ငိုကြွေးခြင်းကြောင့် ရလာနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးများ

blank

        ကျွန်မတို့လို လူသားတွေသာမက တိရစ္ဆာန်လေးတွေပါ ဝမ်းနည်းမှုကို ခံစားတတ်တယ်ဆိုတာကို သင်သိပါသလား။ သတ္တဝါအားလုံးဟာ သူတို့ဝမ်းနည်းကြောင်းကို အမူအရာအသီးသီးနဲ့ ဖော်ပြကြပါတယ်။ ကျွန်မတို့လူသားတွေ ငိုကြွေးကြသလိုပေါ့။

တချို့လူတွေဟာ ငိုကြွေးခြင်းကို စိတ်ဓာတ်ပျော့ညံ့တဲ့လုပ်ရပ်ဆိုပြီ မငိုဖို့ တားမြစ်ကြတယ်။ တကယ်တော့ ငိုကြွေးခြင်းဟာ စိတ်ပိုင်းဆိုင်ရာအတွက်သာမက၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အောက်ပါကောင်းကျိုးတွေ ရှိစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

 ၁။ ခန္ဓာကိုယ်စွမ်းအင်ကို တိုးမြှင့်ပေးတယ်။

ခန္ဓာကိုယ်ကိုသန့်စင်အောင်ရေချိုးလိုက်သလို ငိုကြွေးခြင်းဟာလည်း နာကျင်ခံစားမှုတွေကို လျော့ပါးစေပြီး စိတ်နှလုံးကို သန့်စင်ကြည်လင်စေပါတယ်။ စိတ်နှလုံးသန့်စင်သွားတဲ့အခါ ခန္ဓာကိုယ်တွင်းစွမ်းအင်ရဲ့ စက်ကွင်းရှင်းလင်းသွားပြီး ရှေ့ဆက်ကြိုးစားနိုင်ဖို့ ခွန်အားတွေဖြစ်စေပါတယ်။

၂။ ကိုယ့်ရဲ့မသိစိတ်ကို ပိုမိုနားလည်သိရှိစေတယ်။

ဝမ်းနည်းစရာကြုံရလို့ ငိုနေပြီဆိုရင် လက်ရှိမျက်ရည်ကျစေတဲ့အကြောင်းအရာတွေအပြင် အခြားအကြောင်းအရာတွေကိုပါ တွေးမိပြီး ကိုယ့်ရဲ့မသိစိတ်မှာ ဘာတွေရှိနေတယ်ဆိုတာကို သိရပါတယ်။ ဥပမာပေးရရင် အချစ်ရေးအဆင်မပြေဘဲ ဝမ်းနည်းအားငယ်ရတဲ့အခါမှာ နှစ်သိမ့်ပေးနိုင်တဲ့သူတစ်ယောက်ကို တမ်းတမိသလိုပေါ့။ ဒါဟာ သင်အချစ်ရေးအဆင်ပြေနေချိန်မှာ သူကသင့်အတွင်းစိတ်ထဲမှာ ရှိနေလို့ပေါ့။

၃။ ကျန်းမာရေးပြဿနာကြီးတွေကို ကာကွယ်ပေးတယ်။

နှလုံးသားထဲမှာ မျိုသိပ်ထားတဲ့နာကျင်ခံစားမှုတွေများလာရင် ခန္ဓာကိုယ်အတွင်းမှာ ရောဂါတွေ၊ နာကျင်မှုတွေအဖြစ် ပြောင်းသွားနိုင်ပါတယ်။ ငိုကြွေးလိုက်ခြင်းကြောင့် နာကျင်ခံစားမှုတွေလျော့ကျသွားပြီး စိတ်ကြောင့်ဖြစ်ရတဲ့ စိတ်ထောင်းကိုယ်ကြေရောဂါတွေကို လျော့ပါးစေပါတယ်။

အငိုလွယ်တဲ့သူငယ်ချင်းလေးတွေအတွက် SHARE ပေးလိုက်ပါဦးနော်။