ရည်းစားမရှိသေးတဲ့ ဂေါ်မစွံသူများအတွက် Facebook ပေါ်ရှိ အချိန်ပိုင်း ရည်းစားအငှားဝန်ဆောင်မှု။

blank

       မကြာသေးခင်အချိန်က “Coconuts Bangkok“ဆိုတဲ့ သတင်းမီဒီယာတစ်ခုမှာ ထူးဆန်းတဲ့ အချိန်ပိုင်း ဝန်ဆောင်မှုတစ်ရပ် အကြောင်းကို ဖော်ပြခဲ့ပါတယ်။

Fastwork ဆိုတဲ့ freelence website တစ်ခုမှာ Peerawit ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ ထိုင်းဘာသာစကားနဲ့ “ဖေ့ဘုတ်သုံးစွဲသူ မိန်းကလေးများအနေနဲ့ ကျွန်တော့်ကို တစ်ပတ်စာ ဖေ့ဘုတ်ချစ်သူအဖြစ် ငှားရမ်းနိုင်ပါတယ်။ အဲဒီအချိန်တစ်ပတ်အတွင်းမှာ ကျွန်တော်နဲ့ ခင်ဗျားနဲ့ relationship ချိတ်မယ်။ ခင်ဗျားတင်သမျှ ပို့စ်တွေ၊ ပုံတွေအားလုံးကို like ပေးပြီး သူငယ်ချင်းတွေ မနာလိုရလောက်အောင် ကဗျာဆန်ပြီး ရင်ခုန်စရာကောင်းတဲ့ comment လေးတွေ ပေးမယ်။ ခင်ဗျားလိုချင်တဲ့ wallpost လေးတွေကို ကျွန်တော်လာရေးပေးမယ်” လို့ ရေးသားထားပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဆက်လက်ပြီး သူ့အနေနဲ့ အိပ်ရေးပျက်ရင် အလှပျက်မှာစိုးလို့ အိပ်ရေးဝဝ အိပ်စက်ဖို့လိုကြောင်း၊ ဒါကြောင့် မနက် ၁ဝနာရီကနေ ည ၁ဝနာရီအထိပဲ ဝန်ဆောင်မှုပေးမှာဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။

အဲဒီဝန်ဆောင်မှုဟာ ဖေ့ဘုတ်ပေါ်မှာပဲ အကျုံးဝင်မှာဖြစ်ပြီး ဝန်ဆောင်ခအနေနဲ့ ထိုင်းငွေ ၂၅ဝ ဘတ် ကျသင့်မှာ ဖြစ်ပါတယ်။

အပြင်မှာ တကယ်ချိန်းတွေ့ပြီး date လုပ်ချင်တယ်ဆိုရင်တော့ ထိုင်းဘတ် ၂၅ဝဝ ကျသင့်မှာဖြစ်ပြီး ဝန်ဆောင်မှုကြာချိန်က တစ်ရက်ကို ၄နာရီနဲ့ ၃ရက်ဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ ငှားရမ်းသူရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကို ပြဖို့ ငှားရမ်းသူနဲ့ အတူတူဓာတ်ပုံတွဲရိုက်နိုင်တယ်လို့လည်း Peerawitက ပြောထားပါသေးတယ်။

ဒီဝန်ဆောင်မှုတွေ အကြောင်းကို ပြောကြားရာမှာ “ရိုးရှင်းတဲ့ ထိတွေ့မှုတွေ( ဥပမာ လက်ကိုင်တာ၊ ပုခုံးဖက်တာ)ကိုပဲ ခွင့်ပြုထားတယ်၊ မရိုးသားတဲ့အပြုအမူတွေ၊ ထိတွေ့မှုတွေကို ကျွန်တော်လက်မခံပါဘူး” လို့လည်း ရှင်းလင်းစွာ အသိပေးထားခဲ့ပါတယ်။

Peerawit ကို ချစ်သူအဖြစ် ငှားရမ်းခဲ့တဲ့ကောင်မလေးတစ်ယောက်ကလည်း “ရှင့်ကို ချစ်သူအဖြစ်ငှားရမ်းခဲ့တဲ့အတွက် အတွေ့အကြုံကောင်းတွေ ရခဲ့ပါတယ်။ ကျွန်မရဲ့ပုံတွေ၊ ပို့စ်တွေမှာလည်း ချစ်စရာcomment လေးတွေလာပေးတယ်။ အဲဒီအတွက် ရှင့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အထီးကျန်တယ်လို့ ခံစားလာရရင် ရှင့်ဆီကို ပြန်လာခဲ့မယ်” လို့ review ရေးခဲ့ပါတယ်။

ကဲ… သင့်သူငယ်ချင်းတွေထဲက ဒီဝန်ဆောင်မှုလိုအပ်တဲ့သူတွေကို mention ခေါ်လိုက်ပါဦး။