောင် ရှာလို့မရတော့ဘူးတဲ့။

ပရိသတ်ကြီးရေ…

ကျွန်မတို့တစ်တွေလည်း အဲဒီလိုပါပဲ ကျွန်မတို့ဘဝကို အားမလိုအားမရဖြစ်နေချိန်မှာ ကျွန်မတို့ဘဝကို လိုချင်နေတဲ့သူတွေရှိနေတယ်ဆိုတာကို သတိရပေးပါနော်။