ဉာဏ်ရည်ထက်မြက်ခြင်းဆိုတာ မိခင်ဆီကနေ ရရှိုနိုင်တဲ့ မွေးရာပါအမွေအနှစ်ပါ

blank

            သင်ဟာ ဉာဏ်ကောင်းတဲ့သူတစ်ယောက်လား။ ဒါဆိုရင်တော့ သင့်မေမေကို ကျေးဇူးတင်လိုက်ပါ။ ဘာလို့လဲဆိုတော့ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဉာဏ်ရည်ဟာ မိခင်ဖြစ်သူရဲ့ ဉာဏ်ရည်ပေါ်မှာ များစွာ မူတည်နေလို့ပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။ ပညာရှင်တွေဟာ လူတစ်ယောက်ရဲ့ ဦးနှောက်က “မိဘတစ်ဦးတည်းရဲ့ မျိုးရိုးဗီဇသာပါဝင်တဲ့ အစိတ်အပိုင်း (၆)ခု” ကို သုတေသနပြုလုပ်ခဲ့ရာ ထို အစိတ်အပိုင်းတွေမှာ ဖခင်ရဲ့ မျိုးရိုးဗီဇတွေ လုံးဝမပါဝင်တာကို တွေ့ရပါတယ်။ အဲဒီအစိတ်အပိုင်း ၆ခုဟာ ဖြတ်ထိုးဉာဏ်၊ ဘာသာစကားသင်ယူမှု၊ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်တတ်မှုနဲ့ ကျိုးကြောင်းဆက်စပ်ပြီး တွေးတောတတ်မှုစတဲ့ ဉာဏ်ရည်တွေနဲ့ သက်ဆိုင်နေပါတယ်။ ဒါကြောင့် ဉာဏ်ရည်ကောင်းခြင်းဟာ မိခင်နဲ့များစွာ သက်ဆိုင်နေပါတယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့ IQ level ကလည်း မိခင်ဖြစ်သူနဲ့ များစွာ သက်ဆိုင်နေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ လူတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုဆိုတာ မျိုးရိုးဗီဇနဲ့တင် သက်ဆိုင်တာ မဟုတ်ပါဘူး။ ကလေးတစ်ယောက် မှတ်ဉာဏ်ကောင်းပြီး ထက်မြက်ဖို့ မိဘတွေအနေနဲ့ ကောင်းစွာ ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။ ကလေးတွေကို ဉာဏ်ကောင်းစေဖို့-

၁။ ကလေးတွေကို ငယ်ငယ်လေးကတည်းက စာဖတ်ပြပါ။

၂။ အနုပညာဘာသာရပ်တစ်ခုခုကို သင်ပေးပါ။

၃။ ခရီးအတူတူထွက်ပေးပါ။

၎။ ဂီတဆိုင်ရာ သင်တန်းတစ်ခုခု တက်ခိုင်းပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ မတူညီတဲ့ ယဉ်ကျေးမှုတွေအကြောင်း လေ့လာခိုင်းပါ။

၆။ ဟင်းချက်သင်ပေးပါ။

၇။ ကလေးတွေနဲ့ အတူတူ သစ်သားအိမ်လေးဆောက်ပါ။

၈။ ညစာအတူတူစားတဲ့အကျင့် လုပ်ထားပါ။

၉။ အတွေးအခေါ်တွေနဲ့ နိုင်ငံရေးအကြောင်းတွေကို ရင်းနှီးနေစေဖို့ မကြာခဏထည့်ပြောပါ။

ဒီလိုသာ လုပ်သွားမယ်ဆိုရင် မျိုးရိုးဗီဇကိုထည့်တွက်စရာမလိုဘဲ ထူးချွန်ပြီးဉာဏ်ကောင်းတဲ့ လူငယ်တွေ ဖြစ်လာမှာပါ။ မိခင်ရဲ့ဗီဇကြောင့် ရင်သွေးငယ်မှာ ဉာဏ်ကောင်းနိုင်သလို ဖခင်ဖြစ်သူရဲ့ အချိန်ပေးပြီး စနစ်တကျ ပြုစုပျိုးထောင်ပေးခြင်းကလည်း ရင်သွေးငယ်ကို ဉာဏ်ရည်ထက်မြက်လာစေပါတယ်။ မိခင်က ဘယ်လောက်ဉာဏ်ရည်ကောင်းနေပါစေ၊ ကောင်းစွာ ပျိုးထောင်ခြင်းမခံရတဲ့ သားသမီးတွေကတော့ ဘယ်လိုမှ ဉာဏ်ရည်ထက်မြက်လာနိုင်မှာ မဟုတ်ပါဘူး။

ပြိုင်ဆိုင်မှုတွေများပြီး ရှုပ်ထွေးနေတဲ့ လောကကြီးမှာ ကောင်းစွာပြုစုပျိုးထောင်မှုမပေးနိုင်ရင် မျိုးရိုးဗီဇကြောင့် ဉာဏ်ကောင်းတယ်ဆိုတာ ကြာရှည်မခံနိုင်ပါဘူး။ ဒါကြောင့် သင့်ရင်သွေးကို ချစ်တယ်ဆိုရင် သူဉာဏ်ရည်ထက်မြက်ဖို့၊ သူ့ဘဝကို အောင်မြင်စွာဖြတ်သန်းနိုင်ဖို့ မိဘတစ်ယောက်ဖြစ်တဲ့ သင်က အတတ်နိုင်ဆုံး ကြိုးစားပေးပါလို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။