စာအုပ်ပေါင်း ၁ဝဝဝ ကျော်ကို ဖတ်ရှုခဲ့ပြီဖြစ်တဲ့ အသက် ၄နှစ်အရွယ် မိန်းကလေး

blank

          အသက် ၄နှစ်အရွယ်သာရှိသေးတဲ့ ကလေးမလေးတစ်ယောက်က စာအုပ်ပေါင်း ၁ဝဝဝ ကျော်ကို ဖတ်ရှုပြီးသွားပြီဆိုတာ မယုံနိုင်စရာအကြောင်းအရာတစ်ခုပါ။ ဒါပေမဲ့ ဒေလီယာ အာရာနာ (Daliyah Arana) ဆိုတဲ့ အသက် ၄နှစ်အရွယ်ကောင်မလေးကတော့ သူမရဲ့စာဖတ်ဝါသနာကြောင့် စာအုပ်ပေါင်း ၁ဝဝဝ ကျော်ကို ဖတ်ခဲ့ပါတယ်။

ဒေလီယာဟာ အသက် ၂ နှစ်မပြည့်ခင်မှာ စတင်ပြီးစာဖတ်တတ်ခဲ့ပါတယ်။ သူမရဲ့ သုံးနှစ်ပြည့်မွေးနေ့မတိုင်ခင်မှာ Ann’s Big Muffin ဆိုတဲ့စာအုပ်ကို ဖတ်ခဲ့ပြီး အဲဒီအချိန်ကစလို့ တစ်နေ့ကို စာအုပ် ၅အုပ်ကနေ ၇အုပ်ထိ ပုံမှတ်ဖတ်ရှုခဲ့ပါတယ်။ သူမနေထိုင်ရာမြို့ဖြစ်တဲ့ Gainesville၊ Georgia က စာကြည့်တိုက်ရဲ့ အသင်းဝင်ကတ်ကိုတောင် ရရှိထားပြီဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“သမီး နေ့တိုင်း စာအုပ်ဖတ်ရတာကို နှစ်သက်တယ်၊ ပြီးတော့ တခြားကလေးတွေကိုလည်း အသက်ငယ်ငယ်နဲ့ စာဖတ်တတ်အောင် သင်ပေးချင်ပါတယ်” လို့ the Gainesville Times သတင်းစာမှာ ဖြေကြားခဲ့ပါတယ်။

ဒေလီယာရဲ့ မိခင်ဖြစ်သူ ဟယ်လီမာ အာရာနာ (Haleema Arana) ဟာ သမီးဖြစ်သူရဲ့ စာဖတ်ဝါသနာကို သိသွားပြီးတဲ့နောက်မှာ သူငယ်တန်းမတက်ခင် စာအုပ် ၁ဝဝဝ ဖတ်ခိုင်းမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒေလီယာဟာ မကြာသေးခင်ကပဲ မိခင်ဖြစ်သူရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ပေးနိုင်ခဲ့ပါတယ်။

စာကြည့်တိုက်များဆိုင်ရာ ကွန်ဂရက်မှာ “သမီးလေးရဲ့ ဝါသနာကို ကျွန်မကဘာလို့ မြေတောင်မြှောက်မပေးနိုင်ရမှာလဲ။ ကျွန်မသူ့ကို ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်ကြီးဆီကို ပို့ပေးမယ်လို့တောင် စိတ်ကူးထားသေးတယ်” လို့ ဒေလီယာရဲ့ မိခင်ကပြောခဲ့ပါတယ်။ “ကျွန်မသူဖတ်ခဲ့တဲ့စာအုပ်အရေအတွက်ကို မှတ်သားထားပြီး သတင်းစာတိုက်ကို email ပို့ရာကနေ သတင်းစာတွေမှာ ဖော်ပြခံရပြီး၊ အခုလိုပွဲကြီးကို တက်ရောက်ဖို့ ဖိတ်ခေါ်ခံရတာပါ။” လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ဒေလီယာရဲ့မိခင်ဖြစ်သူ ဟယ်လီမာရဲ့ အကြီးမားဆုံးမျှော်လင့်ချက်ကတော့ ဒေလီယာရဲ့ စာဖတ်ဝါသနာပါတဲ့အကြောင်းကို အခြားကလေးတွေပါသိပြီး ကလေးတိုင်းကို စာဖတ်ဝါသနာပါလာစေချင်တာ ဖြစ်ပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။