သင်မွေးဖွားတဲ့လက ပြောပြနေတဲ့သင့်အကြောင်း

blank
၁။ ဇန်နဝါရီလအတွင်းမွေးဖွားတယ်ဆိုရင်

သင်ဟာ လွတ်လပ်မှုကို မြတ်နိုးပြီး ဝေဖန်ပိုင်းခြားတတ်တယ်။ ခေါင်းဆောင်နိုင်စွမ်းရှိပြီး သြဇာ တိက္ကမနဲ့လည်းပြည့်စုံတဲ့အတွက် လူတွေက သင့်ခေါင်းဆောင်မှုနောက်ကိုလိုက်ပါဖို့ ဝန်မလေးကြပါ ဘူး။ ဒါ့အပြင် ခေါင်းမာတယ်။ ကြီးပွားလိုစိတ်ရှိတယ်။ အလေးအနက်ထားတတ်တယ်။ ကြံ့ခိုင်မှုရှိတာ၊ သင်ယူရတာတွေကို ကြိုက်တယ်။ စမတ်ကျပြီး သပ်သပ်ရပ်ရပ် နေတတ်တယ်။ သစ္စာရှိမှုကိုမြတ်နိုး တယ်။ ကလေးချစ်တတ်တယ်။ လူမှုဆက်ဆံရေးကောင်းတယ်။ ငွေကြေးကို သေချာစီမံသုံးစွဲတတ် တယ်။

၂။ ဖေဖော်ဝါရီလအတွင်း မွေးဖွားတယ်ဆိုရင်

သင်ဟာ မျှဝေခံစားတတ်သူဖြစ်တယ်။ သင့်ဘဝမှာ အချစ်အတွက် အချိန်တော်တော်များ များကို မြုပ်နှံထားပါတယ်။ တခြားသူတွေအတွက် ပျော်ရွှင်စရာတွေကို သယ်ဆောင်လာပေးတတ်ပြီး မိဘကောင်းတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့ကျတယ်။ အနုပညာခံစားမှုရှိတယ်။ ဉာဏ် ရည်ထက်မြက်ပြီး အရည်အချင်းရှိတယ်။ အပြောင်းအလဲမြန်တယ်။ ဆွဲဆောင်မှုရှိတယ်။ အတွင်းစိတ် စိတ်ကူးယဉ်ဆန်သလောက် အပြင်မှာ လက်တွေ့ကျသူဖြစ်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မတ်လအတွင်းမွေးဖွားတယ်ဆိုရင်

သင်က အခွင့်အရေးကောင်းတွေကို ရှာဖွေတတ်သူဖြစ်ပါတယ်။ ငွေကြေးအရှာအဖွေတော် သလောက် ငွေသုံးလည်းကြမ်းပါတယ်။ ကလေးဆန်တာကတော့ သင့်ကိုလူတွေချစ်ခင်ရခြင်း အ ကြောင်းရင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် သင်က ဆွဲဆောင်မှုရှိတယ်။ ချစ်ခင်ကြင်နာတတ်တယ်။ အရှက် အကြောက်ကြီးပြီး သီးသန့်နေတတ်တယ်။ သိုသိုသိပ်သိပ်နေတတ်တယ်။ ငြိမ်းချမ်းရေးကို မြတ်နိုး တယ်။ အခြားသူတွေအတွက် ယုံကြည်စိတ်ချထိုက်သူဖြစ်ပါတယ်။

၎။ ဧပြီလအတွင်းမွေးဖွားတယ်ဆိုရင်      

သင်က ဆရာလုပ်တတ်ပြီး ဆန့်ကျင်တတ်သူပေမဲ့ တီထွင်ဖန်တီးမှုစွမ်းရည်မြင့်မားတယ်။ ဉာဏ်ရည်ကောင်းတယ်။ လိုချင်တာရဖို့အတွက် ကြိုးစားမှုကို ဘယ်တော့မှမရပ်တန့်တတ်ဘူး။ ဒါ့အပြင် နိုးကြားသွက်လက်ပြီး ဆွဲဆောင်မှုရှိတယ်။ ကိုယ့်ကိုယ်ကို ချစ်တတ်တယ်။ စိတ်ဓာတ်ကြံ့ခိုင် တယ်။ အာရုံစိုက်ရတာကို ကြိုက်တယ်။ သင်အကျွမ်းကျင်ဆုံးကတော့ ပေါင်းသင်းဆက်ဆံရေးပဲဖြစ်ပါ တယ်။

၅။ မေလအတွင်းမွေးဖွားတယ်ဆိုရင်

သင့်မှာ အနုပညာအရည်အသွေးကောင်းတွေ ရှိနေပါတယ်။ သဘာဝတရားကို မြတ်နိုးပြီး တစ်ယောက်တည်းနေချင်တာက သင့်ဘဝရဲ့အဓိပ္ပာယ်ပါပဲ။ သင်က ခေါင်းမာတတ်ပြီး တော်ရုံနဲ့ မချစ်တတ်ပါဘူး။ ဒါ့အပြင် စိတ်ဓာတ်ကြံ့ခိုင်ပြီး တက်ကြွတယ်။ ချွန်ထွက် တွေးခေါ်တတ်တယ်။ တခြားသူတွေကို ဆွဲဆောင်နိုင်ပြီး အာရုံစိုက်ရတာကို ကြိုက်တယ်။ နက်နက်ရှိုင်းရှိုင်းခံစားတတ်တယ်။ အမြဲ လှုပ်လှုပ်ရှားရှားနေတတ်တယ်။ ကလေးအများကြီးမယူဘူး။ အလုပ်ကြိုးစားတယ်။ ထက်သန် ပြင်းပြတဲ့ဆန္ဒရှိပြီး အချိန်ကို ချွေတာတတ်သူလည်း ဖြစ်ပါတယ်။

၆။ ဇွန်လအတွင်းမွေးဖွားတယ်ဆိုရင်

သင်ဟာ သိပ်ချစ်တတ်ပြီး သင်ချစ်တဲ့သူတွေအပေါ်လည်း သဝန်တိုတတ်သူပါ။ အချစ်နဲ့ပတ် သက်လာရင် စိတ်ကူးယဉ်ဆန်တတ်ပြီး သိပ်ကောင်းတဲ့ချစ်သူဖြစ်ပါတယ်။ အဝေးကိုကြိုတွေးတတ် တယ်။ ကြင်နာတရားကြီးမားတယ်။ ဖော်ရွေတယ်။ စိတ်ထိခိုက်လွယ်တယ်။ တစ်ခါတရံ စိတ်လှုပ်ရှား ထိခိုက်မှုကို ဖော်ပြတတ်တယ်။ နာကျင်တဲ့အခါ စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူကုစားတတ်ပါတယ်။

၇။ ဇူလိုင်လအတွင်းမွေးဖွားတယ်ဆိုရင်

        သင်က သစ္စာရှိတယ်။ ဘွင်းဘွင်းရှင်းရှင်းပြောတတ်တယ်။ ကြင်နာတတ်တယ်။ ဉာဏ်ရည် ထက်မြက်တယ်။ ဒါပေမဲ့ စိတ်ထိခိုက်လွယ်ပြီး စိတ်ဓာတ်ကျလွယ်တယ်။ ပျော်ရွှင်တတ်တယ်။ သိုသို သိပ်သိပ်နေတတ်တဲ့အတွက် တစ်ခါတရံနားလည်ဖို့ ခက်ခဲတယ်။ ကိုယ်ပိုင်မာနရှိတယ်။ တစ်ယောက် တည်းနေရတာကို ကြိုက်တယ်။ တစ်ဖက်သားကို လွယ်လွယ်နဲ့မခင်တတ်ဘူး။ နာကျင်လွယ်သ လောက် ပြန်လည်ထူမတ်လွယ်သူလည်း ဖြစ်ပါတယ်။

၈။ သြဂုတ်လအတွင်းမွေးဖွားတယ်ဆိုရင်

သင်က ချစ်တတ်တယ်။ အိမ်ထောင်ရေးကို တန်ဖိုးထားတယ်။ လူတိုင်းအပေါ်အကောင်းမြင်ဖို့ ကြိုးစားတတ်တယ်။ ငွေကြေးအရှာအဖွေ တော်ပြီး ရယ်စရာဟာသတွေကို ကြိုက်တယ်။ ဆွဲဆောင်မှု ရှိတယ်။ ပျူငှာမှုရှိတယ်။ ဂရုစိုက်တတ် တယ်။ ရဲရင့်ပြီး အကြောက်တရားမဲ့တယ်။ ကြံ့ခိုင်ပြီး ခေါင်း ဆောင်မှု အရည်အသွေးရှိတယ်။ ဒါ့အပြင် တခြားသူတွေကို ဘယ်လိုနှစ်သိမ့်ပေးရမယ်ဆိုတာကိုသိ တယ်။ ပေးကမ်းစွန့်ကြဲတတ်တယ်။ အတ္တနည်းနည်းကြီးတယ်။ သူငယ်ချင်းတွေကိုတော့ ခင်တွယ် တတ်ပါတယ်။

၉။ စက်တင်ဘာလအတွင်းမွေးဖွားတယ်ဆိုရင်

သင်ဟာ ဘဝတလျှောက်မှာ ပုံစံမျိုးစုံနဲ့ကျင်လည်ရတယ်။ ဉာဏ်ကောင်းပေမဲ့ အခြေအနေ တိုင်းကို  အလွန်အမင်းအာရုံစိုက်လွန်းတဲ့အကျင့်က သင့်အတွက် တစ်ခါတရံစိတ်ညစ်စရာပါ။ ဆက် ဆံရေးချေငံပျူငှာပြီး ညှိနှိုင်းဖို့လွယ်ကူတယ်။ ဂရုစိုက်တတ်တယ်။ နိုးကြားတယ်။ စေ့စပ်သေချာပြီး စနစ်ကျတယ်။ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တယ်။ လူအများနဲ့ စကားပြောတဲ့အခါ သက်တောင့် သက်သာရှိတယ်။ တည်ငြိမ်တယ်။ ကြင်နာတတ်တယ်။ ဇီဇာနည်းနည်း ကြောင်တယ်။ အထူးသဖြင့် အချစ်ရေးမှာ ပိုပြီး ဇီဇာကြောင်တတ်ပါတယ်။

၁ဝ။ အောက်တိုဘာလအတွင်းမွေးဖွားတယ်ဆိုရင်

သင်ဟာ အမြဲကံကောင်းလေ့ရှိသူပါ။ တစ်ခုခုကို ရည်ရွယ်လိုက်ရင် အောင်မြင်တာများပါတယ်။ အလုပ်ထဲမှာလည်း စွမ်းဆောင်ရည်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ စကားပြောရတာကို ကြိုက်တယ်။ ချစ်ခင်သူတွေနဲ့ နွေးနွေးထွေးထွေးရှိရတာကို ကြိုက်တယ်။ သမာသမတ်ရှိတယ်။ စိတ် နေသဘောထားပျော့ပျောင်းပေမဲ့ တစ်ခါတရံ ဒေါသထွက်ရင် သူများနဲ့မတူပါဘူး။ ဒါ့အပြင် သင်က  ကလေးအရမ်းချစ်တတ်ပါတယ်။

၁၁။ နိုဝင်ဘာလအတွင်းမွေးဖွားတယ်ဆိုရင်

သင်က မျှဝေခံစားပေးတတ်တယ်။ အကောင်းမြင်တတ်တယ်။ တခြားသူတွေအတွက် နမူနာ ယူစရာလူဖြစ်ပြီး ဆရာကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ စိတ်ကူးတွေအများကြီးရှိပါတယ်။ ရှေ့ ရေးကို ကြိုတွေးတတ်တယ်။ တောက်ပမှုတွေနဲ့ ပြိုင်ဘက်ကင်းတယ်။ စိတ်ကူးကောင်းတယ်။ အသစ် တွေကို စဉ်းစားတတ်တယ်။ အချစ်ရေးမှာ မရေရာမသေချာဘဲ စိတ်ကူးယဉ်မှုကို ဦးစားပေးတတ်ပါ တယ်။ အိမ်ကိုခင်တွယ်တတ်ပြီး အလုပ်ကြိုးစားတယ်။ မြင့်မားတဲ့စွမ်းရည်ရှိပါတယ်။

၁၂။ ဒီဇင်ဘာလအတွင်းမွေးဖွားတယ်ဆိုရင်

သင်က သက်တောင့်သက်သာနေရတဲ့ဘဝပုံစံကို တန်ဖိုးထားပြီး လက်တွေ့ကျတဲ့တွေးခေါ်ပ ညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သင်က ကံမကောင်းတာများပေမဲ့ အချစ်နဲ့ချမ်းသာခြင်းကို လွယ်ကူ စွာ တွေ့တတ်ပါတယ်။ သစ္စာရှိတယ်။ သဘောထားကြီးတယ်။ မျိုးချစ်စိတ်ရှိတယ်။ စိတ်မရှည်တတ် ဘူး။ ကြီးပွားလိုစိတ်ရှိတယ်။ ဒါ့အပြင် မာနကြီးပြီး ကန့်သတ်ချက်တွေကို မနှစ်သက်တဲ့သူဖြစ်ပါတယ်။