ကိုယ့်ကိုယ်ကိုပြောင်းလဲသွားပြီလို့ ခံစားရနေတယ်ဆိုရင်

blank

သင်ဟာ ဟိုးငယ်ငယ်တုန်းက ဘယ်လိုလူတစ်ယောက်လဲ။ လောကကြီးရဲ့ ပြောင်းလဲမှုတွေကို ခံယူရင်းသင်ဟာ ဘယ်လိုလူတစ်ယောက်ဖြစ်လာခဲ့လဲ။ အဲဒီမေးခွန်းနှစ်ခုကို တွေးကြည့်ဖူးလား ပရိသတ်ကြီးရေ…။

တစ်ခါတလေမှာ သင်ဟာ သင်အရင်တုန်းက ပုံစံမျိုးဖြစ်နေချင်ပေမယ့် နေလို့မရတော့တဲ့အခါ သင့်ကိုယ်သင် အခြားလူတစ်ယောက်ကို မြင်သလိုမြင်မိလိမ့်မယ်။ ငယ်ငယ်တုန်းကဖြူစင်ခြင်းတွေမရှိတော့လို့ သင့်ကိုယ်သင်အားမလိုအားမရဖြစ်ချင်ဖြစ်နေလိမ့်မယ်။

သင့်စိတ်နှလုံးသားဟာ ငယ်ငယ်က ပေါ့ပါးသွက်လက်ခဲ့သလောက် ဓားသွားပေါ်မှာ လျှောက်နေသလို ခြောက်ခြားလေးလံနေလိမ့်မယ်။  ငယ်ငယ်တုန်းက နှုတ်သွက်လျှာသွက်ရှိတဲ့သင်ဟာ အခုတော့ နှုတ်နည်းသူတစ်ယောက်ဖြစ်လာချင်ဖြစ်လာလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်ခါတလေမှာ သင့်မျက်နှာပေါ်ကို အပြုံးတုတစ်ခုတပ်ဆင်ပြီး မိတ်ဆွေယောင်ဆောင်တဲ့ လူတွေကို ပြုံးပြနေရတတ်တယ်။ ဘယ်တော့မှအတောမသတ်နိုင်တဲ့ မျှော်လင့်ချက်တွေနောက်လိုက်ရင်း သင်မောပန်းချင်မောပန်းနေလိမ့်မယ်။ သင့်ကိုစောင့်ကြည့်နေတဲ့ မျက်လုံးတွေကြောင့် အသက်ရှူကြပ်သလိုခံစားနေရလိမ့်မယ်။ သင်ချစ်တဲ့သူတွေရဲ့ ဆန္ဒကိုဖြည့်ဆည်းရင်း သင့်ဘဝဟာငယ်ငယ်တုန်းကနဲ့ မတူဘဲ တစ်စတစ်စ ပြောင်းလဲလာလိမ့်မယ်။

တကယ်တော့ပရိသတ်ကြီးရေ…

သင့်ရဲ့ပြောင်းလဲမှုတွေက တစ်စုံတစ်ယောက်ရဲ့ ပုံသွင်းမှုတွေမဟုတ်ရင်တောင် သင်ကိုယ်တိုင်က ပတ်ဝန်းကျင်နဲ့အသားကျအောင် နေထိုင်ရင်း၊ လောကရဲ့နိယာမတွေကိုသင်ယူရင်း ပြောင်းလဲလာမှုတွေပါ။ ဒါ့ကြောင့်သင့်ကိုယ်သင် အပြစ်ရှိသလိုခံစားနေရတာ၊ အားမလိုအားမရဖြစ်နေတဲ့အခါမျိုးမှာ လူတိုင်းဟာ လောကကြီးနဲ့ အလိုက်သင့်ဖြစ်ဖို့ အမြဲတမ်းပြောင်းလဲ တိုးတက်နေတယ်ဆိုတာကို မှတ်ထားပါ။ ပြောင်းလဲမှုအားလုံးကို အလိုက်သင့်လက်ခံပြီး သင်ကိုယ့်သင် ချစ်မြတ်နိုးလိုက်ပါ။ ငယ်ငယ်တုန်းကဖြူစင်ခြင်းတွေဟာ လောကကြီးကိုရင်ဆိုင်ဖို့ ရင့်ကျက်ခြင်းအဖြစ်ပြောင်းလဲသွားတယ်ဆိုတာကို လက်ခံလိုက်မယ်ဆိုရင် သင့်ကိုယ်သင်အားမလိုအားမရဖြစ်နေတာတွေလည်း ရှိတော့မှာမဟုတ်ပါဘူး။

သဘောကျနှစ်ခြိုက်ခဲ့ရင် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦး။