မိန်းကလေးတစ်ယောက်ရင့်ကျက်လာတဲ့အခါ….

blank

မိန်းကလေးတစ်ယောက်ရင့်ကျက်လာတဲ့အခါ….

ဈေးကြီးကြီးအဝတ်အစားတွေထက် သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို နှစ်သက်လာမယ်။

ဝခြင်းပိန်ခြင်းတဲ့ ကျန်းမာရေးကောင်းမွန်ဖို့ကို အလေးပေးတတ်လာမယ်။

ကိုယ့်ကိုမုန်းနေတဲ့ သူတွေကို လျစ်လျူရှုတတ်လာပြီး ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်တတ်လာမယ်။

လူတွေဘယ်လိုဝေဖန်မလဲဆိုတဲ့အတွေးထက် ကိုယ့်အပေါ်ဘယ်လိုအကျိုးဆက်တွေ သက်ရောက်စေမလဲ ဆိုတာကို သုံးသပ်တတ်လာမယ်။

အပေါင်းအသင်းတွေနည်းလာပြီး လူအနည်းစုကိုပဲ စိတ်နစ်ပြီးပေါင်းသင်းတတ်လာမယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အသုံးနဲ့အဖြုန်းကို ကွဲကွဲပြားပြားသိလာပြီး လိုချင်တာထက် လိုအပ်တာကို ဝယ်တတ်လာမယ်။

အများနဲ့မတူညီတဲ့ ကိုယ့်ရဲ့ထင်မြင်ချက်တွေကို ရဲရဲဝံ့ဝံ့ထုတ်ဖော်တတ်လာမယ်။

မျက်ရည်တွေကို အနာဂတ်အတွက် အားအဖြစ် အသုံးချပြီး ဘဝကိုလျှောက်လှမ်းတတ်လာမယ်။

အပေါ်ယံအလှတရားတွေထက် စိတ်အလှတွေကို သတိထားပြီး ပြင်ဆင်တတ်လာမယ်။

တန်ဖိုးရှိတဲ့ အချိန်တွေကို မူယာမာယာတွေနဲ့ ဖြုန်းတီးပစ်ဖို့ နှမျောလာမယ်။

တစ်ယောက်တည်း အချိန်တွေကုန်ဆုံးရတာကို နှစ်သက်လာမယ်။

အမြင်တွေနဲ့ ဝေဖန်နေမယ့်အစား လက်တွေ့ကျတဲ့တွေးခေါ်မှုတွေနဲ့ ဆင်ခြင်တတ်လာမယ်။

သူတစ်ပါးတွေရဲ့ အမှားတွေကို လက်ညှိုးမထိုးတော့ဘဲ ကိုယ်ကိုယ်တိုင်မမှားအောင် ထိန်းသိမ်းလာမယ်။

နှလုံးသားနဲ့ ဦးနှောက်ကို အချိုးညီညီပေါင်းစပ်အသုံးပြုတတ်လာမယ်။

စာချစ်သူတွေရေ…

ဆယ်ကျော်သက်အရွယ်မှာ သစ်ရွက်ကလေးလှုပ်ရင်တောင် ရယ်ချင်ချင်ဖြစ်နေခဲ့တဲ့ မိန်းကလေးတွေဟာ အချိန်နဲ့အတွေ့အကြုံတွေကြောင့် အရာရာကို အကောင်းဆုံးကျော်ဖြတ်နိုင်စေတဲ့ ရင့်ကျက်တည်ငြိမ်မှုတွေကို ပိုင်ဆိုင်လာပါတယ်။ ဂန္ထဝင်စာချစ်သူ ညီမငယ်တို့အနေနဲ့လည်း ရင့်ကျက်ခြင်းနဲ့လှပတဲ့ ဘဝကိုပိုင်ဆိုင်နိုင်ပါစေရှင်။