စေတနာဆိုတာ နှစ်ဦးနှစ်ဖက်အတွက် ကောင်းကျိုးချမ်းသာပါ

blank

တစ်ခါတုန်းက ရွာတစ်ရွာမှာ စိုက်ပျိုးရေးအလွန်ဖြစ်ထွန်းတဲ့ လယ်သမားကြီးတစ်ယောက်ရှိပါ တယ်။ လယ်သမားကြီးစိုက်ပျိုးတဲ့ကောက်ပဲသီးနှံတွေက ထူးထူးခြားခြား အောင်မြင်ဖြစ်ထွန်းလှတာ ကြောင့် နှစ်စဉ်ကျင်းပတဲ့ ကောက်ပဲသီးနှံပြိုင်ပွဲတိုင်းမှာ အမြဲတမ်းအနိုင်ရရှိခဲ့တယ်။ ဒီလိုနဲ့ ဂုဏ်သ တင်းတွေကျော်ဇောလာပြီး တစ်ရက်မှာ မြို့ပေါ်ကသတင်းထောက်တစ်ယောက်ဟာ အင်တာဗျူးဖို့ လယ်သမားကြီးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါတော့တယ်။ တွေ့ဆုံကြတဲ့အခါမှာ သ တင်းထောက်က မေးခွန်းတစ်ခုအရင်စမေးပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

“ ဦးကြီးရဲ့စိုက်ခင်းတွေ အခုလို အောင်မြင်ဖြစ်ထွန်းနေရတဲ့လျှို့ဝှက်ချက်ကို ကျွန်တော်သိပါ ရစေ”

လယ်သမားကြီးက “ အဓိကလျှို့ဝှက်ချက်ကတော့ ကျုပ်ရဲ့အကောင်းဆုံးမျိုးစေ့အကြောင်း ခြံ နီးချင်းတွေကို ပြန်မျှဝေပေးတာပါပဲ ငါ့တူရယ်” လို့ ခပ်တိုတိုပဲဖြေတယ်။ လယ်သမားကြီးရဲ့အဖြေကို ကြားလိုက်ရတဲ့အခါမှာ သတင်းထောက်ခမျာ နားမလည်နိုင်အောင်ဖြစ်သွားပါတယ်။

“ အဲ့ဒီအကောင်းဆုံးမျိုးစေ့အကြောင်း ဦးကြီးရဲ့ခြံနီးချင်းတွေကို ပြောပြတော့ သူတို့က အပြိုင် အဆိုင်လိုက်စိုက်ကြတော့မှာပေါ့။ ဦးကြီးအနိုင်ရချင်တယ်ဆိုရင် အဲ့ဒီလို မပြောပြသင့်ဘူး မဟုတ်လား”

သတင်းထောက်ရဲ့ဝေဖန်စကားကို ကြားရတော့ လယ်သမားကြီးက ပြုံးပါတယ်။

“ ဒါက ဒီလိုရှိတယ် ငါ့တူရဲ့။ ကောက်ပဲသီးနှံပင်တွေဆိုတာ ကြီးထွားရင့်မှည့်လာတဲ့အခါ ဝတ် ဆံမှုန်လေးတွေက လေတိုက်တိုင်းယိမ်းနွဲ့ပြီး လယ်ကွင်းတစ်ခုကနေတစ်ခုဆီ အကုန်ပျံ့နှံ့သွားကြ တာပါ။ ငါ့တူပြောသလို ညံ့တဲ့စပါးမျိုးစေ့ကို ကျုပ်ရဲ့ခြံနီးချင်းတွေက စိုက်ကြမယ်ဆိုရင် ကျုပ်ခြံထဲက ကောက်ပဲသီးနှံတွေလည်း အခုလို အရည်အသွေးကောင်းကောင်းမွန်မွန် ဘယ်ဖြစ်ထွန်းပါတော့မလဲ။ ကျုပ်ခြံထဲက ကောက်ပဲသီးနှံတွေ အရည်အသွေးကောင်းစေချင်တယ်ဆိုရင် ကျုပ်ရဲ့ခြံနီးချင်းတွေကို လည်း အရည်အသွေးကောင်းတဲ့မျိုးစေ့တွေ စိုက်ပျိုးနိုင်ဖို့ ကျုပ်ကူညီရမှာပေါ့ ”

ကဲ… ပရိသတ်ကြီးရေ ဒီပုံပြင်လေးထဲကလိုပါပဲ။ ကျွန်မတို့လည်း ဘဝမှာ အဓိပ္ပာယ်ပြည့်ဝပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ခွင့်ရချင်တယ်ဆိုရင် ကျွန်မတို့နံဘေးမှာရှိနေတဲ့သူတွေရဲ့ ဘဝကိုလည်း အဆင်ပြေပျော်ရွှင်အောင် ကူညီပေးသင့်ပါတယ်။ တကယ်တော့ စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာ တခြားသူ တွေဆီကို ကျွန်မတို့ မျှဝေပေးလိုက်တဲ့ပျော်ရွှင်ခြင်းက ကျွန်မတို့ဆီကို ပြန်လည်ကူးစက်လာတတ်တဲ့ ဆုလာဘ်ပဲ ဖြစ်ပါတယ်။

ယခုစာစောင်လေးကို နှစ်သက်တယ်ဆိုရင် တခြားသူတွေကိုပါ ပြန် SHARE လိုက်ပါဦးနော်။