သင့်အစ်မကို ဘာကြောင့် ကျေးဇူးတင်သင့်တာလဲ

blank
Two happy teenage students girls isolated on white

၁။ သင့်စိတ်ထဲက ဖြစ်ချင်သမျှစိတ်ကူးတိုင်းကို စိတ်တူကိုယ်တူအကောင်အထည်ဖော်ပေးတဲ့ အစ်မတစ်ယောက် သင့်မှာရှိလား။

၂။ ခဏခဏရန်ဖြစ်တတ်ပေမယ့် အရေးကြုံလာတဲ့အခါ သင့်ဘက်ကရပ်တည်ပေးတတ်တဲ့ အစ်မတစ်ယောက် သင့်မှာရှိလား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သင်ဒုက္ခမရောက်အောင် ချော့တစ်ခါခြောက်တစ်လှည့်ဆုံးမရင်း သင့်ကိုကာကွယ်ပေးတတ်တဲ့ အစ်မတစ်ယောက် သင့်မှာရှိလား။

၎။ သင့်မိဘတွေ သိလို့မရတဲ့ သင့်ရဲ့လျှို့ဝှက်ချက်တွေကို ကူညီထိန်းသိမ်းပေးတဲ့ အစ်မတစ်ယောက် သင့်မှာရှိလား။

၅။ သူ့အင်္ကျီတွေကို စိတ်ကြိုက်ယူဝတ်ခွင့်ပြုတဲ့အပြင် သင့်အတွက် ဖက်ရှင်အကြံကောင်းတွေပေးနိုင်တဲ့ အစ်မတစ်ယောက် သင့်မှာရှိလား။

၆။ သင့်ကို အမြင်ကပ်တယ်လို့ ခဏခဏပြောနေပေမယ့် စိတ်ထဲမှာ ချစ်နေသေးတဲ့ အစ်မတစ်ယောက် သင့်မှာရှိလား။

၇။ စိတ်တူကိုယ်တူရှိသလောက် အိမ်ကခိုင်းတဲ့ကိစ္စဆိုရင် တွက်ကပ်ကြသလောက် လူကြီးတွေမသိအောင် ခိုးလုပ်ရတဲ့အလုပ်တွေဆိုရင် စိတ်တူကိုယ်တူ လုပ်ကြတဲ့ အစ်မတစ်ယောက် သင့်မှာရှိလား။

ရှိတယ်ဆိုရင် သင့်အစ်မကို ကျေးဇူးတင်လိုက်ပါ။ ဘာလို့လဲဆိုတော့ သူဟာ သင့်ဘဝအတွက် ရှေ့ဆောင်လမ်းပြ အစ်မတစ်ယောက်လို ရပ်တည်ပေးသလို သူငယ်ချင်းတစ်ယောက်လိုလည်း အဖော်ပြုပေးလို့ပါ။ ပြီးတော့ သူဟာ သင့်ဘဝအတွက် အစားထိုးမရတဲ့ တစ်အူတုံဆင်း ညီအစ်မအရင်း ဖြစ်နေလို့ပေါ့။

သင့်အစ်မကို mention ခေါ်ပြီး ကျေးဇူးတင်ကြောင်းပြောလိုက်ပါ။ SHARE ဖို့လည်း မမေ့နဲ့ဦးနော်။