စိတ်နဲ့ကိုယ်နှစ်ပါး ကျန်းမာပျော်ရွှင်စေမယ့် အလွယ်ကူဆုံးနည်းလမ်းလေးများ

blank
Closeup portrait of attractive young woman smiling

ပရိသတ်ကြီးရေ….

ယနေ့ခေတ်ကြီးမှာ လိုအပ်ချက်တွေအတွက် ရုန်းကန်ရင်း စိတ်ထောင်းကိုယ်ကြေဖြစ်စရာတွေ၊ စိတ်ဓာတ်ကျတာတွေကြုံတွေ့နေရပြီး ဘဝဟာ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ပြည့်နှက်လာပါတယ်။ အဲဒီလိုအလိုမကျတာတွေများလာတဲ့အခါ ကိုယ်ကျန်းမာရေးထိခိုက်လာရသလို စိတ်ဟာလည်း နေမကောင်းဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ကျွန်မတို့တွေဟာ ကိုယ်နေမကောင်းတာကို ဂရုတစိုက်ရှိတတ်ကြပေမဲ့ စိတ်ကျန်းမာရေးကိုတော့ ဂရုစိုက်ဖို့မေ့နေတတ်ကြတယ်။ စိတ်ကျန်းမာရေးမကောင်းသူဆိုတာနဲ့ ရူးသွမ်းနေတဲ့သူတွေလို့သာ မြင်နေတတ်ပါတယ်။ တကယ်တော့ စိတ်ဆိုတာကလည်း ကျွန်မတို့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် လူတိုင်း စိတ်ကျန်းမာရေးကောာင်းမွန်ပျော်ရွှင်ဖို့ ဂရုတစိုက်နဲ့ ထိန်းသိမ်းဖို့လိုပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ပူပန်မှုတွေကို လျော့ချနိုင်တဲ့အခါ စိတ်ကျန်းမာရေးကောင်းမွန်ပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်စိတ်နှစ်ပါးကျန်းမာပျော်ရွှင်ဖို့အတွက်…

၁။ မိမိကိုယ်ကို ကြင်နာမှု၊လေးစားမှု၊ တန်ဖိုးထားမှုနဲ့ ဆက်ဆံပါ။

၂။ မိမိနှစ်သက်တဲ့အစားအစာတွေစားသောက်သလိုပဲ အာဟာရပြည့်ဝတဲ့ အစားအစာတွေကိုလည်း ပုံမှန်စားသုံးပေးပါ။

၃။ မိမိကို စိတ်ဓာတ်တက်ကြွစေတဲ့ လူတွေနဲ့ မိမိကိုယ်ကိုဝန်းရံထားရှိပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎ ။ အကူအညီလိုနေတဲ့သူတွေကို ကူညီပါ။ လူသစ်တွေနဲ့ မိတ်ဆွေဖွဲ့ပါ။

၅။ စိတ်ဖိစီးမှုတွေ လျော့ကျစေဖို့အတွက် လေ့ကျင့်ခန်းလုပ်ပါ။

၆။ စိတ်တည်ငြိမ်စေဖို့အတွက် တရားထိုင်ပါ။

၇။ လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်တွေကို ချမှတ်ထားပါ။

၈။ တစ်ခါတလေမှာ သမားရိုးကျလုပ်ရိုးလုပ်စဉ်တွေကနေ ဖောက်ထွက်ပြီး အသစ်အဆန်းတွေလုပ်ကြည့်ပါ။

၉။ အရက်နဲ့ မူးယစ်စေတတ်တဲ့ အရာတွေကို ရှောင်ရှားပါ။

၁ဝ။ မိမိမစွမ်းဆောင်နိုင်တဲ့ အရာတွေအတွက်  အကူအညီတောင်းခံဖို့ မတွန့်ဆုတ်ပါနဲ့။

စာချစ်သူတွေအားလုံး ကာယ၊စိတ္တနှစ်ပါးလုံးပေါ့ပါးပျော်ရွှင်ပြီး နေ့ရက်တိုင်းကို အကောင်းဆုံးကျော်ဖြတ်နိုင်စေဖို့ ရည်ရွယ်ရင်း ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။