နိုင်ငံကြီးသားပီသလိုသူတိုင်း လိုက်နာသင့်တဲ့ ထမင်းစားပွဲဆိုင်ရာအပြုအမူများ

blank

သူတစ်ပါးအိမ်မှာ ထမင်းစားဖိတ်လို့ သွားရောက်စားသောက်တဲ့အခါ ဘာဟင်းနဲ့စားခဲ့လဲ ဆိုတာထက် ဘယ်လိုစားခဲ့လဲဆိုတာ ပိုပြီးအရေးပါပါတယ်။ ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံ၊ အပြုအမူတွေက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သလို အပြုအမူမှားသွားခဲ့ရင်လည်း လူအထင်သေးစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအတွက် သူတစ်ပါးအိမ်မှာ သွားရောက်ထမင်းစားတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ချိန်းဆိုထားတဲ့အချိန်ရောက်အောင် သွားပါ။ နောက်ကျတတ်တဲ့သူကို ဘယ်သူကမှ အထင်မကြီးတတ်ပါဘူး။

၂။ ထမင်းစားနေချိန်မှာ ဇွန်းသံပန်းကန်သံမထွက်အောင် တတ်နိုင်သလောက် ဂရုပြုပါ။

၃။ ကိုယ့်အတွက် သတ်မှတ်ပေးထားတဲ့ ဇွန်း၊ ခက်ရင်း၊ ခွက်တွေကိုသာ အသုံးပြုပါ။

၎။ အသားတွေကို လှီးဖြတ်တဲ့အခါ ခရင်းကို ဘယ်ဘက်လက်ကကိုင်ပြီး အသားတုံးကို ထိန်းထားပါ။ ဓားကို ညာဘက်လက်နဲ့ကိုင်ပြီး လှီးဖြတ်ပါ။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ဘူဖေးစတိုင် စားသောက်ပွဲတွေမှာ ပန်းကန်ထဲကို အစားအသောက်တွေ အများကြီးထည့်ပြီးယူတာမျိုး မလုပ်ပါနဲ့။ သင့်တော်သလောက်ပဲ ထည့်ပြီး ဗိုက်မဝသေးဘူးဆိုမှ ထပ်ယူပါ။

၆။ ကိုယ်ပိုင်ပစ္စည်းတွေ၊ ပိုက်ဆံအိတ်တွေ၊ ဖုန်းတွေကို ထမင်းစားစားပွဲပေါ်မှာ တင်မထားမိအောင် သတိပြုပါ။

၇။ နှာချေချင်တယ်ဆိုရင် သန့်စင်ခန်း (သို့) အခန်းအပြင်ထွက်ပြီးမှ နှာချေပါ။

၈။ ထမင်းစားနေစဉ်မှာ ဖုန်းသုံးခြင်းကို ရှောင်ကြဉ်ပါ။

၉။ ထမင်းစားစားပွဲမှာ မထိုင်ခင် လက်ကို စင်ကြယ်အောင် အရင်ဆေးပါ။

၁ဝ။ ထမင်းပွဲမှာ ကိုယ်နဲ့ မတည့်တဲ့အစားအစာပါနေရင် မတည့်တဲ့အကြောင်းကို သေသေချာချာရှင်းပြပြီး ကျန်တဲ့အစားအစာတွေကို စားပါ။

၁၁။ စကားပြောချင်တယ်ဆိုရင် ပါးစပ်ထဲကအစားအစာတွေကို အရင်ဆုံးကုန်အောင်စားပြီးမှ ပြောပါ။ ပလုတ်ပလောင်းနဲ့ စကားမပြောပါနဲ့။

၁၂။ အခြားသူတစ်ယောက်ကို စကားပြောစေချင်တယ်ဆိုရင်လည်း သူ့ပါးစပ်ထဲမှာ အစာမရှိတော့တဲ့အထိ အချိန်ပေးပြီးစောင့်ပေးပါ။

၁၃။ ကိုယ်လိုချင်တဲ့ ဟင်းပွဲက လက်လှမ်းမမီဘူးဆိုရင်တောင် မတ်တပ်ထယူတာမျိုးမလုပ်ဘဲ အနီးနားကလူတွေကို လက်ဆင့်ကမ်းပေးဖို့ တောင်းဆိုပါ။

၁၄။ ထမင်းစားနေတုန်း အကြောင်းကိစ္စတစ်ခုခုကြောင့် ခဏ ထသွားရတယ်ဆိုရင် ထိုင်ခုံပေါ်မှာ လက်သုတ်ပုဝါကို တင်ခဲ့ပါ။

၁၅။ ထမင်းစားပြီးတဲ့အခါမှာလည်း ဇွန်း၊ ခက်ရင်းကို ပန်းကန်ပြားပေါ်မှာ ပုံစံတကျ သေသပ်စွာထားပါ။

မှတ်သားစရာစာစောင်လေးကို SHARE လိုက်ပါ။