ငွေကုန်ကြေးကျနည်းနည်းနဲ့ ခရီးများများသွားနိုင်စေဖို့ အကြံပြုချက်လေးများ

blank
Asian woman sitting on stone in Amazing View point in Nangyuan Island.

ခရီးထွက်ရတာကို ကြိုက်နှစ်သက်ပေမဲ့ ငွေကုန်ကြေးကျများလွန်းတာကြောင့် နောက်တွန့်နေ မိပါသလား။ ဒါဆိုရင်တော့ ငွေကုန်ကြေးကျနည်းနည်းနဲ့ ခရီးများများသွားနိုင်စေမယ့် အကြံပြုချက် လေးတွေကို ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။

 ၁။ အနီးဆုံးနိုင်ငံရဲ့လေယာဉ်ကို စီးပါ။

အိမ်နီးချင်းနိုင်ငံဆီပျံသန်းတဲ့လေယာဉ်ခတွေက အဝေးလေယာဉ်တွေထက် အများကြီးဈေး သက်သာပါတယ်။

၂။ လေယာဉ်လက်မှတ်လျှော့ဈေးတွေကို စုံစမ်းပါ။

လေယာဉ်လိုင်းတွေဟာ တစ်ချိန်နဲ့တစ်ချိန် လေယာဉ်လက်မှတ်ခတွေကို လျှော့ဈေးချပြီး ခရီး သည်တွေကို ဆွဲဆောင်လေ့ရှိပါတယ်။ ဒါကြောင့် လေယာဉ်လိုင်းတွေရဲ့ အချိန်နဲ့တစ်ပြေးညီသတင်း တွေကို စောင့်ကြည့်ပါ။ လက်မှတ်ဝယ်ယူရာမှာလည်း ဈေးဆစ်ပါ။

၃။ နံနက်စောစော ဒါမှမဟုတ် ညဘက်နောက်ကျမှ ထွက်တဲ့လေယာဉ်ချိန်တွေကို ရွေးပါ။

စောစောထွက်တဲ့လေယာဉ်နဲ့ နောက်ကျတဲ့လေယာဉ်တွေဟာ လူကြိုက်နည်းတဲ့အတွက် ဈေး သက်သာပါတယ်။ ဒါ့အပြင် ပိုလျှံနေတဲ့အချိန်များကြောင့် ရောက်တဲ့နေရာမှာ ပိုမိုလည်ပတ်လေ့လာ ရင်း အချိန်ဖြုန်းနိုင်ပါတယ်။

၎။ ခရီးစဉ်မှာ လှည့်လည်သွားလာတဲ့သီးသန့်ဘတ်စ်တွေအစား အများသုံး ပို့ဆောင်ရေးဘတ်စ်တွေကို ရွေးပါ။

        အများသုံးဘတ်စ်တွေနဲ့သွားလာခြင်းဖြင့် ငွေကုန်ကြေးကျသက်သာပြီး နေရာအနှံ့ပိုမိုလည် ပတ်နိုင်စေမှာ ဖြစ်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သက်သာမယ့်နည်းလမ်းတွေကို စဉ်းစားပါ။

ခရီးမထွက်ခင်ကတည်းက ငွေကြေးတွေကြိုတင်စုံစမ်းလဲလှယ်ထားခြင်းဖြင့် မြင့်မားတဲ့ ငွေ ကြေးလဲလှယ်မှုနှုန်းတွေကို ရှောင်ကြဉ်နိုင်ပါတယ်။ လက်ထဲမှာ ငွေကြေးတချို့ ကိုင်ဆောင်ထားဖို့ လည်း မမေ့ပါနဲ့။

၆။ နေ့လယ်စာကောင်းကောင်းစားပြီး အာဟာရဖြည့်ပါ။

ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေဟာ ညဘက်ဒင်နာချိန်တွေမှာ ဧည့်သည်အများဆုံးဖြစ် တာကြောင့် မနက်စာနဲ့နေ့လယ်စာကို အထူးလျှော့ဈေးတွေ ပေးလေ့ရှိကြပါတယ်။

၇။ ဈေးကြီးတဲ့စားသောက်ဆိုင်တွေအစား ဈေးချိုတဲ့ ပြည်တွင်းအစားအစာတွေကို ရွေးပါ။

        ပြည်တွင်းစားသောက်ဆိုင်လေးတွေက ဈေးသက်သာတဲ့အတွက် ခရီးစဉ်တစ်လျှောက်မှာ ကုန် ကျစရိတ်တွေကို များစွာလျှော့ချနိုင်မှာဖြစ်ပါတယ်။

၈။ ခရီးသွားအပလီကေးရှင်းတွေနဲ့ မြေပုံတွေကို ဖုန်းထဲမှာ ကြိုတင်ဒေါင်းလော့ဆွဲထားပါ။

အင်တာနက်မရတဲ့နေရာတွေမှာပါအသုံးပြုနိုင်တဲ့ အပလီကေးရှင်းနဲ့မြေပုံတွေကို ရှာဖွေထား ပါ။ အဲ့ဒီအရာတွေဟာ ခရီးလမ်းတလျှောက် ငွေကြေးမကုန်ကျဘဲ လမ်းညွှန်ပေးမယ့်အကောင်းဆုံး ဂိုက်တွေဖြစ်ပါတယ်။

၉။ ပြည့်စုံတဲ့ဝန်ဆောင်မှုနဲ့ အသက်သာဆုံးဖြစ်မယ့်ဈေးနှုန်းကို တောင်းဆိုပါ။

ဟိုတယ်အခန်းကြိုမှာတဲ့အခါ ဈေးဆစ်တာ၊ လေယာဉ်လက်မှတ်ဝယ်ယူရာမှာ လေယာဉ်ကွင်း ကနေ မြို့ထဲအထိ သယ်ယူပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုတွေကိုပါ မေးမြန်းထားတာမျိုးတွေ ပြုလုပ်ပါ။ အာရှနိုင်ငံတွေဆီသွားမယ်ဆိုရင်တော့ ဈေးဆစ်နိုင်လေ ကုန်ကျစရိတ်သက်သာလေပါပဲ။

၁ဝ။ ကုန်ကျစရိတ်%