အငြင်းပွားစရာတွေကြုံလာတဲ့အခါ ဒီပုံပြင်လေးကို သတိရလိုက်ပါ။

blank

တစ်ခါတုန်းက စိမ်းစိုအုံ့မှိုင်းတဲ့ ညောင်ပင်ကြီးတစ်ပင်အောက်မှာ ခါငှက်တစ်ကောင်ဟာ သိုက် မြုံလေးဆောက်ပြီး နေထိုင်နေပါတယ်။ တစ်နေ့မှာ ခါငှက်ဟာ စားစရာတစ်ခုခုရှာဖွေဖို့အတွက် လယ် ကွင်းတစ်ခုဆီကို ထွက်ခွာခဲ့တယ်။ အဲ့ဒီလယ်ကွင်းထဲမှာ စားစရာတွေများပြားလှတဲ့အတွက် ချက်ချင်း သိုက်မြုံမပြန်သေးဘဲ ရက်အတန်ကြာအောင် နေထိုင်နေခဲ့တယ်။

ခါငှက်မရှိချိန်အတွင်းမှာ ယုန်တစ်ကောင်ဟာ ခါငှက်ရဲ့သိုက်မြုံထဲမှာ လာရောက်နေထိုင်နေ တယ်။

အစာဝသွားတဲ့ခါငှက်ဟာ နေရပ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ သိုက်မြုံဆီပြန်ရောက်တဲ့အခါ မှာ ယုန်တစ်ကောင်က နေရာဦးထားတာကို တွေ့လိုက်ရတော့ စိတ်ဆိုးသွားတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ ဒါ ကျွန်တော့်အိမ်ဗျ။ အခုချက်ချင်း ထွက်သွားပေးပါ ”

အိမ်ထဲရောက်နေတဲ့ယုန်က ခေါင်းခါပြပြီး “ ဘယ်သူ့အိမ်ဖြစ်ဖြစ် အခု ကျွန်တော်နေနေတာ။ ကျွန်တော့်အိမ်ဖြစ်သွားပြီ ” လို့ ပြန်ပြောတယ်။

နှစ်ကောင်သား ငြင်းခုံကြပြီး ခဏအကြာမှာပဲ တိုက်ခိုက်ကြတော့တယ်။

အဲ့ဒီသစ်ပင်အနီးအပါးမှာ ကြောင်ကြီးတစ်ကောင်နေထိုင်ပါတယ်။ ခါငှက်နဲ့ ယုန်ဟာ သူတို့ရဲ့ အငြင်းပွားမှုပြဿနာကို ကြောင်ကို ကူညီဖြေရှင်းခိုင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကြောင်ကလည်း သူတို့ပြဿနာကို “ ကူညီပါ့မယ်” လို့ ကတိပေးတယ်။

ခါငှက်နဲ့ ယုန်က သူတို့ဖြစ်ပျက်နေတဲ့ပြဿနာကို ကြောင်ကို ရှင်းပြကြတယ်။ ကြောင်က သူတို့ ပြောတာကို သိပ်မကြားချင်ဟန်ဆောင်ပြီး “ ကျွန်တော်က နားသိပ်မကောင်းဘူးဗျ။ ကျေးဇူးပြုပြီး ကျွန် တော့်အနားကို ကပ်ပြီး ပြောပြကြပါလား”လို့ တောင်းဆိုတယ်။ ဒေါသဇောကပ်နေတဲ့ ခါငှက်နဲ့ ယုန် ဟာ ကြောင်အနီးကို တိုးကပ်သွားကြတယ်။ ကောက်ကျစ်တဲ့ကြောင်ဟာ သူတို့နှစ်ကောင်ကို လျင်မြန် စွာနဲ့ ခုန်အုပ်သတ်ဖြတ်ပြီး စားသောက်ပစ်လိုက်တော့တယ်။

စာချစ်သူတို့ရေ…တစ်ခါတရံ လောကကြီးမှာလည်း ဒီပုံပြင်လေးထဲကလိုပါပဲ။ လူနှစ်ယောက် အငြင်းပွားပြီး တိုက်ခိုက်ကြတဲ့အခါ ကြားထဲက တတိယလူက ကူညီချင်ယောင်ဆောင်ပြီး အမြတ် ထုတ်သွားတတ်ပါတယ်။ သင်ခန်းစာယူပြီး ဆင်ခြင်သတိပြုနိုင်စေဖို့ ပုံပြင်လေးကို ရေးသားတင်ဆက် လိုက်ပါတယ်။

စာစောင်လေးကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။