စိန်ထည်လက်ဝတ်ရတနာတွေကို ဝတ်ဆင်ခြင်းရဲ့ အံ့မခန်းကောင်းကျိုးများ

blank
စာချစ်သူတို့ရေ…
 
စိန်ဆိုတာ လူတိုင်းစိတ်ဝင်စားကြတဲ့ တန်ဖိုးကြီးကျောက်မျက်ရတနာ တစ်မျိုးဖြစ်ပြီး ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ သဘာဝတွင်း ထွက်တစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ဖိအားနဲ့ အပူရှိန်ကို ခံနိုင်ရည်ရှိပြီး ကာဗွန်လေးတွေကနေ အဖိုးတန်သယံဇာတလေးဖြစ်လာတဲ့ စိန်ပွင့်လေးတွေကို ပန်ဆင်ခြင်းမှာလည်းကောင်းကျိုးတွေ များစွာ ရှိနေပါ တယ်။
လင်းလက်တဲ့စိန်ပွင့်လေးတွေကို ပန်ဆင်ခြင်းအားဖြင့်…
 
၁။ ဆွဲဆောင်မှုရှိစေပြီး လူချစ်လူခင်ပေါများစေတယ်။
 
၂။ မကောင်းတဲ့ အတိတ်ဆိုး၊ နိမိတ်ဆိုးတွေကို ကင်းကွာစေပြီး အမှောင့်ပယောဂတွေကို နှိမ်နင်းနိုင်တယ်။
 
၃။ စီးပွားလာဘ်လာဘတွေကို တိုးတက်စေတယ်။
 
၎။ ခန္ဓာကိုယ်ရဲ့ ဓာတ်ကြီးလေးပါးကို မျှတစေတဲ့အပြင် မျိုးပွားအင်္ဂါအဖွဲ့အစည်းနဲ့ဆိုင်တဲ့ ရောဂါတွေ၊ အရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကို သက်သာစေတယ်။
 
၅။ ပြောဆိုဆက်ဆံရတဲ့ ကိစ္စတွေကို အဆင်ပြေချောမွေ့စေတယ်။
၆။ အနုပညာနဲ့ ပတ်သက်တဲ့လုပ်ငန်းလုပ်ကိုင်တဲ့သူတွေကို စန်းပွင့်စေတယ်။
၇။ စိတ်နဲ့ကိုယ်ကို ငြိမ်းချမ်းစေပြီး အိမ်ထောင်ရေးသုခတွေကို ပြည့်စုံစေတယ်။
 
၈။ ယုံကြည်မှုကို တိုးပွားစေပြီး စိတ်ဓာတ်ကြံ့ခိုင်တက်ကြွစေတယ်။
၉။ စိတ်ကိုတည်ငြိမ်စေပြီး အတွေးအခေါ်တွေကို ရင့်သန်စေတယ်။
၁ဝ။ လူမှုဆက်ဆံရေးကောင်းမွန်စေပြီး အိမ်တွင်းရေးအဆင်မပြေမှုတွေ ကင်းစေတယ်။
 
၁၁။ အလုပ်ခွင်မှာ ဖျတ်တက်တက်ကြွစေပြီး လုပ်ရည်ကိုင်ရည်တွေ တိုးမြှင့်နိုင်တယ်။
 
၁၂။ တရားတပေါင် ကိစ္စတွေမှာ အနိုင်ရစေတယ်။
 
၁၃။ အကောင်းမြင်စိတ်တွေကို တိုးပွားစေပြီး ရဲရင့်တက်ကြွစေတယ်။
 
၁၄။ စိန်ခေါ်မှုတွေကို ရဲဝံ့စွာ ဖြတ်ကျော်နိုင်စေတယ်။
 
၁၅။ ချစ်ခြင်းမေတ္တာတွေ လေးနက်တည်ကြည်စေတယ်။ သစ္စာတရားတွေ မြဲမြံစေတယ်။
 
စာချစ်သူတို့ရေ….
 
အကျိုးကျေးဇူးများစွာရှိနေတဲ့ စိန်ပွင့်လေးတွေကို အဆောင်အဖြစ်ဆောင်ထားချင်တာပဲဖြစ်ဖြစ်၊ အလှအပအတွက် ပန်ဆင်ချင်တာပဲဖြစ်ဖြစ်၊ ချစ်ခင်ရသူတွေကို လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ် စိန်ထည်လေးတွေ ဝယ်တော့မယ်ဆိုရင် အရည်အသွေးနဲ့ပတ်သက်ပြီး စိတ်ချယုံကြည်ရတဲ့ စိန်တိုက်ကောင်းကောင်းကိုလိုက်ရှာဖို့လိုပါတယ်နော်။
 
စိန်ပွင့်လေးတွေရဲ့ အကျိုးကျေးဇူးကို အပြည့်အဝခံစားဖို့ အရည်အသွေးစစ်မှန်တဲ့ စိန်ပွင့်လေးတွေဖြစ်ဖို့လိုပါတယ်။
 
စာချစ်သူတို့ရဲ့ ဗဟုသုတရေးရာအတွက် ဂန္ထဝင်မဂ္ဂဇင်းနှင့် အရည်အသွေးစိတ်ချယုံကြည် ဈေးနှုန်းမှန်ကန်တဲ့ တော်ဝင်စိန်တိုက်မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။