သို့… ချစ်လှစွာသော “ ငါ” ရေ…

blank
ရင်နဲ့မဆံ့အောင် နာကျင်နေရပြီမဟုတ်လား။

အခုချိန်ကစပြီး နင့်ကို ဆက်လက်နာကျင်နေစေဦးမယ့် လူတွေဆီ ပြန်သွားချင်နေတဲ့စိတ်ကို ကျေးဇူးပြုပြီး ရပ်တန့်ပစ်လိုက်ပါတော့နော်။ နင့်ဘဝထဲမှာ သူတို့မရှိသင့်တော့ဘူးထင်လို့ နင်ကိုယ်တိုင် ဖယ်ထုတ်ပစ်ခဲ့တာမဟုတ်လား။ သူတို့ကတော့ နင့်ဘဝကို အနှောင့်အယှက်ပေးဖို့ တံခါးတွေ ဆက် ခေါက်နေကြဦးမှာပါပဲ။ ဒါပေမဲ့ တံခါးပေါက်တွေကို ပိတ်လိုက်ပါတော့နော်။ သူတို့ကို နင့်ဘဝထဲမှာ ဆက်ပြီး လက်ခံထားသမျှ နင် အခုလိုပဲ ထပ်တလဲလဲ နာကျင်ခံစားနေရဦးမှာပါပဲ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တကယ်ဆို နင်က လေးလေးစားစားဆက်ဆံခံရထိုက်တဲ့သူပါ။ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတဲ့သူပါ။

ဒါပေမဲ့ နင့်ကို နာကျင်စေချင်တဲ့သူတွေကတော့ နင့်တန်ဖိုးကို ဘယ်တော့မှ နားလည်မှာ မ ဟုတ်သလို လေးလေးစားစားလည်း ဆက်ဆံမှာမဟုတ်ပါဘူး။ ဒီလို မစစ်မှန်တဲ့သူတွေကို ဘဝထဲမှာ ဆက်လက်ခံထားခြင်းအားဖြင့် နင့်ရဲ့ပျော်ရွှင်မှုတွေနဲ့လည်း အလှမ်းဝေးနေဦးမှာပါပဲ။ အခုတောင် နင် အရမ်းနာကျင်နေရပြီလေ။

အခုတော့ ငါတိုက်တွန်းလို့ နင် သူတို့ကို စွန့်လွှတ်ခဲ့ပြီ။ လမ်းခွဲခဲ့ပြီ။ ဘဝဆိုတာ တိုတိုလေးပါ။ နင့်အပေါ် မစစ်မှန်ဘဲ နာကျင်အောင် ထိုးနှက်တိုက်ခိုက်နေသူတွေနဲ့ အချိန်မဖြုန်းပါနဲ့တော့။ သူတို့ကို လည်း နင့်ဘဝထဲမှာ ဆက်လက်ရှိနေခွင့်မပေးပါနဲ့တော့။ အပြီးအပိုင်ထွက်ခွာသွားခွင့်ပေးလိုက်ပါ။ နင့် ကို တကယ်ချစ်ပြီး တန်ဖိုးထားတဲ့ စစ်မှန်သူတွေနဲ့သာ ဘဝကို ပျော်ရွှင်အောင်တည်ဆောက်လိုက်ပါ။

ငါပြောတာကို ယုံပါနော်။ ဘာဖြစ်လို့လဲဆိုတော့ နင်နဲ့ငါ ဆိုတာ တစ်ယောက်တည်းဖြစ်တဲ့ အ တွက် နင့်အကြောင်းကို အားလုံးထက် ပိုအသိဆုံးမို့ပါ။

နင့်ကို ချစ်တဲ့ ငါ

စိတ်ဓာတ်ခွန်အားသစ်တွေမျှဝေဖို့ စာစောင်လေးကို SHARE လိုက်ပါဦးနော်။