နာတာလီယာဂရေ့စ်(Natalia Grace) ပြောတဲ့ အဖိုးတန်ဘဝနေနည်း ဥပဒေသများ

blank

          နာတာလီယာ ဂရေစ့် (Natalia Grace) ဆိုတာ စိတ်ပညာရှင် စာရေးဆရာမတစ်ဦးပါ။ သူမဟာ ဘဝနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံတွေကို လေ့လာဆန်းစစ်ပြီး ဘဝအတွက် အသုံးဝင်မယ့် စာပေတွေကို ရေးသားလျက်ရှိပါတယ်။ သူမရဲ့ စာတွေက ကျွန်မတို့ဘဝတွေကို ပိုမိုသန်မာစေပြီး အတွေးအခေါ်တွေကို ပိုမိုရင့်သန်စေခဲ့ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့အချက်လေးတွေကတော့ သူမပြောခဲ့သမျှထဲက ဘဝအတွက် အရေးကြီးတဲ့ အတွေးအမြင်ကောင်းလေးတွေပဲဖြစ်ပါတယ်။

၁။ နှစ်တိုင်း ကောင်းမှုကုသိုလ်အကြီးကြီး တစ်ခု လုပ်ပေမဲ့ နေ့စဉ်ဘဝရဲ့ မကောင်းမှုသေးသေးလေးတွေကြောင့် မကောင်းတဲ့လူအဖြစ် အထင်ခံရတတ်တယ်။

၂။ ကြုံတွေ့လာရမယ့် ဆုံးရှုံးမှုတွေကို ဘယ်လိုနည်းလမ်းနဲ့မှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဆုံးရှုံးမှုတွေကို လက်ခံပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်ခြင်းက သင်လုပ်နိုင်တဲ့ အကောင်းဆုံးလုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။  “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့သဘောကို နားလည်ပါ။ ဥပမာ သင်ပြောတဲ့စကားတွေကို လူတွေ စိတ်ဝင်တစားနားထောင်စေချင်ရင် သူတို့ငြီးငွေ့မသွားခင်အချိန်မှာ စကားစဖြတ်လိုက်ပါ။

၎။ မြင်းတစ်ကောင်တည်းဆိုရင် ၃ တန်အလေးချိန်ကို သယ်နိုင်တယ်။ ဒါပေမဲ့ မြင်းနှစ်ကောင်ဆွဲတဲ့ လှည်းကတော့ ၁၅ တန်အလေးချိန်ကို သယ်နိုင်တယ်။ ဒါကြောင့် အခက်အခဲကြုံလာရင် တစ်ယောက်တည်းဖြေရှင်းတာထက် အများနဲ့အတူ ဝိုင်းဝန်းဖြေရှင်းပါ။

၅။ အချိန်ကို အတိအကျ သတ်မှတ်ပါ။ ဥပမာ “နောက်မှ ဖုန်းပြန်ဆက်လိုက်မယ်” ဆိုတဲ့စကားနဲ့ “မနက်ဖန် မနက် ၁ဝနာရီမှာ ဖုန်းပြန်ခေါ်မယ်”ဆိုတဲ့ စကားမှာ ဘယ်စကားက ပိုတိကျသေချာသလဲ။ အဲဒီလိုပဲ သူတစ်ပါးကို အချိန်တိကျစေချင်ရင် ကိုယ်ကလည်း အချိန်ကို အတိအကျဖော်ပြဖို့ အရေးကြီးပါတယ်။

၆။ မြေဆီလွှာတွေတောင် တစ်ရာသီမှာ တစ်ခါ ပြန်လည် ထွန်ယက်ရသေးတာပဲ။ ဦးနှောက်ကိုလည်း အလုပ်တစ်ခုပြီးတိုင်းပြီးတိုင်းမှာ ပြန်လည် ကောင်းမွန်အောင် ရှင်းလင်းအနားပေးသင့်ပါတယ်။

၇။ လောကမှာ ပြီးပြည့်စုံတဲ့အရာမရှိပေမဲ့ ပြီးပြည့်စုံတဲ့အချိန်တော့ရှိပါတယ်။ ဥပမာ – ပြဿနာတစ်ခုကို ရှင်းမရလို့ အခက်ကြုံနေချိန် အဲဒီပြဿနာကို ကောင်းကောင်းကိုင်တွယ်နိုင်တဲ့သူက ဝင်ရောက်ဖြေရှင်းပေးသွားတဲ့ အချိန်လိုမျိုးပေါ့။

၈။ အကောင်းဆုံးတွေဆိုတာ တစ်ပြိုင်နက်တည်း ဖြစ်မလာပါဘူး။ ဥပမာ- ရုပ်ချောတယ်၊ အပြောကောင်းတယ်၊ ဥစ္စာပေါတယ်၊ ပညာတော်တယ်၊ ကြင်နာယုယတတ်တယ်၊ အလုပ်မှာလည်း ထူးချွန်တယ်၊ ကျန်းမာရေးကောင်းပြီး ချိုချိုသာသာဆက်ဆံတတ်တယ် စတဲ့ အရည်အချင်းတွေအားလုံးကို တစ်ယောက်တည်းမှာ မတွေ့နိုင်ဘူးလေ။

၉။ လူတစ်ယောက်ရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်ခုလုံးကို သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ လွှမ်းမိုးမှုတွေအတိုင်း ရှင်သန်သွားရတတ်တယ်။

၁ဝ။ ထူးချွန်ထက်မြက်တဲ့သူတွေမှာ သူတို့ကို အားကျလေးစားသူတွေရှိသလို သူတို့ကို မလိုမုန်းထားသူတွေလည်း ရှိနေတတ်ကြပါတယ်။

၁၁။ လူနှစ်ဦးကြားကဆက်ဆံရေးကို အမှတ်တရတွေက ဖန်တီးပေးတယ်။ ချစ်ခင်သူတွေကြားမှာ အမှတ်တရကောင်းတွေ ရှိနေခဲ့သလို ရန်လိုမုန်းတီးနေသူတွေကြားမှာလည်း မကောင်းတဲ့အမှတ်တရတွေ ရှိနေပါတယ်။

၁၂။ သင်ချစ်ရသူတွေထဲက ဘယ်သူ့ကိုမှ သင်မပိုင်ပါဘူး။ သူတို့ဟာ အသက်ရှင်ရက်ဖြစ်စေ၊ သေသွားလို့ပဲဖြစ်စေ သင့်နားကနေ တစ်ချိန်ချိန်မှာ မုချထွက်သွားမှာပါ။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။