ဘယ်လိုအခက်အခဲနဲ့ပဲကြုံကြုံ စိတ်အားတင်းထားပါ။ ဘာလို့လဲဆိုတော့…

blank

          သင်ချစ်ရသူတွေ သင့်ကိုစွန့်ခွာသွားရင်တောင် စိတ်အားတင်းထားပါ။ သင်ချစ်တဲ့သူတွေကို ဆုံးရှုံးလိုက်ရရင်တောင် သင့်ကိုယ်သင်မဆုံးရှုံးရအောင် အားတင်းထားပါ။ သင့်အတွင်းစိတ်ရဲ့ လှပမှုကို ရှာဖွေလိုက်ပါ။ သင့်ရဲ့ စိတ်ခွန်အားကို သင်တစ်ခါ ပိုင်ဆိုင်လိုက်ပြီဆိုတာနဲ့ သင့်ဆီက ဘယ်သူမှ လုယူမသွားနိုင်ပါဘူး။

တစ်လောကလုံးက သင့်ကိုဆန့်ကျင်နေတယ်ဆိုရင်တောင် စိတ်အားတင်းထားပါ။  မုန်တိုင်းလေပွေတွေက သင့်ကို လှဲချနေပါစေ၊ သင်မြဲမြဲရပ်နေပါ။ ဒဏ်ရာရချင်သလောက်ရပါစေ၊ စိတ်နှလုံးကိုတော့ အထိခိုက်မခံပါနဲ့၊ သူများအောက်မနိမ့်ကျပါစေနဲ့၊ လောကကြီးကြောင့် သင့်ခွန်အားတွေ ယုတ်လျော့မသွားပါစေနဲ့။ လောကဓံဆိုတာ တကယ်တော့ သင့်စိတ်ဓာတ်ရဲ့ မာကျောမှုနဲ့ ခံနိုင်ရည်စွမ်းကို စမ်းသပ်နေတဲ့ စာမေးပွဲတစ်ခုဆိုတာ မှတ်ထားလိုက်ပါ။

စိတ်အားတင်းထားပါ။ ဘာလို့လဲဆိုတော့ သင့်ရဲ့ စိတ်ခွန်အားက သင့်ကို ကာကွယ်ပေးနေတဲ့တံတိုင်းတစ်ခု၊ သင့်ကိုလမ်းပြပေးနေတဲ့ လမ်းပြကြယ်၊ ပြီးတော့ သင့်ဘဝလမ်းခရီးအတွက် မီးအိမ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စိတ်အားတင်းထားပါ။ ဘာလို့လည်းဆိုတော့ သင့်စိတ်ခွန်အားကသာ သင့်ဘဝကို မနာလိုတဲ့သူတွေရဲ့ ယုတ်မာမှုတွေကနေ ကြံ့ကြံ့ခံနိုင်စေမှာမို့လို့ပါ။

စိတ်အားတင်းထားပါ။ ဘာလို့လဲဆိုတော့ သင်ဟာ သင့်ရဲ့စိုးရိမ်မှုတွေ၊ သင့်ဘဝရဲ့စိန်ခေါ်မှုတွေ၊ သင့်ဘဝရဲ့အခက်အခဲတွေ၊ သင့်ဘဝရဲ့ နာကျင်မှုတွေထက် ခွန်အားကြီးလို့ပါ။

စိတ်အားတင်းထားပါ။ ဘာလို့လဲဆိုတော့ သင့်ဘဝတိုက်ပွဲတွေက သူ့အလိုလို အနိုင်ရသွားမှာ မဟုတ်လို့၊ သင့်ဘဝရဲ့ နတ်ဆိုးတွေကလည်း သူ့အလိုလို ပျောက်ကွယ်သွားမှာ မဟုတ်လို့ပါ။ လောကကြီးနဲ့ တိုက်ခိုက်ရမယ့်ဘဝစစ်ပွဲမှာ ကိုယ့်ကိုယ်ကို ရန်သူတစ်ယောက်လို ပြန်လည်တိုက်ခိုက်နေလို့ မရဘူးလေ။

စိတ်အားတင်းထားပါ။ ဘာလို့လည်းဆိုတော့ သင်ဟာ သူရဲကောင်းတစ်ယောက်ဖြစ်နေလို့ပါ။ သူရဲကောင်းတစ်ယောက်ဟာ အမြဲတမ်းတော့ အနိုင်မရနိုင်ပါဘူး။ ဒါပေမဲ့ ဘယ်တော့မှလည်း အရှုံးမပေးတတ်ကြဘူးလေ။ နောက်ဆုံးအချိန်ထိ ကြိုးစားတိုက်ခိုက်နေကြတာပဲ မဟုတ်လား။

စိတ်အားတင်းထားပါ။ ဘာလို့လဲဆိုတော့ လူတွေအားလုံး သင့်ကို အခက်အခဲတွေကို တွန်းလှန်နိုင်သူ၊ ဇွဲကြီးသူ၊ အောင်နိုင်သူတစ်ယောက်အဖြစ် စံထားပြီး လေးစားအတုယူရတဲ့တစ်နေ့ကို ရောက်လာဦးမှာကြောင့်မို့ပါ။

စိတ်အားတင်းထားပါ။ ဘာလို့လဲဆိုတော့ သင်ပိုင်ဆိုင်ထားတဲ့ စိတ်ခွန်အားကိုအသုံးချပြီး အားငယ်နေသူတွေကို ဖေးမကူညီနိုင်မှာ မို့လို့ပေါ့။

စိတ်ခွန်အားအပြည့်ရှိကြောင်းကို ဒီစာစောင်လေးကို SHARE ပြီး သက်သေပြလိုက်ပါ။