ဉာဏ်ရည်နိမ့်ပါးပေမဲ့ ကမ္ဘာကျော်မော်ဒယ်လ်ဖြစ်အောင် ကြိုးစားခဲ့တဲ့ မေဒလင်းစတော့ခ်

blank

စာချစ်သူတို့ရေ…

မေဒလင်းစတော့ခ် (Madeline Stuart) ဆိုတဲ့ မိန်းကလေးဟာ သာမန်မိန်းကလေးငယ် တစ်ဦးတော့မဟုတ်ပါဘူး။ ယနေ့ဖက်ရှင်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေပြီဖြစ်တဲ့ ကမ္ဘာ ကျော်မော်ဒယ်လ်တစ်ဦးပါ။ တခြားသူတွေနဲ့မတူတာက သူမဟာ Down Syndrome လို့ခေါ်တဲ့ဉာဏ် ရည်နိမ့်ပါးသူလေးတစ်ဦးဖြစ်နေတာပါ။

သူမကို ၁၉၉၆ ခုနှစ်၊ သြစတေးလျနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ ဉာဏ်ရည်နိမ့်ပါးသူလေးဖြစ်ပေမဲ့ သူမဟာ အသက် ၁၈ နှစ်မှာပဲ သူမရဲ့ပွဲဦးထွက်ဖက်ရှင်ရှိုးကို နယူးရော့ခ်ဖက်ရှင်ကော်ဇောနီပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ အဲ့ဒီကနေတဆင့် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခံရတဲ့ အင်တာနေရှင် နယ်မော်ဒယ်လ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

သူမမှာ မော်ဒယ်လ်အနုပညာပိုးစတင်ခဲ့တာကတော့ သူမရဲ့မိခင်နဲ့အတူ သြစတေးလျဖက်ရှင် ရှိုးပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့အချိန်ကပါ။ အဲ့ဒါနဲ့ပတ်သက်ပြီး မကြာသေးခင်က သူမရဲ့ အင်တာဗျူး တစ်ခုမှာ ပြောခဲ့ပါသေးတယ်။

“ သည်မတိုင်ခင်က ကျွန်မ ဘယ်ဖက်ရှင်ရှိုးပွဲကိုမှ မကြည့်ခဲ့ဖူးပါဘူး။ အဲ့ဒီနေ့က လျှောက်လမ်း ပေါ် ကျော့ကျော့လေးလျှောက်နေကြတဲ့ မိန်းကလေးတွေကို တွေ့လိုက်ရတဲ့အချိန်မှာ ကျွန်မ သူတို့ကို သိပ်ချစ်သွားတယ် ”

သူမကိုယ်သူမလည်း တစ်နေ့ကျရင် လျှောက်လမ်းပေါ်လျှောက်နိုင်သူဖြစ်စေရမယ်လို့ ဆုံးဖြတ် ခဲ့ပြီး တကယ်အကောင်အထည်ပေါ်အောင်လည်း ကြိုးစားပြခဲ့တယ်။ သူမရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့ ရေကူးတယ်။ ကတယ်။ အမျိုးမျိုး ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ သူမဟာ မိခင်ဖြစ်သူရဲ့ အကူအညီနဲ့ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာရှေ့မှာ ယုံကြည်မှုရှိရှိ ဓာတ်ပုံအရိုက်ခံဖို့ အဆင်သင့်ဖြစ် လာခဲ့တယ်။ ရှုတင်မှာ ရိုက်ကူးထားတဲ့ သူမရဲ့ဓာတ်ပုံတွေကို အွန်လိုင်းပေါ်တင်ပြီး တစ်ပတ်အကြာ မှာပဲ ပုံတွေဟာ လူတွေကြားထဲကို ပျံ့နှံ့သွားခဲ့တော့တယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူမရဲ့ပွဲဦးထွက်ဖက်ရှင်ရှိုးပွဲပြီးတဲ့နောက်မှာတော့ သူမဟာ ကမ္ဘာ့ပထမဆုံးဉာဏ်ရည်နိမ့်မော် ဒယ်လ်တစ်ယောက်အဖြစ် သူမရဲ့သမိုင်းသစ်ကို ဖန်တီးနိုင်ခဲ့တယ်။၂ဝ၁၅ ကတော့ သူမအတွက် တ ကယ့်ကို ကြီးကျယ်ခန်းနားခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ။ သူမရဲ့ အိပ်မက်တွေခရီးတွင်လာတာနဲ့အမျှ ခရီးတွေ များစွာ ထွက်လာခဲ့ရတဲ့အပြင် ဆန်ဖရန်စစ္စကို (San Francisco) ရဲ့ The Model of the Year Award 2015  ဆုကို လက်ခံရရှိခဲ့တယ်။

အောင်မြင်လာပြီးနောက်မှာ သူမရဲ့ဝက်ဘ်ဆိုက်ပေါ်မှာ ရေးသားခဲ့တာကတော့ “ တကယ် တော့ ဒါဟာ သတ္တိရှိရှိ အစပြုခဲ့ တာကြောင့် ကျွန်မယုံကြည်ပါတယ်။ ဒါဟာ မော်ဒယ်လ်လုပ်တာ သက်သက်မဟုတ်ပါဘူး။ ကမ္ဘာတစ် ခုကို ပြောင်းလဲပစ်လိုက်တာပါ။ ဝေဖန်နှိမ့်ချမှုတွေကို ရပ်တန့်ခြင်း လည်းဖြစ်တယ်။ ပြီးတော့ အရိုးစွဲ လာတဲ့နံရံတွေကို ချိုးဖျက်ပစ်လိုက်ခြင်းလည်းဖြစ်တယ်။ အဲ့ဒီအရာ တွေပြုလုပ်ဖို့ ကျွန်မမော်ဒယ်လ်ဖြစ်လာတာပါ။ ကျွန်မက လူတိုင်းကို ချစ်တတ်စေချင်တယ်။ လူသား အချင်းချင်းအပေါ်မှာ ဘယ်လိုပဲဖြစ်ဖြစ် အချစ်စိတ်ရှိကြစေချင်ပါတယ် ”

သူမရဲ့စိတ်ဝင်စားစရာဘဝဇာတ်လမ်းဟာ အားနည်းတယ်လို့အများသတ်မှတ်ထားကြတဲ့ ဉာဏ်ရည်ဒုတိယအဆင့်နဲ့ မိန်းမသားတစ်ယောက်ရဲ့ ရဲရင့်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ရဲ့ အတုယူစရာ ပြယုဂ်ပါပဲ။ တကယ်တော့ လူတိုင်းရဲ့ဘဝမှာ မိမိဖြစ်ချင်တာကိုဖြစ်ဖို့ဆိုရင် မိမိစိတ်ကို တွန်းအားပေး မောင်းနှင်ဖို့က အရေးကြီးဆုံးပါပဲ။

စာချစ်သူများအားလုံးလည်း မိမိတို့ဖြစ်ချင်တဲ့အနာဂတ်မျိုးကို ရဲရင့်စွာပုံဖော်ဖန်တီးနိုင်သူတွေ ဖြစ်ကြပါစေနော်။ စိတ်ဓာတ်ခွန်အားလေးတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။